အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၀၇၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကရင်နီပြည် ၊ဒီး​မော့ဆိုမြို့နယ် ရှိ စစ်​ဘေး​ရှောင်က​လေးငယ်များတက်​ရောက်ပညာသင်ကြား​နေသည့် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို မနေ့ကမနက်(၁၀)နာရီဝန်းကျင်ခန့်က စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ‌ကြဲချခဲ့တာကြောင့် ကလေးငယ် ကျား (၄)ဦး သေဆုံးခဲ့ရပြီး ၊...

Read moreDetails

ဖေဖော်ဝါရီ ၀၆၊ ၂၀၂၄။ (အင်္ဂါ)

ရခိုင်ပြည်နယ်ထဲကတိုက်ပွဲတွေအတွင်းမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ပါတယ်။တောတွင်းတနေရာမှာပျက်ကျနေတဲ့ရဟတ်ယာဉ်နဲ့ရိုက်ထားတဲ့အေအေစစ်သားတွေရဲ့ဓတ်ပုံကိုအေအေကထုတ်ပြန်ထားတယ်။ထိုရဟတ်ယာဉ်မှာပလက်ဝဒေသတိုက်ပွဲတွေမှာအေအေကပစ်ချနိုင်လိုက်တာလို့သိရတယ်။ဒါ့ကြောင့်စစ်ကောင်စီရဲ့လေတပ်ရဲ့တိုက်လေယာဉ်နဲ့ရဟတ်ယာဉ်တွေကိုပစ်ချနိုင်တဲ့အဖွဲ့တွေထဲမှာရခိုင်ကအေအေတပ်တော်ပါဝင်လာတယ်။ တကယ်တော့၂၀၂၄ဟာစစ်ကောင်စီလေတပ်အတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောလို့ရတယ်။ဒီနှစ်ဆန်းမှာတင်လေတပ်ရဲ့လေယာဉ်ရဟတ်ယာဉ်ငါးစီးခန့်ပျက်ကျသို့မဟုတ်ဖျက်ချခြင်းခံလိုက်ရတယ်။ဇန်နဝါရီလ၃ရက်နေ့မှာပဲကချင်ပြည်နယ်မှာရဟတ်ယာဉ်တစ်စီး၊ပြီးတော့ရှမ်းမြောက်နမ့်ဖက်ကာမှာတိုက်လေယာဉ်တစ်စီး၊အိန္ဒိယမှာထွက်ပြေးသွားတဲ့စစ်သူပုန်တွေကိုသွားကြိုတဲ့လေယာဉ်တစ်စီးလဲသုံးပိုင်းကျိုးသွားသေးတယ်။မကြာသေးခင်ကပဲကရင်ပြည်နယ်မှာVIPရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရသေးတယ်။အခုလဲအေအေကတစ်စီးပစ်ချထားတယ်။နွေဦးတော်လှန်ရေးကာလအတွင်းပျက်ကျပစ်ချခံလိုက်ရတဲ့အရေအတွက်တွေပါထည့်ပေါင်းမယ်ဆိုရင်စစ်ကောင်စီဘက်ကဆုံးရှုံးသွားတာ၁၀စီးကျော်ရှိနေပါပြီ။

Read moreDetails

ဖေဖော်ဝါရီ ၀၅၊ ၂၀၂၄။ (တနင်္လာ)

စစ်ကောင်စီဟာရခိုင်နဲ့ရှမ်းမြောက်မှာအဖတ်ဆယ်မရအောင်ရှုံးနိမ့်‌နေပေမယ့်စစ်ကိုင်းတိုင်းထဲမှာတော့ထိုးစစ်တွေပြန်စနေပါတယ်။စစ်ကိုင်းတိုင်းထဲမှာNUGကသိမ်းပိုက်ထားတဲ့မြို့တွေဖြစ်တဲ့ကောလင်း၊ခမ်းပတ်၊မော်လူးနဲ့‌ရွေပြည်အေးမြို့‌တွေရှိတယ်။ထိုမြို့များထဲမှ‌ ရွှေပြည်အေးမြို့အား စစ်ကောင်စီက ဇန်နဝါရီလ (၂၃) ရက်မှ စ၍ ပြန်လည်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအခုတော့ စစ်ကောင်စီတပ်များ အားလုံး ထွက်ပြေးဆုတ်ခွာသွားပါပြီ။ထိုရက်တွေအတွင်းက စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထိုးလာ၍မြို့ရှိထွေအုပ်ရုံး၌တပ်စွဲထားပြီးမြို့ကိုပြန်ရရန်ကြိုးစားရာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့​တယ်။ ထိုထွေအုပ်ရုံး၌တပ်စွဲထား​သောစစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များကို ​တော်လှန်​ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ရာ​နောက်ဆုံး ထိခိုက်​သေဆုံးမှုများပြီး တပ်ဆုတ်​ပြေးကြခြင်းဖြစ်တယ်။...

Read moreDetails

ဖေဖော်ဝါရီ ၀၄၊ ၂၀၂၄။ (တနင်္ဂနွေ)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များအတွင်းရှိ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၉) လက်အောက်ခံ တပ်ရင်း ၁၀ခုလုံး သိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်နေပါတယ်။ စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံတပ်ရင်း ၁၀ရင်းရှိရာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင်...

Read moreDetails

ဖေဖော်ဝါရီ ၀၃၊ ၂၀၂၄။ (စနေ)

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုတိုက်ခိုက်နေတဲ့KIAရဲ့ပူးပေါင်းအဖွဲ့တွေဟာမိုးမိတ်မြို့ကနေပြန်လည်ဆုတ်ခွာပေးလိုက်ရပါပြီ။မိုးမိတ်မြို့ကိုဒီလ၁၈ရက်နေ့လောက်ကတည်းကKIAကစတင်တိုက်ခိုက်ခဲ့ပြီးနှစ်ပတ်ခန့်အကြာမှာမြို့ကိုမသိမ်းနိုင်ခဲ့ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရတယ်။စစ်ကောင်စီကမြို့ကိုလက်မလွှတ်ရရေးလေကြောင်းနဲ့လက်နက်ကြီးပစ်ကူမတန်တဆသုံးခဲ့တာကြောင့်မြို့လဲအလုံးစုံနီးပါးပျက်စီးသွားတယ်။ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့ရဲ့ထိုးစစ်တွေမရှိတော့တာကြောင့်စစ်ကောင်စီဟာမိုးမိတ်မြို့ကိုဦးစားပေးပြီးခုခံနိုင်ခဲ့တယ်။KIAဟာမိုးမိတ်မြို့ကိုမရခဲ့ပေမယ့်အနီးနားကမဘိမ်းမြို့ကိုတော့သိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့ပေမယ့်လဲမိုးမိတ်မြို့ကိုသိမ်းနိုင်မှရှမ်းမြောက်နဲ့ကချင်ပြည်နယ်ဆက်သွယ်ရေးလမ်းကြောင်းကအလုံးစုံပွင့်သွားမှာဖြစ်တဲ့အတွက်မြောက်ပိုင်းတော်လှန်ရေးအဖွဲ့အချင်းချင်းလွတ်လပ်စွာသွားလာထောက်ပို့နိုင်တဲ့အခွင့်အရေးကိုတော့လက်လွတ်ခဲ့ရတာပေါ့။ အလားတူပဲစစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကထီးချိုင့်မြို့ကိုလဲစစ်ကောင်စီကပြန်လည်ထိန်းချုပ်သွားနိုင်တယ်လို့သိရတယ်။ထီးချိုင့်မြို့ကိုနိုဝင်ဘာလဆန်းကတည်းကတော်လှန်ရေးအဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမြို့ရဲ့သုံးပုံနှစ်ပုံခန့်အထိထိန်းချုပ်နိုင်ခဲ့တယ်။ဒါပေမယ့်လဲကချင်ပြည်နယ်ကိုစစ်ကောင်စီဘက်ကထောက်ပို့လုပ်တဲ့လမ်းကြောင့်ပေါ်မှာတည်ရှိပြီးဗျူဟာကျတဲ့ထီးချိုင့်မြို့ကိုစစ်ကောင်စီကလက်လွတ်မခံပဲအပြင်းအထန်ခုခံခဲ့တာကြောင့်နှစ်လကျော်ကြာတိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်နိုင်တယ်။ တော်လှန်ရေးကာလအတွင်းဖြစ်သမျှမြို့သိမ်းတိုက်ပွဲတိုင်းတော်လှန်ရေးတပ်ဖွဲ့‌တွေဘက်ကသိမ်းနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ထီးချိုင့်နဲ့မိုးမိတ်တိုက်ပွဲတွေဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကသွေးချွေးများစွာရင်းနှီးပြီးတိုက်ခဲ့ပေမယ့်ရည်ရွယ်ချက်ကိုမရရှိခဲ့ဘူး။ဒါ့ကြောင့်စစ်ကောင်စီဘက်ကအပြင်းအထန်မခုခံနိုင်ဖို့ဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတနိုင်ငံလုံးမှာထိုးစစ်တွေတွေတပြိုင်နက်ထဲပြုလုပ်နိုင်ဖို့အလွန်အရေးကြီးပါတယ်။

