လားရှိုးမြို့ရဲ့အခြေအနေတွေဟာရှုပ်ထွေးနေပါတယ်။MNDAAက မြို့ကိုသိမ်းပိုက်လိုက်ပြီလို့ကြေညာထားပေမယ့်အလုံးစုံးမထိန်းချုပ်နိုင်သေးပါဘူး။မြို့ပတ်လည်ကစစ်ကောင်စီတပ်ရင်း အတော်များများကိုသိမ်းပိုက်ထားပြီးမြို့တွင်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေပါတယ်။အဓိကနေရာတွေဖြစ်တဲ့ လားရှိုးလေဆိပ်နဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပင်မတပ်ကို မသိမ်းပိုက်နိုင်သေးပါဘူး။ဒါပေမယ့်လဲMNDAAတပ်တွေဟာ လားရှိုးမြို့လယ်ခေါင်မြို့တော်ခန်းမအထိရောက်ရှိနေပါပြီ။စစ်ကောင်စီဘက်ကလဲ လားရှိုးမြို့မကျသေးဘူးလို့ငြင်းထားတယ်။MNDAAကလဲမြို့ထဲမှာ ကင်းလှည့်နေတဲ့ဓာတ်ပုံတွေထုတ်ပြလာတယ်။ MNDAAအနေနဲ့လားရှိုးမြို့ကိုအလုံးစုံမရသေးခင်ရပြီလို့ ကြေညာခဲ့တာဟာတရုတ်ရဲ့ဖိအားကိုရှောင်လွဲချင်တာလို့ ယူဆရတယ်။ဒီလကုန်စစ်ကောင်စီကနိုင်ငံရေးပိုင်းမှာ အပြောင်းအလဲတစ်ခုခုလုပ်လာရင်စစ်ရေးမှာMNDAAအနေနဲ့လားရှိုးမြို့ကို ရရှိထားဖို့လိုနေတယ်လေ။ဒါ့ကြောင့်ဒီလကုန်မှာမြို့ကို အပြီးသိမ်းဖို့ကြိုးစားလိမ့်မယ်လို့ထင်မိတယ်။
Read moreDetailsလားရှိုးမြို့ကိုတိုက်ခိုက်နေတဲ့MNDAAဟာမြို့ကိုရရှိသွားပြီလို့ ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေအထိလားရှိုးမှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး အခုမြို့ကိုရရှိသွားတယ်ဆိုတော့မယုံနိုင်စရာပဲ။မြေပြင်မှာတော့ အခြေအနေတွေရှုပ်ထွေးနေဆဲလို့သိရတယ်။ထူးခြားမှုကတော့လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကဗိုလ်မှုးကြီးအဆင့်အပါအဝင်အင်အားသုံးရာကျော်MNDAAထံအလင်းဝင်လာပါတယ်။ဒါဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂မှာစစ်တပ်ဘက်ကအင်အားအများဆုံးအလင်းဝင်လာတာပဲ။MNDAAကလဲအလင်းဝင်လာသူတွေကို ရာထူးအဆင့်လိုက်ဆုကြေးငွေပေးအပ်မယ်လို့ထုတ်ပြန်ထားသေးတယ်။ဒါကြောင့်အခုတကြိမ်ကအစပြုပြီး စစ်တပ်ကလက်နက်ချအလင်းဝင်မှုတွေဆက်တိုက်ဖြစ်လာတော့မှာလားလို့ထင်မိတယ်။ TLNAတပ်ဖွဲ့တွေကတော့မိုးကုတ်မြို့ကိုသိမ်းပိုက်ပြီး နောက်ဆက်လက်ပြီးကျောက်မဲနဲ့မိုးမိတ်မြို့တွေကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတယ်လို့သိရတယ်။စစ်ကောင်စီဘက်ကကျောက်မဲမြို့ကို စစ်ကူလွတ်လိုက်စစ်ကား၁၀စီးခန့်ကိုလဲ လမ်းမှာတင်ဖြတ်တောက်ပိတ်ဆို့တားဆီးနိုင်ခဲ့တယ်။တကယ်တော့ကျောက်မဲ၊မိုးမိတ်နဲ့သီပေါမြို့တွေကစစ်ကောင်စီတပ်တွေဟာ စစ်ဆင်ရေးစကတည်းကတော်လှန်ရေးအဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့် ခြင်းထဲကကြက်တွေလိုပါပဲ။စစ်ကောင်စီဘက်ကဘယ်လိုမှစစ်ကူပေးနိုင်ခြင်းမရှိတော့တဲ့အတွက် မြန်မြန်အမြင်မှန်ရပြီးလက်နက်မချရင်တော့အနှေးနဲ့အမြန်ချေမှုန်းခံရမှာပါ။
Read moreDetailsမန္တလေးတိုင်းထဲကနာမည်ကျော်ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့ကိုTLNAနဲ့ MDYPDFပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။မိုးကုတ်မြို့အနောက်ပိုင်းကိုဇွန်လ၃၀ရက်နေ့ကတည်းက သိမ်းပိုက်ရရှိထားပြီးကျန်ရှိနေတဲ့မြို့အရှေ့ပိုင်းကစစ်ကောင်စီတပ်တွေကို ဒီတလလုံး ထိုးစစ်ဆင်ခဲ့တယ်။အခုတော့မြို့ထဲမှာနောက်ဆုံးကျန်ရှိနေတဲ့စစ်တပ်ဗျူဟာကုန်းကိုရှင်းလင်းပြီးမြို့ကို ထိန်းချုပ်နိုင်လိုက်ပါပြီ။မိုးကုတ်မြို့ဟာစဥ့်ကူးမြို့အရှေ့ဘက်မှာတည်ရှိပြီး အခုစစ်ဆင်ရေးမှာသုံးခုမြောက်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။ ဒါ့အပြင်တော်လှန်ရေးအဖွဲ့တွေဟာစဥ့်ကူးမြို့မြောက်ဘက်က သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကိုပါစတင်တိုက်ခိုက်နေပါတယ်။စစ်ဆင်ရေးနယ်မြေတွေဟာတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါပြီ။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့အရှက်မရှိသမ္မတရူးရူးနေပါပြီ။သူ့ခန့်အပ်ထားတဲ့ယာယီသမ္မတဆိုသူ မြင့်ဆွေကျန်းမာရေးမကောင်းတော့လို့ယာယီသမ္မတနေရာကို သူ့ကိုယ်သူပြန်ခန့်အပ်လိုက်တယ်။မြင့်ဆွေကိုအာဏာသိမ်းကတည်းက ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပြီးစစ်ကောင်စီကို၆လတကြိမ်သက်တမ်းတိုးနိုင်ဖို့အတွက်မင်းအောင်လှိုင်က ယာယီသမ္မတနေရာကို ပေးထားတယ်။ယာယီသမ္မတဆိုပေမယ့် တကယ်ကရုပ်သေးရုပ်ပါပဲ။မင်းအောင်လှိုင်ကို အကြိုအပို့လုပ်ပေးတဲ့အဆင့်သာသာပဲထားတယ်။ပြီးခဲ့တဲ့ရက်တွေကမြင့်ဆွေကျန်းမာရေးမကောင်းကြောင်း သတင်းထုတ်ပြန်လိုက်တယ်။ပြီးတော့ခပ်တည်တည်ပဲ ယာယီသမ္မတရာထူးကိုယူလိုက်ပါတယ်။ တရုတ်ကမင်းအောင်လှိုင်ကိုဆင်းခိုင်းနေချိန်မှာ အခုလိုလုပ်လိုက်တာဟာတရုတ်ကိုဂရုမစိုက်ကြောင်းပြသလိုက်တာပဲ။သြဂုတ်လ၁ရက်နေ့အတွက်ကတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ။မင်းအောင်လှိုင်ကတော့တရုတ်လိုချင်သလိုအပြောင်းအလဲတစ်ခုခုမလုပ်ပဲထုံးစံအတိုင်း နောက်ထပ်၆လသက်တမ်းတိုးဦးမယ်ထင်ပါတယ်။ဒီလိုဆိုရင်တော့တရုတ်ရဲ့အမျက်ဒေါသကိုရင်ဆိုင်ရမှာပဲ။နိုင်ငံတဝန်းစစ်တပ်ဟာ အကြီးအကျယ်စစ်ရှုံးနိမ့်နေချိန်မှာမင်းအောင်လှိုင်ကတော့ သမ္မတရူးရူးတာရယ်ချင်စရာပဲ။
