အာဏာသိမ်း ဒိုင်ယာရီ

ဧပြီ ၀၈၊ ၂၀၂၄။ (တနင်္လာ)

မြဝတီမြို့တဖက်ခြမ်းထိုင်းနိုင်မဲ‌ဆောက်မြို့‌လေယာဉ်ကွင်းမှာသုံးရက်ဆက်တိုက်အထူးလေယာဉ်တွေဆင်းသက်ခွင့်‌ပေးဖို့တောင်းဆိုခဲ့ပေမယ့်လဲမနေ့ညကလေယာဉ်တစ်စီးဆင်းသက်အပြီးမှာတော့နောက်ရက်‌ေတွေအတွက်လေယာဉ်ခရီးစဉ်တွေကစစ်ကောင်စီအကြောင်းပြချက်မရှိဖျက်သိမ်းခဲ့ပါတယ်။ထိုလေယာဉ်တွေဟာလက်နက်ချခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုလာရောက်ခေါ်ယူတာဆိုပေမယ့်ခေါ်မသွားနိုင်ခဲ့ဘူး။လက်က်နက်ချစစ်သားတွေကိုထိန်းသိမ်းထားတဲ့KNUကထုတ်မပေးခဲ့ဘူး။KNUကထုတ်မပေးခဲ့ဘူးဆိုတာထပ်လက်နက်ချခဲ့သူတွေကိုယ်တိုင်ကစစ်ကောင်စီလက်ထဲပြန်မသွားချင်ကြတော့ဘူးလို့သိရတယ်။လက်နက်ချစစ်သားတွေထဲမှာရှမ်းမြောက်လောက်ကိုင်မှာလက်နက်ချသူတွေပါဝင်နေတယ်လို့သိရတယ်။သူတို့ကတော့နှစ်ထပ်ကွမ်းလက်နက်ချသူတွေပေါ့။သူတို့ဘက်ကကြည့်မယ်ဆိုရင်လဲစစ်မတိုက်ချင်လို့လက်နက်ချပါတယ်ဆိုစစ်ကောင်စီလက်ထဲပြန်ရောက်သွားလိုက်၊ရှေ့တန်းပြန်ရောက်လာလိုက်၊ရှေ့တန်းမှာလက်နက်ချလိုက်နဲ့လည်နေတယ်။သူတို့အနေနဲ့လဲစစ်ကောင်စီလက်ထဲပြန်သွားချင်ကြမှာမဟုတ်တော့ဘူး။ KNUဘက်ကတော့စစ်သုံ့ပန်းတွေရဲ့ဆန္ဒမပါပဲစစ်ကောင်စီထံပြန်မလွှဲပေးဘူးလို့ပြောထားတယ်။ထိုစစ်သုံ့ပန်း၆၀၀ကျော်ကိုလဲလုံခြုံတဲ့‌နေရာမှာထိန်းသိမ်းထားတယ်လို့ဆိုတယ်။ဒီနေရာမှာထိုင်းအစိုးရကKNUကိုတစုံတရာဖိအားပေးပေမယ့်KNUကလက်မခံခဲ့ဘူးလို့သိရတယ်။စစ်ကောင်စီအတွက်တော့ထိုင်းနယ်စပ်စစ်မျက်နှာမှာအကြီးအကျယ်အရှက်ရစေတဲ့ပွဲတစ်ခုပါပဲ။

Read moreDetails

ဧပြီ ၀၇၊ ၂၀၂၄။ (တနင်္ဂ‌နွေ)

တိုက်ပွဲတွေပြင်းထန်လာတဲ့ မြဝတီမြို့က စစ်ကောင်စီဝန်ထမ်းတွေကို ပြန်ခေါ်နိုင်ဖို့စစ်ကောင်စီက ထိုင်းအစိုးရကအပူကပ်ခဲ့ပါတယ်။ မြဝတီမြို့တဖက်ခြမ်း ထိုင်းနိုင်မဲ‌ဆောက်မြို့‌လေယာဉ်ကွင်းမှာ သုံးရက်ဆက်တိုက် အထူးလေယာဉ်တွေ ဆင်းသက်ခွင်‌ပေးဖို့တောင်းဆိုခဲ့တယ်။ ထိုင်းအစိုးရဘက်က လူသားချင်းစာနာမှုအရ လေယာဉ်ဆင်းသက်ခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ ဒါ့ကြောင့်ဒီနေ့ညမှာ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီး မဲဆောက်လေဆိပ်ကို ဆင်းသက်လာခဲ့ပြီး လေဆိပ်ကိုထိုင်းဘက်က လုံခြုံရေးအထူးတင်းကျပ်ထားတယ်။...

Read moreDetails

ဧပြီ ၀၆၊ ၂၀၂၄။ (စနေ)

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ကော့ကရိတ်မြို့ဘက်မှာ စစ်ကောင်စီနဲ့ KNUတို့ ဒီရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ နောက်ဆုံးသိရတဲ့သတင်းအရ ကော့ကရိတ်မြို့နဲ့မြဝတီမြို့ကြား သင်္ကန်းညီနောင်က စစ်တပ်ရဲ့အခြစိုက်ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုဗျူဟာစခန်းက တပ်မိသားစုဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်၆၀၀ကျော် လက်နက်ချခဲ့ပါတယ်။ နှစ်ပေါင်း၅၆နှစ်ကြာစစ်တပ်ကတပ်စွဲထားတဲ့ထိုစခန်းကြီးကို မနေ့က မနက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး...

Read moreDetails

ဧပြီ ၀၅၊ ၂၀၂၄။ (သောကြာ)

မနေ့ကဖြစ်ပွားခဲ့တဲ့နေပြည်တော်ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်တော့ဒရုန်း၇စီးကိုပစ်ချထားနိုင်ပြီးထိခိုက်မှုမရှိဘူးလို့ငြင်းဆိုထားတယ်။ဒါ့အပြင်ထိုဒရုန်းတွေဟာအပျော်တမ်းဒရုန်းသာသာတွေပါလို့လဲပြောသေးတယ်။သူတို့စကားကိုပြန်ကောက်ရမယ်ဆိုရင်တော့ထိုအပျော်တမ်းဒရုန်း‌တွေကိုတောင်စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကမကာကွယ်နိုင်ဘူးလို့ဝန်ခံလိုက်တာပဲ။NUGဘက်တော့ဒါဟာအစပဲရှိသေးပြီးနောက်ထပ်အခုလိုတိုက်ခိုက်မှုတွေအများကြီးလုပ်ဆောင်သွားမယ်လို့ပြောထားသေးတယ်။ ဒါ့အပြင်မနေ့ကတစ်နေ့ထဲမှာပဲမကွေးတိုင်းပေါက်မြို့နယ်ကစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ခုကိုရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။တိုက်ခိုက်မှုကြောင့်စက်ရုံလည်ပတ်မှုရပ် ဆိုင်းသွားတယ်လို့သိရတယ်။ အခုလိုဒရုန်းတိုက်ခိုက်မှု၊ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုတွေဟာတိကျမှုအားနည်းတာကြောင့်မြေပြင်မှာသိသာတဲ့အကျိုးရလဒ်တစ်ခုထွက်ပေါ်လာဖို့ခဲယဉ်းပါတယ်။ဒါပေမယ့်ထိုတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နိုင်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်အင်အားမြင့်တက်စေပြီးစစ်ခေါင်းဆောင်အတွက်တော့မလုံခြုံသလိုခံစားရစေပါတယ်။နေပြည်တော်လိုနေရာမျိုးမှာဒရုန်းတိုက်ခိုက်မှုတွေကြုံခဲ့ရတာကြောင့်စစ်ကောင်စီအတွက်သူတို့ကွန်ယက်ကိုပြင်ဆင်ဖို့လူအား၊‌ငွေအား၊နည်းပညာအားတွေဖြည့်တင်းရင်းသူတို့ကိုအလုပ်ရှုပ်စေမှာပါ။

Read moreDetails

ဧပြီ ၀၄၊ ၂၀၂၄။ (ကြာသပတေး)

‌အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေ အဓိကနေထိုင်ရုံးစိုက်ရာ နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ ဧလာလေတပ်ဟာ ဒရုန်းအစီး၃၀ကျော်ဖြင့် ဒီနေ့မှာ တိုက်ခိုက်ခြင်းခံလိုက်ရတယ်။ ထိုတိုက်ခိုက်မှုကို NUG(MOD)က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကြေညာခဲ့ပြီး အသေခံစစ်ဆင်ရေးဒရုန်းများကို အသုံးပြုခဲ့ကြောင်းသိရတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း နေပြည်တော်စစ်ရုံးချုပ်ကို ဒရုန်း၁၆စင်း၊ ဧလာလေတပ်ကို၁၃စင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကာ စစ်ကောင်စီစစ်ရုံးချုပ်...

Read moreDetails

ဧပြီ ၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူများထဲတွင် ဘုန်းတော်ကြီးတစ်ပါး ပါဝင်တယ်။ ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် ဖာပွန်မြို့တွင်းတစ်နေရာမှ ဘုန်းကြီးကျောင်းဖြစ်ပြီး အဆိုပါ ဘုန်းကြီးကျောင်းထဲ၌ အရပ်သား...

Read moreDetails

ဧပြီ ၀၂၊ ၂၀၂၄။ (အင်္ဂါ)

ကချင်ပြည်နယ်၊မိုးမောက်လွယ်ဂျယ်လမ်းပေါ်ကစစ်ကောင်စီတပ်တွေနှစ်ပေါင်း၇၀နီးပါးအထိုင်ချထားတဲ့စိန်လုံတောင်ဗျုဟာစခန်းကိုKIAကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းပိုက်ရရှိတဲ့လက်နက်ခဲယမ်းတွေကိုတော့တညလုံးကားကြီး၊ကားငယ်အသွယ်သွယ်နဲ့သယ်ယူနေရတယ်လို့ကြားတယ်။ထိုစခန်းကိုသိမ်းပိုက်နိုင်လိုက်တာကြောင့်ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်း‌‌ပေါ်မှာစစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပါပြီ။ဒီပုံအတိုင်းဆိုနယ်စပ်ကုန်သွယ်ရေးမြို့လွယ်ဂျယ်ကိုသိမ်းပြီးနောက်KIAရဲ့နောက်ထပ်ပစ်မှတ်ဟာဗန်းမော်မြို့ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင်ကချင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာစစ်ကောင်စီရဲ့တပ်မမှုးတစ်ဦးထပ်မံကျဆုံးတယ်လို့သိရတယ်။ကျဆုံးသွားတဲ့သူဟာတပ်မ၈၈တပ်မမှုးဖြစ်ပြီးရှေ့တန်းစစ်စခန်းတစ်ခုမှဆုတ်ခွာနေချိန်လမ်းမှာကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်ကျဆုံးသွားတာဖြစ်တယ်။ဒါဟာကချင်စစ်မျက်နှာမှာစစ်တပ်ဘက်ကပထမဆုံးတပ်မမှုးအဆင့်ကျဆုံးမှုဖြစ်လာတယ်။ကချင်ပြည်နယ်မှာKIAရဲ့ထိုးစစ်စတင်ပြီးတစ်လနီးပါးအကြာမှတော့စစ်ကောင်စီတပ်စခန်း၆၀ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးပြည်နယ်ရဲ့နေရာအနှံအပြားမှာဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

Read moreDetails

ဧပြီ ၀၁၊ ၂၀၂၄။ (တနင်္လာ)