Read moreDetails

ဖေဖော်ဝါရီ ၀၂၊ ၂၀၂၄။ (သောကြာ)

မနေ့ကNUGနဲ့တိုင်းရင်းသားEAOတချို့ပူးပေါင်းပြီးဘုံသဘောတူညီချက်တစ်ခုထုတ်ပြန်ခဲ့တယ်။ထုတ်ပြန်ခဲ့တဲ့အချက်တွေကတော့စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးစတဲ့အချက်တွေပေါ့။NUGနဲ့ပူးပေါင်းထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေကတော့ကရင်ကKNU၊ချင်းကCNF၊ကယားကKNPPနဲ့ကချင်ကKIAတို့ဖြစ်တယ်။တခြားအဖွဲ့တွေတော့ပါမလာခဲ့ပါဘူး။ထိုအဖွဲ့တွေဟာ၂၀၂၁ကတည်းကNUGနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့တွေ့ဖြစ်ပြီး၃နှစ်အတွင်းအခြားအဖွဲ့တွေကိုမစည်းရုံးနိုင်သေးတာအားမရစရာပဲ။ထုတ်ပြန်ချက်မှာလဲဘာမှထူးခြားတာသိပ်မပါလာပဲအရင်သဘောတူထားတဲ့အချက်တွေလောက်ပါပဲ။ဒါ့‌ကြောင့်စစ်အာဏာသိမ်း၃နှစ်ပြည့်ပူးပေါင်းထုတ်ပြန်ချက်ဟာအသွင်သဏ္ဌာန်ရောအနှစ်သာရပါဘာမှပြောင်းလဲထူးခြားမှုမရှိပါဘူး။ဒါဟာဒီ၃နှစ်အတွင်းတော်လှန်ရေးအင်အားစုတွေဘက်မှာနိုင်ငံရေးတိုးတက်မှုတွေရပ်တန့်‌နေတယ်ဆိုတာပြသနေတယ်။NUGရဲ့ပြည်တွင်းကအခြားEAOတွေနဲ့တော်လှန်ရေးအင်အားစုတွေကိုစည်းရုံးနိုင်စွမ်းဟာ၂၀၂၂ခုနှစ်လောက်ကတည်းကတိုးတက်မလာပဲရပ်တန့်နေပါတယ်။အားလုံးပါဝင်နိုင်ဖို့ဆိုပီးဖွဲ့စည်းထားတဲ့NUCCဟာလဲလက်တွေ့မှာအလုပ်မဖြစ်ခဲ့ပါဘူး။တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလဲNUGကိုပြည်မကစင်ပြိုင်ဗမာအစိုးအဖြစ်သာမြင်နေသေးတယ်။၁၀၂၇စစ်ဆင်ရေးကာလမှာဒီအချက်ဟာပိုမိုသိသာလာတယ်။NUGအနေနဲ့မြောက်ပိုင်းသုံးဖွဲ့အပါအဝင်အခြားအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမစည်းရုံးနိုင်ဘူးဆိုရင်နိုင်ငံရေးတိုးတက်မှုဟာနှေးကွေးနေဦးမှာပဲ။ဒီနွေဦးတော်လှန်ရေးမှာစစ်ရေးတိုးတက်မှုကရှေ့ရောက်နေပြီးနိုင်ငံရေးတိုးတက်မှုကလိုက်ပါမလာဘူးဆိုရင်အနာဂတ်မှာမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာလိမ့်မယ်။

Read moreDetails

ဖေဖော်ဝါရီ ၀၁၊ ၂၀၂၄။ (ကြာသပတေး)