Read moreDetailsစစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊လားရှိုးမြို့ကိုMNDAAကမနေ့က အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။အရင်ရက်တွေကတည်းက တိုင်းဌာနချုပ်အနီးဝန်းကျင်အထိတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်။မနေ့ကတော့ဌာနချုပ်ဝန်းထဲမှာရှိတဲ့စစ်ဆေးရုံကို MNDAAတပ်ဖွဲ့တွေစီးနင်းနိုင်ခဲ့ပြီး ဆေးရုံထဲကဆရာဝန်တွေနဲ့လူနာတွေကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ပါတယ်။MNDAAတပ်ဖွဲ့တွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့်လက်ကျန်စစ်ကောင်စီတပ်တွေ ကစဉ့်ကလျားနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တချို့လက်နက်ချပြီးနောက်တိုင်းဌာနချုပ်ကိုရော မြို့ကိုပါအပြီးသတ်ထိန်းချုပ်နိုင်လိုက်တယ်။ လားရှိုးမြို့ကိုMNDAAကဇူလိုင်လ၃ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး တလတိတိကြာတဲ့အချိန်မှာသိမ်းပိုက်ရရှိခဲ့တာပါ။ဒါဟာတော်လှန်ရေးအဖွဲ့တွေပထမဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။တလဆိုတဲ့အချိန်တိုအတွင်းမှာပဲစစ်ကောင်စီရဲ့နာမည်ကျော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေလက်အောက်ဒူးထောက်ခဲ့ရတယ်။
Read moreDetailsတရုတ်ကဒီလကုန်ထိအပစ်ရပ်ခိုင်းထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ လားရှိုးကိုMNDAAကအပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။ဇူလိုင်၃ရက်နေ့ကစတဲ့လားရှိုးမြို့သိမ်းတိုက်ပွဲတွေဟာ အခုမြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက်တွေထိရောက်လာပါပြီ။MNDAAဟာ လာရှိုးမြို့ကိုပတ်ပတ်လည်ပိတ်ဆို့ပြီး ထိုးစစ်ဆင်နေပါတယ်။မြို့ကိုကာကွယ်ထားတဲ့မြို့ပြင်ရှိစစ်ကောင်စီတပ်ရင်းအချို့ကိုလဲ သိမ်းပိုက်ရရှိထားတယ်။မြို့တွင်းတိုက်ပွဲတွေကတော့ နှစ်ဖက်စလုံးရှေ့တိုးလိုက်နောက်ဆုတ်လိုက်ပဲ။လားရှိုးတိုက်ပွဲဟာနှစ်ဖက်လုံးအတွက်အတွေ့အကြုံသစ်တစ်ခုဖြစ်လာတယ်။MNDAAအပါအဝင်တေယ်လှန်ရေးတပ်တွေဟာ မြို့တွေအများအပြားသိမ်းထားနိုင်ပေမယ့်လားရှိုးလိုပြည်နယ်အဆင့်မြို့တော်တစ်ခုကိုမြို့တွင်းတိုက်ပွဲမဆင်နွဲဖူးပါဘူး။အလားတူပဲစစ်ကောင်စီဘက်ကလဲ ဒီလိုမြို့ကြီးမျိုးကိုခံစစ်မဆင်ဖူးပါဘူး။တရုတ်ရဲ့ဖိအားတွေရှိနေတဲ့MNDAAကတော့ဒီလမကုန်ခင် လားရှိုးကိုအရသိမ်းဖို့ကြိုးစားပါလိမ့်မယ်။
