ရှမ်းမြောက်သီပေါမြို့မှာ နောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်ရင်းကို ဒီနေ့မှာအပြီးသတ်ရှင်းလင်းလိုက်နိုင်တာကြောင့် သီပေါတစ်မြို့လုံးကိုTLNAကသိမ်းပိုက်လိုက်နိုင်ပါပြီ။လားရှိုးမြို့တောင်ဘက်မှာရှိတဲ့သီပေါမြို့ကိုTLNAက လားရှိုးမြို့ကိုရပြီးချိန် သြဂုတ်လကတည်းက စတင်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေဟာ ထိုမြို့ကွက်ကွက်လေးမှာသာ ကျန်ရှိနေတာကြောင့်အလွယ်တကူသိမ်းနိုင်မယ်လို့ ထင်ခဲ့တယ်။အစပိုင်းမှာလဲသီပေါမြို့က လက်ကျန်စစ်ကောင်စီတပ်ရင်းသုံးရင်းဟာ မြို့ကထွက်ခွာသွားဖို့ဆွေးနွေးခဲ့တယ်။ဒါပေမယ့် လူတွေရောလက်နက်တွေပါယူပြီး ထွက်ခွာမယ်လို့တောင်းဆိုခဲ့တာကြောင့် ညှိနှိုင်းမှုမအောင်မြင်ပဲတိုက်ပွဲတွေဆက်ဖြစ်ခဲ့တယ်။စစ်သူပုန်တွေဟာ ခေါင်းမာစွာနဲ့ဆက်လက်ခုခံနေတာကြောင့် သီပေါမြို့ကိုနှစ်လကျော်ကြာ တိုက်ယူခဲ့ရတယ်။လားရှိုးထပ်တောင်အချိန်ယူခဲ့ရတဲ့သဘောပေါ့။ထိုမြို့ကိုရရှိခဲ့တဲ့အတွက် ပြင်ဦးလွင်ကနေတရုတ်နယ်စပ်မူဆယ်အထိ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံး တော်လှန်ရေးတပ်ဖွဲ့တွေအပြည့်အဝ ထိန်းချုပ်ထားလိုက်နိုင်ပါပြီ။
နိုဝင်ဘာ ၀၉၊ ၂၀၂၄။ (စနေ)
ထရမ့်တက်လာတာ တော်လှန်ရေးအတွက်အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ကောင်းကွက်လေးတွေလဲ မျှော်လင့်လို့တော့ရပါသေးတယ်။ထရမ့်ဟာတရုတ်မုန်းတီးရေးဝါဒီသမားတစ်ဦးဖြစ်တာကြောင့် တရုတ်နိုင်ငံကိုကိုင်တွယ်ရာမှာ...