စစ်အာဏာသိမ်းထားတာဒီနေ့ဆိုရင်သုံးနှစ်တိတိပြည့်ခဲ့ပါပြီ။သုံးနှစ်ထဲဝင်လာတဲ့အထိစစ်အာဏာသိမ်းမှုကိုလက်မခံကြောင်းပြသတဲ့အနေနဲ့ဒီနေ့အသံတိတ်သပိတ်ပြုလုပ်ကြပါတယ်။ဒါပေမယ့်ဒီနှစ်အသံတိတ်သပိတ်ဟာအရင်နှစ်တွေလောက်မအောင်မြင်ခဲ့ပါဘူး။လမ်းပေါ်မှာသွားလာနေတဲ့လူတွေကားတွေခါတိုင်းနေ့တွေထပ်နည်းသွားတာကလွဲလို့အရင်လိုတိတ်ဆိတ်ငြိမ်သက်နေတဲ့လမ်းကြီးတွေဖြစ်မလာခဲ့ဘူး။ဒါကိုလဲအပစ်ပြောလို့မရပြန်ဘူး။ပြည်သူတွေဟာ၃နှစ်တိတိအလဲလဲအကွဲကွဲနဲ့‌တောင့်ခံလာခဲ့တာပဲလေ။ဒီနှစ်တွေထဲတနှစ်ထပ်တနှစ်ကြပ်တည်းလာတဲ့အခြေအနေတွေကြောင့်အရင်လိုအသံတိတ်သပိတ်နေ့မှာအသံတိတ်မနေနိုင်တော့ပဲစားဝတ်နေရေးအတွက်ကြိုးပမ်းနေရတယ်။ ဒီ၃နှစ်အတွင်းနိုင်ငံစောက်ထိုးကျဆင်းသွားခဲ့တယ်။စီးပွားရေးအချက်အလက်တွေအရကြည့်ရင်နိုင်ငံGDPဟာဘီလီယံ၈၀ကနေ၅၀ကျော်အထိကျဆင်းသွားတယ်။အာဏာမသိမ်းခင်အခြေအနေနဲ့ယှဉ်ရင်နိုင်ငံစီးပွားရေးဟာ၂၀ရာခိုင်နှုန်းကျုံဝင်သွားတဲ့သဘောပဲ။ငွေကြေးဖောင်းပွမှုဟာလဲသုံးဆလောက်မြင့်တက်လာခဲ့တယ်။လျပ်စစ်မီးတွေဆိုးဆိုးရွားရွားပြတ်တောက်နေတယ်။နိုင်ငံတကာကလဲစစ်အုပ်စုကိုအဖက်ဖက်ကပိတ်ဆို့ထားတာကြောင့်ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးမှလုပ်ရကိုင်ရတာအဆင်ပြေမနေပါဘူး။ဒီလိုအခြေအနေမျိုးမှာမှစစ်ကောင်စီကစီမံခန့်ခွဲမှုအမှားများစွာနဲ့ထပ်မံထိုးချတယ်။စစ်အုပ်စုဟာသူတို့အာဏာတည်မြဲရေးကိုသာအဓိကထားပြီးကျန်တာဘာမှစိတ်မဝင်စားပါဘူး။အကြမ်းဖက်စစ်အုပ်စုလက်အောက်ကမလွတ်သေးသ၍တော့ပြည်သူတွေဟာဒုက္ခပေါင်းစုံခါးစည်းပြီးခံနေရဦးမှာပဲ။

Read moreDetails

ဇန်နဝါရီ ၃၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုKNUကပစ်ချလိုက်ပြန်ပါတယ်။ပစ်ချခံရတဲ့ရဟတ်ယာဉ်ဟာအရင်လိုတိုက်ခိုက်ရေးရဟတ်ယာဉ်မဟုတ်ပဲစစ်ကောင်စီရဲ့အကြီးအကဲပိုင်းတွေစီးလေ့ရှိတဲ့VIPရဟတ်ယာဉ်မျိုးဖြစ်တယ်။ဒါ့ကြောင့်ထိုရဟတ်ယာဉ်ပေါ်မှာတပ်ချိန်းဖို့ပါလာတဲ့တပ်မ၂၂တပ်မှုးဗိုလ်မှုးချုပ်အဆင့်တစ်ယောက်နဲ့တပ်ရင်းမှုးအဆင့်တစ်ယောက်အပါအဝင်အားလုံးသေဆုံးသွားပါတယ်။ထိုရဟတ်ယာဉ်ကိုမြေပြင်ကလေယာဉ်ပစ်လက်နက်မျိုးနဲ့ပစ်တာမဟုတ်ပဲစနိုက်ပါ၊စက်သေနတ်စတဲ့သမရိုးကျလက်နက်တွေကိုသာအသုံးပြုပစ်ချနိုင်ခဲ့တာလို့သိရတယ်။ဒါ့အပြင်အဆိုပါVIPရဟတ်ယာဉ်မျိုးဆင်းမယ့်အချိန်နဲ့‌နေရာကိုတော်လှန်ရေးတပ်တွေဘက်ကကြိုတင်သိရှိထားနိုင်တဲ့သတင်းလက်ဦးမှုနဲ့သတင်းစီးဆင်းနိုင်စွမ်းကအတော်အားရဖို့ကောင်းတယ်။ဒါ့ကြောင့်လဲစစ်ကောင်စီဘက်ကတပ်မမှုးအဆင့်ရှိတဲ့တစ်ယောက်ကိုပါအဆစ်ရလိုက်တာပေါ့။မှတ်မိသလောက်ပြောရရင်ဒီလပိုင်းထဲမှာပဲစစ်ကောင်စီဘက်ကတပ်မမှုးအဆင့်အနည်းဆုံးသုံးဦးဆုံးရှုံးသွားပါပြီ။ရှမ်းမြောက်မှာတပ်မ၉၉တပ်မမှုးနဲ့တပ်မ၁၀၁တပ်မမှုးနှစ်ဦးစစ်ပွဲအတွင်းသေဆုံးခဲ့ပြီးအခုတပ်မ၂၂တပ်မမှုးပစ်ချနိုင်ခဲ့တ