Read moreDetailsတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့စဉ့်ကူးမြို့ကိုစစ်အုပ်စုကပြန်လည်ရယူဖို့ကြိုးစားနေပါတယ်။စစ်ကောင်စီတပ်တွေဟာမန္တလေးဆိပ်ကမ်းကနေဧရာဝတီမြစ်အတိုင်းဆန်တက်ပြီးစဉ့်ကူးမှာ ကမ်းတက်ဖို့ကြိုးစားခဲ့ပေမယ့်တော်လှန်ရေးအဖွဲ့တွေကတိုက်ထုတ်နိုင်ခဲ့တယ်။ကမ်းတက်ဖို့မအောင်မြင်တာကြောင့် ဧရာဝတီမြစ်နောက်ဘက်ကမ်းကနေလက်နက်ကြီးတွေနဲ့မြို့ကိုနေ့တိုင်းပစ်ခတ်နေပါတယ်။စဉ့်ကူးမြို့တောင်ဘက်မတ္တရာမြို့နယ်ထဲမှာလဲတိုက်ပွဲတွေပြင်းထန်နေပါတယ်။မတ္တရာဒေသထဲကစစ်ကောင်စီတပ်စခန်း၂၀ ကျော်အထိသိမ်းပိုက်ထားနိုင်ပြီးတော်လှန်ရေးတပ်တွေဟာမြို့နဲ့နှစ်မိုင်ခန့်အကွာအထိရောက်ရှိနေပါပြီ။တချို့တိုက်ပွဲတွေဆိုရင်မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကရွာတွေအထိရောက်လာတယ်။ဒါ့ကြောင့်စစ်ကောင်စီဟာ မန္တလေး-မတ္တရာလမ်းကိုပိတ်ချထားပြီး မန္တလေးမြို့ထဲမှာလဲခံစစ်ပြင်နေပါတယ်။မန္တလေးမြို့မြောက်ဘက် အစွန်ကသာသနနယ်မြေဖြစ်တဲ့မန္တလေးတောင်ကိုလဲ ပိတ်လိုက်ပြီးတောင်ပေါ်မှာတပ်စွဲလိုက်ပြီ။မန္တလေးမြို့ပေါ်ရှိရဲစခန်းနဲ့ထွေအုပ်ရုံးတွေမှဘန်ကာတွေနဲ့သဲအိတ်တွေကာပြီးလုံခြုံရေးထပ်တိုးထားတယ်။အရင် ကတည်းကဘန်ကာတွေချ၊Slowdownတွေလုပ်ထားတယ်ဆိုပေမယ့် အခုကလေးလမ်းသွားကို သုံးလမ်းပိတ်ပြီးကားတစီးစာလေးချန်ထားတာပါ။မြို့ထဲကရပ်ကွက်တွေကြားထဲမှာလဲထပ်တိုးတပ်စွဲမှုတွေပြုလုပ်နေတယ်။လမ်းမကြီးတွေပေါ်မှာလဲအစစ်အဆေးတွေ အရင်ကထပ်ပိုကြမ်းနေတယ်။မြို့ခံတွေကတော့ စစ်ပွဲတွေမန္တလေးမြို့ထိရောက်လာတော့မှာလားဆိုပြီးစိုးရိမ်နေကြတယ်။
Read moreDetailsတရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ အာဏာစွန့်ဖို့တိုက်တွန်းထားသေးတယ်။ဒီလကုန်မှာသက်တမ်းခြောက်လထပ်တိုးပြီးစစ်ကောင်စီကအာဏာဆက်ယူမှာကို ခွင့်ပြုချင်ပုံမရတော့ဘူး။ဒါ့ကြောင့်ဒီလကုန်ထိမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုအပစ်ရပ်ခိုင်းထားတာလဲဖြစ်နိုင်တယ်။တရုတ်ရဲ့ဖိအားတွေနဲ့ရှမ်းမြောက်ကစစ်ရေးဖိအားတွေကြောင့် လာမယ့်သြဂုတ်လ၁ရက်နေ့မှာမင်းအောင်လှိုင်ဘာဆက်လုပ်မလဲဆိုတာစိတ်ဝင်စားစရာပဲ။
Read moreDetailsလတ်တလောဖြစ်ပျက်နေတဲ့ဘဏ်အကြပ်အတည်းဟာစစ်ကောင်စီငွေစက္ကူတွေအများအပြားရိုက်နှိပ်ဖြေရှင်းလိုက်လို့ပြေလည်သွားပါပြီ။ဒီတပတ်ထဲဘဏ်တွေမှာငွေထုတ်တွေလွယ်ကူသွားတယ်။ဘဏ်တွေကထုတ်ပေးနေတဲ့ငွေတွေအားလုံးဟာတစ်သောင်းတန်အသစ်တွေချည်းပါပဲ။စစ်ကောင်စီဟာငွေကြေးအကြပ်အတည်းတွေပေါ်လာတိုင်းရွေချယ်စရာနည်းလမ်းမရှိပဲငွေစက္ကူတွေကိုသာအတိုင်းအဆမရှိရိုက်ထုတ်နေပါတယ်။ထိုဖြေရှင်းနည်းဟာလတ်တလောမှာပြေလည်သွားပုံပေါ်ပေမယ့်ရေရှည်မှာတော့ငွေကြေးဖောင်းပွမှုနှုန်းကိုဆက်လက်မြင့်တက်စေပါတယ်။အချက်အလက်များအရအရပ်သားအစိုးရလက်ထက်စီးပွားရေးနှေးကွေးနေတဲ့ကိုဗစ်ကာလမှာတောင်ကျပ်ငွေ၃၀၀၀ဘီလီယံကျော်သာအသစ်ရိုက်နှိပ်ခဲ့တယ်။ဒါပေမယ့်အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာကျပ် ငွေဘီလီယံသုံးသောင်းကျော်ရိုက်နှိပ်ခဲ့တယ်လို့သိရတယ်။လက်ရှိအခြေအနေမှာနိုင်ငံခြားဝင်ငွေမရှိတော့ပဲစစ်စားရိတ်ထောင်းနေတဲ့စစ်ကောင်စီဟာဘဏ်အကြပ်အတည်းတွေ ပေါ်လာတိုင်းငွေတွေထပ်ပြီးရိုက်နှိပ်နေဦးမှာပဲ။
Read moreDetailsစစ်ကောင်စီဟာမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေသိမ်းပိုက်ထားတဲ့ရှမ်းမြောက်ကသိန္ဒီမြို့၊မြို့မစျေးကို မနေ့ညနေကဗုံးကြဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ပါတယ်။ဗုံးကြဲခဲ့တဲ့အချိန်ဟာစျေးထဲမှာလူစည်ကားနေတဲ့အချိန်ဖြစ်လို့အပစ်မဲ့ ပြည်သူဆယ်ယောက်ကျော်သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်။ပြီးခဲ့တဲ့ရက်ကလဲကိုးကန့်အဖွဲ့တွေသိမ်းပိုက်ထားတဲ့လောက်ကိုင်မြို့လယ်ကိုတိုက်ပွဲမရှိပဲ ဗုံးကြဲခဲ့ပါသေးတယ်။ထိုလုပ်ရပ်တွေဟာအရပ်သားပြည်သူတွေအပေါ် ပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေပဲ။စစ်ကောင်စီဟာအခုလိုလုပ်နေတဲ့အကျိုးဆက်ကိုကျိန်းသေပေါက်ခံစားရမှာပါ။ရခိုင်မှာလဲအလားတူဖြစ်ရပ်မျိုးအကြိမ်ကြိမ်ကျူးလွန်ထားသေးတယ်။မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့စစ်ကောင်စီရဲ့ကျူးလွန်မှုတွေအပေါ်မှာ ငြိမ်ခံနေကြမှာမဟုတ်ပါဘူး။အတိုးနဲ့ပြန်တောင်းယူကြလိမ့်မယ်။သူတို့ရဲ့ထိုးစစ်တွေပိုမိုပြင်းထန်လာလိမ့်မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.