အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်တပ်ရဲ့ခြေလှမ်းတစ်ခုစတင်လိုက်တယ်။ ဒီနေ့က ချစ်သူများနေ့။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချစ်သူတွေပျော်ရွှင်ကြပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ချစ်သူစုံ တွဲတွေကတော့ အပူမီးတွေနဲ့ရှင်သန်နေကြရတယ်။ နေ့ဖက်ရော ညဖက်ပါ ကောင်းကောင်းမွန်မွန်မနေ ကြရဘူး။ တနင်္ဂနွေနေ့ ညနေ ငါးနာရီကျော်ကနေစပြီး စစ်အာဏာရှင်ဟာ တစ်ခုခုကိုထပ်ပြီးကြံစည်ပြန်တယ်။ စစ် ကားတွေ တန်းစီးပြီး...

Read moreDetails

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁။ (စနေ)

တစ်ညလုံးဆူညံပွတ်လောရိုက်ကာ ကျော်ဖြတ်လာပြီး မနက်ခင်းအသစ်ကိုရောက်လာခဲ့တယ်။ ညက ကောင်းကောင်းမအိပ်ရဘူး။ စစ်အစိုးရဟာ လူတစ်ချို့ကို ရပ်ကွက်တွေထဲလွှတ်တယ်။ မီးကွင်းတွေပစ်ခိုင်းတယ်။ ဆူပူမှုဖြစ်အောင် လုပ်ခိုင်းတယ်။ ဖမ်းမိတဲ့လူတွေက ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်သူခိုင်းတာလဲ ဆိုတဲ့မေးခွန်းကိုဖြေဖို့ တောင်အဆင်မပြေဘူး။ သူတို့ ဆေးတစ်မျိုးမျိုးအထိုးခံထားရတယ်။ ဗီဒီယိုဖိုင်တွေမှာကြည့်ရသလောက်...

Read moreDetails

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁။ (သောကြာ)

စစ်အာဏာရှင်တွေဟာ အကျဉ်းသား နှစ်သောင်းကျော်ကိုလွှတ်ပေးလိုက်တယ်။ ပြဿနာတစ်ခုထပ်ပြီး ဖန်တီးလိုက်တာပါပဲ။ အကျဉ်းသားတွေလွှတ်တာအကြောင်းရင်းရှိပါတယ်။ သူတို့ နည်းလမ်းတစ်မျိုးနဲ့ပြည်သူတွေကိုနှိပ်စက် တော့မယ်ဆိုတာအားလုံးကသိလိုက်တယ်။ လွှတ်လိုက်တဲ့အကျဉ်းသားတွေထဲမှာ အထင်ကရလူတစ်ချို့ ပါဝင်ပေမယ့် တော်တော်များများကတော့ လူဆိုးသူခိုးမှုတွေနဲ့ထောင်ကျသွားတဲ့သူတွေမှန်းအားလုံးက သိ ပြီးသားပါ။ ဒီနေ့ ဆန္ဒပြမှုက စည်ကားပါတယ်။ ရဲတွေနဲ့...

Read moreDetails

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁။ (ကြာသပတေး)

စစ်အာဏာရှင်လက်အောက်မှာနေရတဲ့ ၁၁ ရက်မြောက်နေ့။ ရန်ကုန်မှာတော့ အရာရာတိုင်းက အရှိန်မြင့်နေတယ်။ သံပုံးတီးသူ၊ ဆန္ဒသွားပြသူတွေအပြင် CDM မှာ ပါဝင်သူတွေပါတိုးလာတယ်။ ဟိုဌာန ဒီဌာန စသည်ဖြင့် အသီးသီးပါဝင်လာကြတာအားတက်စရာကောင်း လှပါတယ်။ စစ်အာဏာရှင်ဖက်က ခြေလှမ်းနှေးတယ်ထင်ရပေမယ့် သူတို့အကြံအကြီးကြီးတစ်ခုခုကြံနေပြီဆိုတာ အားလုံးက...

Read moreDetails

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။ (ဗုဒ္ဓဟူး)

စစ်အာဏာရှင်ရဲ့ အကွက်တွေအဖြစ်မြင်နေကြားနေရတဲ့အရာတစ်ခု နှစ်ခုကို ဒီနေ့တော့ မျက်ဝါး ထင်ထင်မြင်ခဲ့ရတယ်။ မနက် ၁၀ နာရီလောက်မှာ ကျွန်တော့်အိမ်ရှေ့က ကားတန်းကြီးဖြတ်သွားတာတွေ့ လိုက်ရတယ်။ ကား ၆ စီးလောက်ရှိမယ်။ ကားပေါ်မှာ လော်စပီကာတွေတပ်ထားပြီး လော်စပီကာမှာ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ”...

Read moreDetails

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ (အင်္ဂါ)

တစ်တိုင်းပြည်လုံးဆန္ဒပြတဲ့ပွဲ။ အာဏာရှင်ထံကနေလွတ်မြောက်အောင်ကြိုးစားရတဲ့ပွဲ။ မြန်မာနိုင်ငံရဲ့ ဆန္ဒပြပွဲက ရိုးစင်းပေမယ့် ထူးခြားတဲ့အချက်တွေရှိပါတယ်။ စစ်အစိုးရဟာ ဆန္ဒပြပွဲကိုလူစု ခွဲဖို့အတွက် ရေကားတွေအသင့်ပြင်ထားတယ်။ တစ်ချို့ကတော့ရိုးရိုးရေကား။ တစ်ချို့ကတော့ ရိုးရိုး မဟုတ်ဘူး။ Blench တွေထည့်ထားတယ်။ ဘာလို့လဲဆိုတော့ ရေနဲ့အဖြန်းခံရသူတစ်ချို့ ရဲ့မျက်နှာက နီရဲပြီး...

Read moreDetails

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ (တနင်္လာ)

တစ်နိုင်ငံလုံးဆန္ဒပြပွဲကျင်းပတဲ့နေ့။ အထူးသဖြင့် ပြည်သူအချင်းချင်းကအစိုးရရုံးဝန်ထမ်းတွေကို ရုံးမတက်ဘဲဆန္ဒပြဖို့ တောင်းဆိုမေတ္တာရပ် ခံထားကြတယ်။ စစ်အစိုးရရဲ့အလုပ်ယန္တရားကြီးရပ်သွားမှ သူတို့ရဲ့အုပ်ချုပ်မှုပြုတ် ကျမှာကိုး။ ဒီနေ့တော့ ရန်ကုန်မှာ လူပေါင်းသိန်းချီသန်းချီ ချီတက်စုဝေးပြီးဆန္ဒပြကြတယ်။ ဆူးလေနဲ့  လှည်းတန်းကတော့ အချက်အချာပေါ့။ အင်းစိန်ကလူတွေ မြောက်ဥက္ကလာကလူတွေ စသည်ဖြင့်မြို့နယ် အလိုက်...

Read moreDetails

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ (တနင်္ဂနွေ)

စစ်အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့။ အာဏာသိမ်းတာတွေ အာဏာထိမ်းတာတွေနဲ့ရှုပ်နေပေမယ့် ပြည်သူတွေအတွက်ကတော့ အာဏာသိမ်းတာပါပဲ။ စစ်အစိုးရကအစတုန်းကတော့ အာဏာထိမ်းတာလို့ ပြောတယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲဆိုလိုက်ပြီး အာဏာသိမ်းတဲ့အကွက်တွေရွှေ့လိုက်တော့ အာဏာထိမ်းတာလို့ဘယ်ပြောလို့ရပါ တော့မလဲ။ ဒီနေ့ ဆူးလေမှာ ဆန္ဒပြကြမယ်တဲ့။...

Read moreDetails

ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ (စနေ)

ဖေ့စ်ဘုတ်ပေါ်မှာပြောနေကြတဲ့ ၇၂ နာရီကမ်ပိန်းကြီးလည်းပြီးသွားပြီ။ ညဖက်ဆို သံပုံးတွေလည်းတီးပြီး သွားပြီ။ သူတို့ဖက်ကလည်း မီးတွေဖြတ်၊ ရုပ်သံလိုင်းတွေဖြတ်၊ အင်တာနက်တွေဖြတ်နဲ့ တစ်မျိုးပြီးတစ် မျိုး လုပ်ပြီးသွားပြီဆိုတော့ ဒီနေ့တော့ အများပြည်သူဆန္ဒပြပွဲတွေစတင်တယ်။ အင်တာနက်လိုင်းကို လုံးဝဖြတ်လိုက်တော့ မြန်မာတစ်နိုင်ငံလုံးက ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်သွား ခဲ့ကြတယ်။...

Read moreDetails

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ (သောကြာ)

ကျွန်တော်တို့ အနေနဲ့ နည်းလမ်း နှစ်ခုနဲ့ အာဏာရှင်ကိုဆန့်ကျင်လို့ရတယ်လို့မြင်မိတယ်။ ပထမတစ် နည်းက လမ်းပေါ်ထွက်ဆန္ဒပြတာပေါ့။ ဒီနည်းကတော့ သူတို့ပစ်သတ်ရင်သေမှာပေါ့။ အသက်နဲ့ရင်းရတဲ့ နည်းလမ်း။ အရင်အာဏာသိမ်းလို့ဆန္ဒပြတုန်းကလည်း သွေးမြေကျခဲ့ရတဲ့သာဓကတွေရှိခဲ့တော့ လမ်း ပေါ်ထွက်ပြီး ဆန္ဒပြတာနဲ့ သူတို့ လက်နက်အားကိုးပြီးပစ်ကြမယ်ဆိုတာကို အားလုံးကသိထားကြတယ်။...

Read moreDetails
Page 177 of 178 1 176 177 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist