မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အရှေ့တီမော အစိုးရက အတိအလင်း စစ်ကောင်သီကိုဆန့်ကျင် ရပ်တည်ပြခဲ့တဲ့နောက် မြန်မာ စစ်ခေါင်းဆောင်တွေက တီမော သံအမတ်နဲ့ သံအရာရှိတွေကိုနိုင်ငံကနေနှင်ထုတ်လိုက်ပါတယ်။အရှေ့တီမောဟာစစ်ကောင်စီကမြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် အတိအလင်း...
Read moreDetailsမန္တလေးမြို့မှာ မျက်စိအထူးကု ဆရာဝန်ကြီး နဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်နဲ့ ဆေးခန်းကိုပါချိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။ဆရာဝန်ကြီးရဲ့ ဇနီးဟာ အဝေးသင်တက္ကသိုလ် တွဲဖက်ပါမောက္ခဖြစ်ပြီးCDMပြုလုပ်ထားပါ။စစ်တပ်ကိုထောက်ခံအားပေးရေးသားနေတဲ့လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ ဆရာဝန်ကြီး မိသားစု ဟာ PDF ကိုထောက်ပံ့အားပေးလို့ဖမ်းဆီးတာလို့ စွပ်စွဲထားပါတယ်။ပီးခဲ့တဲ့ရက်တွေကလဲမန္တလေးမြို့စာရေးကိရိယာအရောင်းဆိုင်တစ်ခုကဆိုင်ပိုင်ရှင်ညီအမတွေကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးသွားပြီးနေအိမ်ကိုပါချိတ်ပိတ်သွားပါသေးတယ်။သူတို့ကိုတော့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်တဲ့စာတွေရေးသားမှုကြောင့်ဆိုပြီးဖမ်းဆီးသွားတာပါ။ဒါတွေဟာလဲခန့်မှန်းပြောဆိုချက်တွေသာဖြစ်ပြီးဖမ်းဆီးခံရတဲ့အဖြစ်မှန်ကိုဘယ်သူမှမသိကြပါဘူး။တနိုင်ငံလုံးမှာထိုဖြစ်စဉ်မျိုးအများအပြားရှိနေပါသေးတယ်။စစ်ကောင်စီဟာငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ပြည်သူတွေကိုမထင်ရင်မထင်သလိုအကြောင်းပြချက်မရှိဖမ်းဆီးနေကျပါ။
Read moreDetailsစစ်ကောင်စီလေတပ်အတွက်လေယာဉ်ဆီတွေကိုပိတ်ဆို့လိုက်ချိန်မှာပဲNUGMODကတိုင်းနှင့်ပြည်နယ်အသီးသီးကို ဒရုန်းအစင်းရေ ၄၀၀ကျော် ဖြန့်ကျက် ပို့ဆောင်ထားကြောင်းထုတ်ပြန်လိုက်တယ်။ ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာထောက်ပံပေးထားတာဖြစ်ပြီးထိုဒရုန်းများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း အသိပေးထားတယ်။ဒါ့အပြင်တော်လှန်ရေးအဖွဲ့အစည်းများက သီးခြားအစီအစဉ်ဖြင့် အကောင်အထည်ဖော်နေတဲ့ဒရုန်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး...
Read moreDetailsအမေရိကန်က လေယာဉ်ဆီကို မြန်မာပြည်ကို မရောင်းရေး ပိတ်ဆို့မှုဟာ မကြာခင် လေယာဉ်ဆီ ကုန်လာတော့မယ့်အချိန်ရောက်ရင်အတော်သိသာလာလိမ့်မယ်။အခုဆိုရင်နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့PUMA ကနေ လက်လွှဲယူထားတဲ့ ခရိုနီ ၂ ယောက်ကို နာမည်တပ် အရေးယူရုံမက သူတို့ရဲ့ ကုမ္ပဏီ ၃ ခုကိုလည်း ပိတ်လိုက်တယ်။...
Read moreDetailsစစ်ကောင်စီတပ်ရဲ့လေယာဉ်ဆီတင်သွင်းမှုလမ်းကြောင်းတွေကိုအမေရိကန်ပစ်မှတ်ထားအရေးယူဒဏ်ခတ်လို့အသိပေးလိုက်ပြီ။တော်လှန်ရေးအဖွဲ့တွေဆက်တိုက်တောင်းဆိုလာတဲ့ကိစ္စတစ်ခုကတော့တစိတ်တပိုင်းအကောင်အထည်ပေါ်လာပြီပေါ့။အခုလေယာဉ်ဆီ တင်သွင်းမှု အရေးယူ ပိတ်ဆို့မှုဟာ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှု အင်အားကို အသည်းအသန် မှီခိုနေရတဲ့ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာမှာပါ။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီကို လောင်စာဆီတွေ...
Read moreDetailsမြဝတီမြို့အနီးလက်ခက်တောင်ကိုKNUကတိုက်ခိုက်သိမ်းပိုက်ထားတာတစ်လပြည့်သွားပါပြီ။ဒီတလအတွင်းမှာထိုနေရာကိုပြန်ရဖို့စစ်ကောင်စီတပ်တွေ၁၀ကြိမ်ထက်မနည်းထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်တောင်ခြေနားတောင်မကပ်နိုင်သေးပါဘူး။စစ်ကောင်စီတပ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်တောင်ပေါ်ကသာသနိကအဆောက်အအုံအတော်များများလဲပျက်စီးသွားပြီ။စစ်တပ်လော်ဘီရပ်ကွက်မှာတော့လက်ခက်တောင်ကိုဒီနေ့ရမယ်၊မနက်ဖြန်ရမယ်ဆိုပြီးပြောဆိုနေကြပေမယ့်လက်တွေ့မြေပြင်မှာတော့စစ်တပ်ဖက်သာအကျအဆုံးများလျက်ရှိတယ်။ စစ်တပ်ထဲကလာတဲ့သတင်းအရင်းအမြစ်တစ်ခုအရကရင်နီနဲ့ကရင်ပြည်နယ်ကစစ်ဆင်ရေးတွေကိုနေပြည်တော်ကမင်းအောင်လှိုင်လူယုံဗိုလ်ချုပ်ကြီးတစ်ဦးကတိုက်ရိုက်ကိုင်တွယ်နေတယ်လို့သိရတယ်။ဒါကြောင့်အခုနောက်ပိုင်းမှာလက်နက်အင်အားနဲ့လေကြောင်းပစ်ကူကိုအဆမတန်သုံးလာတာတွေ့ရတယ်။ဒီလိုအခြေအနေမျိုးမှာလက်ခက်တောင်ကိုတလကျော်ထိန်းထားနိုင်တာဂုဏ်ယူစရာတစ်ခုပဲ။
Read moreDetailsကရင်နီပြည်နယ်ထဲမှာဒီလထဲတိုက်ပွဲတွေမှာစစ်ခွေး၇၀ကောင်ခန့်သေဆုံးသွားတယ်လို့ကရင်နီတော်လှန်ရေးအင်အားစုတွေကသတင်းထုတ်ပြန်လိုက်တယ်။ကရင်နီပြည်နယ်ထဲမှာတော့တိုက်ပွဲတွေနေ့စဉ်မပြတ်ရှိနေပြီးစစ်တပ်ကပြည်နယ်တွင်းလမ်းမကြီးတွေကိုထိန်းချုပ်ဖို့ကြိုးစားနေဆဲပဲ။တိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်ကကျဆုံးမှုများတဲ့အပြင်လက်နက်ခဲယမ်းတွေလဲအများအပြားသိမ်းဆည်းရမိထားတယ်။တိုက်ပွဲတစ်ခုကိုသိန်းထောင်ကျော်ဖိုးခန့်အထိသိမ်းဆည်းရမှုတွေရှိနေတာကြောင့်ကရင်နီတော်လှန်ရေးအဖွဲ့တွေကိုလက်နက်ထောက်ပံတာပြည်သူတွေမဟုတ်ပဲစစ်ခွေးတွေလို့ပြောလို့ရတဲ့အထိပဲ။စစ်ကောင်စီအနေနဲ့ဘယ်လိုပဲကြိုးစားပါစေကရင်နီပြည်နယ်ကိုပြန်ရဖို့မဖြစ်နိုင်တော့ပါဘူး။
Read moreDetailsစစ်ကောင်စီကတော့ဒေါ်လာအမှန်တကယ်ပြတ်လပ်နေပြီထင်တယ်။မနေ့ကကျင်းပတဲ့ကုန်သည်ကြီးများတွေ့ဆုံပွဲမှာပြည်သူတွေလက်ထဲမှာတရားမဝင်ဒေါ်လာကိုင်ထားရင်ထောင်ချမယ်လို့ခြိမ်းခြောက်လိုက်တယ်။ဒါအပြင်လုပ်ငန်းတွေကိုလဲပို့ကုန်ရငွေဒေါ်လာတွေကိုအပြည့်အဝပြန်အပ်ဖို့နဲ့မအပ်ရင်တရားစွဲမယ်လို့ခြိမ်းခြောက်သေးတယ်။ကုန်သည်တွေလက်ထဲမှာဒေါ်လာ၂ဘီလီယံလောက်ပြန်အပ်ဖို့ရှိသေးတယ်လို့လဲစွပ်စွဲလိုက်တယ်။ပြည်သူတွေလက်ထဲမှာဒေါ်လာတွေရှိနေသေးတာသိတဲ့စစ်ကောင်စီဟာထိုငွေတွေသူတို့ဆီဝင်လာအောင်မရမကညစ်ထုတ်နေတာပဲ။သူတို့ဘယ်လိုပဲခြိမ်းခြောက်ပါစေသိပ်တော့ထူးမယ်မထင်ဘူး။ဒီလိုဖြစ်နေရတာလဲနိုင်ငံတကာကတရစ်ချင်းဆီသူတို့လည်ပင်းကိုညစ်လာလို့ပဲ။ဒါကြောင့်အရူးမီးဝိုင်းပြီးကြံမိကြံရာကြံနေတယ်။ စစ်ကောင်စီကဒေါ်လာကိုင်ထားရင်ထောင်ချမယ်လို့ခြိမ်းခြောက်နေချိန်မှာNUGနွေဦးဘဏ်ကသူတို့ဆီမှာလုံခြုံစိတ်ချစွာအပ်နှံနိုင်ကြောင်းကြေငြာလိုက်တယ်။NUGကအခွင့်အရေးကိုအမိအရဆုပ်ကိုင်နိုင်ဖို့ကြိုးစားနေပေမယ့်သူတို့ဘက်မှာလဲအဆင်သင့်မဖြစ်သေးဘူး။နွေဦးဘဏ်ဟာအခုမှအစပဲရှိသေးတယ်။လူတိုင်းကိုအကောင့်မဖွင့်ပေးနိုင်သေးဘူး။ဒီလကုန်မှအမှန်တကယ်စပြီးလည်ပတ်မယ်လို့သိရတယ်။
Read moreDetailsနေပြည်တော်တွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်စကျင်ကျောက်ထိုင်တော်မူရုပ်ပွားတော်ဘုရားတစ်ဆူတည်ထားကိုးကွယ်ထားတယ်။သူမပြုတ်ခင်သူတည်ခဲ့တဲ့ဘုရားဆိုပြီးအမှတ်တရပုံစံပေါ့။ခက်တာကသူတည်ထားတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွား တော်ကို ၀င်ရောက်ဖူးမျှော်ရန် သတ်မှတ်၀င်ကြေးကောက်ခံနေတယ်။ အဆိုပါရုပ်ပွားတော်ကို ဩဂုတ်လ ၂၀ ရက်မှစတင်ပြီး သတ်မှတ်၀င် ကြေးနှုန်းထားများ အတိုင်း ကောက် ယူသွားမည်ဟု စစ်ကောင်စီကကြေငြာတယ်။ဝင်ကြေးကလူကြီးကလေးတစ်ဦးလျှင်၁၀၀၀ကျပ်၊နိုင်ငံခြားသားတစ်ဦးလျှင်၁၀ဒေါ်လာတဲ့။ဒါ့အပြင်တခြားအခွန်တွေလဲကောက်သေးတယ်။ဖုန်းကင်မရာတစ်လုံးကို၅၀၀၀၊ကားဝင်ခွင့်က၂၀၀၀၀တဲ့။ဗုဒ္ဓဘာသာဝင်တွေငွေကြေးမတတ်နိုင်သူတွေကုသိုလ်လိုချင်ရင်အိမ်ကဘုရားဖူးဒီမှာလာမဖူးနဲ့လို့ဆိုသလိုပဲ။ စစ်ခေါင်းဆောင်ဟာစီးပွားဖြစ်ဘုရားတည်ထားသလိုပဲ။မျောက်ပြဆန်တောင်းဆိုတာပဲကြားဖူးတယ်။အခုကြတော့ဘုရားပြပိုက်ဆံတောင်း” ဆိုတာကို သူ လုပ်လိုက်တာပဲ။ ပိုက်ဆံမတတ်နိုင်သူတွေတစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေ၊လက်ထဲမှာအပိုဝင်ငွေမရှိတဲ့လက်လုပ်လက်စားတွေမလာနဲ့ပေါ့။နဂိုကတည်းကပြည်သူကိုဗဟိုမပြုတဲ့စစ်ခေါင်းဆောင်ဟာသူတည်တဲ့ဘုရားကိုလည်းပြည်သူအပေါ်ဗဟိုမပြုခိုင်းဘူးဆိုတာပေါ်လွင်စေတယ်။ရွှေတိဂုံလိုတန်ခိုးအရာကြီးမားပါတယ်ဆိုတဲ့ဘုရားတောင်ပြည်သူဆီကပိုက်ဆံမတောင်းပါဘူး။စစ်ခေါင်းဆောင်တည်ထားတဲ့ဘုရားဟာမြန်မာပြည်မှာပထမဆုံးဝင်ကြေးကောက်တဲ့ဘုရားအဖြစ်မှတ်တမ်းဝင်သွားပါပြီ။
Read moreDetailsစစ်ကိုင်းတိုင်း၊ခင်ဦးမြို့ မှာမူးရူးသောက်သားထားတဲ့ စစ်အုပ်စုက အကြမ်းဖက် ပစ်ခတ်စီးနင်း ဝင်မွှေရာ အသက်သုံးနှစ်အရွယ် အမွှာပူး ကလေးငယ်တစ်ဦး သေနတ်မှန် သေဆုံးပြီးနောက် ကျန်ရစ်တဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူကိုဖမ်းခေါ်သွားကာလက်နက်တွေနဲ့အတူဖမ်းမိတယ်လို့စစ်အုပ်စုကလုပ်ကြံသတင်းဖြန့်ထားပါတယ်။ အမွှာပူးကလေးနှစ်ယောက်မှာအကြီးလေး သေတာဖြစ်ပြီး အလောင်းရော သယ်သွားပြီး အငယ်လေးကိုလည်း စစ်တပ်က...
Read moreDetailsYou can copy without credits to our site. We Need Freedom.