မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးကို သောင်းနဲ့ချီတဲ့ မြို့ခံပြည်သူတွေက လိုက်ပါပို့ဆောင်ကြပြီး လမ်းတလျှောက်မှာရော သုသာန်မှာပါ လူတွေ ကြိတ်ကြိတ်တိုးနေပါတယ်။ လမ်းတလျှောက်လုံးမှာ ထွက်ပြီး အလေးပြုကြတဲ့သူတွေကို အများကြီးပဲ။ ရုပ်အလောင်းကို ဂူသွင်းမြုပ်နှံတဲ့ တောင်အင်းမြောက်အင်း သုသာန်မှာလည်း လူတွေက အပြည့်မို့ တိုးလို့ကို မရပါဘူး။ စစ်အုပ်စုကတော့ စစ်တပ်ရော၊ ရဲရော၊ အရပ်ဝတ်တွေရော လုံခြုံရေးအများကြီးယူထားတယ်။ လိုက်ပါပို့ဆောင်တဲ့ သောင်းနဲ့ချီတဲ့ပြည်သူတွေကို စစ်အုပ်စုက သုသာန်ထဲအထိဝင်ခွင့်မပြုပဲ တားဆီးထားတယ်။ နာရေးကအပြန် ဆိုင်ကယ်တွေကိုလဲ ဖမ်းဆီးငွေညစ်သေးတယ်။ တချို့နာရေးလိုက်ပါပို့ဆောင်သူတွေကို ဓာတ်ပုံရိုက်မှတ်တမ်းယူထားတယ် လို့သိရတယ်။
စစ်ကောင်စီကနည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်နေတဲ့ကြားက မြို့ခံပြည်သူသောင်းနဲ့ချီပြီး နာရေးကို လိုက်ပါပို့ဆောင်တာဟာ မန္တလေးသားတွေ သွေးမကြောင်ဘူးဆိုတာ ပြသလိုက်တာပဲ။ တကယ်ဆိုရင် ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးဟာ နိုင်ငံတော်အခမ်းအနားအဖြစ်တောင် ပြုလုပ်သင့်တာပါ။ နောက်ဘဝတွေမှာဒီလို စနစ်ဆိုးအဖြစ်ဆိုးမျိုးနဲ့မကြုံံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။