ဒီနေ့ဟာApril FoolDayပါ။ ပြည်တွင်းစီးပွားရေးစျေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ၃၉၀၀ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၄၅သိန်းကျော်ထိထိုးတက်နေပါတယ်။ ဒီသတင်းကတော့ April Fool မဟုတ်ပါဘူး။ တကယ့်စျေးကွက်မှာ ဖြစ်ပျက်နေတာပါ။ ကမ္ဘာ့ရွှေစျေး အတက်ဘက်ပြနေခြင်း၊ ပြည်တွင်းနိုင်ငံရေးစစ်ရေးအခြေအနေမတည်ငြိမ်ခြင်း စတာတွေကြောင့် စျေးတွေကထပ်တက်ဖို့ပဲတာဆူနေပါတယ်။ ရွှေစျေး​၊ဒေါ်လာစျေးတွေ တက်လာတာကိုယ်နဲ့မဆိုင်သလို...

Read moreDetails

မတ် ၃၁၊ ၂၀၂၄။ (တနင်္ဂနွေ)

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်တွင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်က KNU ၊ကချင်က KIA ၊ချင်းက CNF နဲ့ကရင်နီက KNPP အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်လို့အမေရိကန်ဘက်က သတင်းထုတ်ပြန်လာတယ်။ သတိထားမိသလောက် တော်လှန်ရေးကာလမှာအမေရိကန်ဘက်က NUG လို အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှုတွေရှိခဲ့ပေမယ့် အခုလို EAO တွေနဲ့တရားဝင်တွေ့ဆုံတာတော့...

Read moreDetails

မတ် ၃၀၊ ၂၀၂၄။ (စနေ)

ကချင်ပြည်နယ်ကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်မြို့ကိုKIAကထိန်းချုပ်လိုက်ပါပြီ။ပီးခဲ့တဲ့ရက်တွေမှာဗန်းမော်လွယ်ဂျယ်ကားလမ်းတလျောက်ကစစ်ကောင်စီတပ်စခန်းတွေကိုKIAတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးနောက်မှာKIAတပ်တွေဟာလွယ်ဂျယ်မြို့နားရောက်လာခဲ့တယ်။ထိုလမ်းပေါ်ကစစ်ကောင်စီစခန်း‌တွေလဲကုန်သလောက်နီးပါးဖြစ်နေပြီးစိန်လုံတောင်ဗျူဟာစခန်းကြီးတစ်ခုသာကျန်တော့တယ်။KIAဟာလွယ်ဂျယ်မြို့ပေါ်ကစစ်ကောင်စီတပ်တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပေမယ့်နယ်စပ်တဖက်ခြမ်းမှာရှိတဲ့တရုတ်ကခွင့်မပြုဘူးလို့ကြားတယ်။တရုတ်ဟာထိုနယ်စပ်ကုန်သွယ်ရေးမြို့ကိုစစ်ကောင်စီလက်ထဲမှာပဲရှိနေစေချင်ပုံရတယ်။ဒါကြောင့်KIAတပ်ဖွဲ့တွေဟာသေနတ်မဖောက်ပဲမြို့ထဲဝင်လာပြီးမြို့ကိုထိန်းချုပ်လိုက်တယ်။မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တချက်မှမလှုပ်ရဲကြဘူး။သူတို့ဟာတရုတ်နိုင်ငံထဲခိုလှုံခွင့်‌တောင်းဖို့ကြိုးစားပေမယ့်တရုတ်ဘက်ကခွင့်မပြုဘူးလို့လဲကြားတယ်။ဒီလိုအခြေအနေတွေမှာမြို့ပေါ်ကစစ်ကောင်စီဘက်တော်သားတွေဟာKIAလက်ခုတ်ထဲကရေဖြစ်နေတာကြောင့်မြို့ကိုအလွယ်တကူထိန်းချုပ်နိုင်လိုက်တာပေါ့။

Read moreDetails
Page 38 of 159 1 37 38 39 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist