ချင်းပြည်နယ်၊ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာထန်တလန်CDFစစ်ဦးစီးချုပ် ကျဆုံးသွားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်လို့သိရတယ်။ထန်တလန်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေတာဖြစ်ပြီးမြို့ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ၂ခုသာကျန်ပါတော့တယ်။
ရခိုင်ပြည်နယ်၊အမ်းမြို့မှာလဲ အေအေတပ်တွေဟာ မြို့နဲ့တဖြည်းဖြည်းနီးကပ်လာပါပြီ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ၃မိုင်ခန့်သာကွာဝေးတဲ့ တပ်ရင်းတစ်ခုကို အေအေကသိမ်းပိုက်နိုင်လိုက်တယ်။ဌာနချုပ်အတွင်းကိုလဲ လက်နက်ကြီးတွေနဲ့ပုံမှန်ပစ်ခတ်နေတယ်။
ကချင်ပြည်နယ်ဘက်မှာလဲ KIAကဖားကန့်မြို့နားကဆိုင်းတောင်ရွာကို အပီးသတ်ထိန်းချုပ်နိုင်လိုက်ပါပြီ။ထိုရွာထဲမှာနောက်ဆုံးတပ်စွဲခုခံနေတဲ့ လက်ကီးဟိုတယ်ကစစ်သူပုန်တွေကို ခြေမှုန်းနိုင်လိုက်တယ်။ဒါ့အပြင်ပြည်နယ်အထက်ပိုင်းမှာ ပန်ဝါမြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။