Read moreDetails

ဇန်နဝါရီ ၃၀၊ ၂၀၂၄။ (အင်္ဂါ)

ရန်ကုန်မြို့အင်းလျားကန်စောင်းမှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့‌နေအိမ်ခြံအမှတ်၅၄ကိုစစ်ကောင်စီကကြမ်းခင်းဈေးအမေရိကန်ဒေါ်လာသန်းကိုးဆယ်ခန့်နဲ့လေလံတင်ရောင်းချမယ်လို့ကြေညာလိုက်တယ်။ထိုအိမ်ကိဒေါ်အောင်ဆန်းစုကြည်ရဲ့အကိုနဲ့တရားဆိုင်ထားတာကြာပါပြီ။အရင်အစိုးရလက်ထက်ကဒေါ်အောင်ဆန်းစုကြည်ကိုအနိုင်ပေးပြီးအိမ်ကိုလွှဲပေးခဲ့ပေမယ့်အခုစစ်ကောင်စီလက်ထက်မှာအမှုကိုပြန်ဖော်ပြီးလေလံတင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ထိုခြံအမှတ်၅၄နေအိမ်ကိုယဉ်ကျေးမှုအမွေအနှစ်အဖြစ်NUGကသတ်မှတ်ထားပြီးအများပြည်သူနဲ့ဆိုင်တဲ့နေရာတစ်ခုဖြစ်သောကြောင့်တစ်ဦးတည်းပိုင်ဆိုင်ခွင့်မရှိကြောင်းကြေညာထားတယ်။ထိုကြေညာချက်အတိုင်မြန်မာပြည်သူတရပ်လုံးလက်ခံထားကြတယ်။ဒါ့ကြောင့်ဒီရောင်းချမှုဟာတရားမဝင်သလိုဝယ်ယူမှုဟာလဲတရားဝင်မှာမဟုတ်ပါဘူး။ဒါပေမယ့်လေလံဝင်ဆွဲမယ့်သူရှိမရှိကတော့စောင့်ကြည့်ရမှာဖြစ်ပြီးနောက်ဆက်တွဲဘာတွေဆက်ဖြစ်လာမလဲတော့မခန့်မှန်းနိုင်သေးဘူး။စစ်ကောင်စီရဲ့ဒီဆုံးဖြတ်ချက်ဟာဒေါ်အောင်ဆန်းစုကြည်အပေါ်အောက်လုံးသုံးပြီးနိုင်ငံရေးအရလက်စားချေတာပဲ။ထိုနေအိမ်ဟာ၂၀၁၂ခုနှစ်ကဒေါ်အောင်ဆန်းစုကြည်ကိုအမေရိကန်သမ္မတအိုဘားမား၊နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့လာရောက်‌တွေ့ဆုံခဲ့တဲ့နေအိမ်ဖြစ်တာကြောင့်မြန်မာပြည်သူတွေအတွက်တော့နိုင်ငံရေးအရတကယ့်ကိုသမိုင်းဝင်နေရာတစ်ခုဖြစ်တယ်။

Read moreDetails

ဇန်နဝါရီ ၂၉၊ ၂၀၂၄။ (တနင်္လာ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းဘက်မှာ စစ်ဆင်ရေး ပြန်ပြီးလုပ်ဆောင်လာပါတယ်။ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဆားလင်းကြီး၊ ဘုတလင်၊ အရာတော်၊ ကန့်ဘလူ စတဲ့မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အိမ်တွေ မီးရှို့၊ ရွာသားတွေကို...

Read moreDetails
Page 58 of 173 1 57 58 59 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist