အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၁၅၊ ၂၀၂၁။ (အင်္ဂါ)

အသက်ရှုမဝတဲ့သူတွေများလာတယ်။ ရန်ကုန်မြို့ရဲ့နေရာအနှံ့မှာ လူတွေဟာ အောက်ဆီဂျင်အိုးရရှိဖို့ အတွက် ပုံစံမျိုးစုံနဲ့ဝယ်ယူဖို့အသင့်ရှိနေကြတယ်။ အောက်ဆီဂျင်အိုးရဲ့ဈေးနှုန်းတွေဟာလည်း ပုံမှန်ထက် အဆမတန်မြင့်တက်သွားကြတယ်။ လူသေနှုန်းတွေလည်းတအားများလာတယ်။ ကိုဗစ်ရောဂါနဲ့သေဆုံး သူတွေ နေ့စဉ်ရာချီပြီရှိနေတယ်။ သင်္ချိုင်းမှာ အလောင်းတွေတောင်ပုံယာပုံဖြစ်နေတယ်။ အောက်ဆီဂျင် ကျပြီးသေဆုံးသူတွေချည်းပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာလည်း အရေးပေါ်အောက်ဆီဂျင်လိုအပ်နေတယ်ဆို ပြီး...

Read moreDetails

ဇူလိုင် ၁၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကြက်ဥတွေဈေးတက်တယ်။ အရင်တုန်းက တစ်လုံးကို ၁၀၀ ကျပ်တန်က အခု ၃၀၀ ကျပ်ဖြစ်သွားပြီ။ ဒါ တောင်ဈေးထဲမှာ ပစ္စည်းပြတ်သွားတယ်။ ဂွေးတောက်ရွက်တစ်စည်းကို ၁၀၀ ကနေ အခု ၂၀၀ ဖြစ်သွား ပြီ။ ဒါတောင် ဝယ်ချင်တိုင်းဝယ်လို့မရတော့ဘူး။...

Read moreDetails

ဇူလိုင် ၁၃၊ ၂၀၂၁။ (အင်္ဂါ)

အောက်ဆီဂျင်တွေလိုအပ်နေကြတယ်။ ဆိုရှယ်မီဒီယာပေါ်မှာအကူအညီတောင်းနေတဲ့ပိုစ့်တွေ၊ အောက် ဆီဂျင်အိုးဘယ်မှာရနိုင်မလဲလို့ ရပ်ကွက်ထဲမှာ လိုက်မေးနေတာတွေတွေ့ရတော့ တော်တော်ကြီးစိတ်မ ကောင်းဖြစ်မိတယ်။ ပြည်သူတွေဟာ တော်လှန်ရေးကိုတစ်ဖက် ကိုဗစ်ကိုတစ်ဖက်တိုက်ပွဲဝင်ကြရတယ်။ စစ်သူပုန်တွေဖက်က ထွေထွေထူးထူးဆောင်ရွက်ပေးတာမရှိဘူး။ ဒါ့အပြင် အောက်ဆီဂျင်စက်ရုံတွေကို ပိတ်ခိုင်းတယ်၊ ညဖက် အောက်ဆီဂျင်လိုလို့အရေးပေါ်လိုက်ရှာနေတဲ့သူတွေကို ပစ်သတ်တယ်။ နည်းမျိုး...

Read moreDetails

ဇူလိုင် ၁၂၊ ၂၀၂၁။ (တနင်္လာ)

ကိုဗစ်ကြောင့် အောက်ဆီဂျင်ကျပြီးသေဆုံးတဲ့သူတွေများလာတယ်။ စစ်ကောင်စီက ဒါကိုမကိုင်တွယ် တတ်ဘူးဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ လူတွေသေဆုံးနှုန်းက ထိန်းချုပ်လို့မနိုင်တဲ့အထိဖြစ်လာတယ်။ အဓိ ကတော့ အောက်ဆီဂျင်ပြတ်ကြတာ။ ဈေးကွက်ထဲမှာလည်း အောက်ဆီဂျင်အိုးတွေဈေးနှုန်းနှစ်ဆကျော် တက်သွားတယ်။ ဒါတောင်ဝယ်လို့မရဘူး။ စစ်ခွေးတွေက အရှက်မရှိဘဲ သူတို့ ကိုဗစ်ကိုထိန်းချုပ်နေသ ယောင်နဲ့...

Read moreDetails

ဇူလိုင် ၁၁၊ ၂၀၂၁။ ( တနင်္ဂနွေ)

ရန်ကုန်မှာကိုဗစ်ကြောင့်အောက်ဆီဂျင်လိုအပ်နှုန်းချက်ချင်းမြင့်တက်လာတယ်။ ဆေးရုံတွေကလူနာတွေထပ်လက်မခံတော့အိမ်မှာပဲကုနေတဲ့သူတွေ အောက်ဆီဂျင်ကျတဲ့အခါသုံးဖို့အောက်ဆီဂျင်ကိုတန်းစီနေရပြီ။ တော်တော်များများလဲဖျားနာနေကြတယ်။ ဖျားပြီးဆိုရင်တော့ကိုဗစ်ဖြစ်ဖို့သေချာသလောက်ပဲ။ ဒီကြားထဲစစ်ကောင်စီဟာအောက်ဆီဂျင်စက်ရုံတွေကိုဝင်သိမ်းပြီးပြည်သူကို အောက်စီဂျင်မဖြည့်ပေးဖို့တားဆီးမှုတွေလုပ်လာတယ်။ အတော်ယုတ်မာပတ်စပ်တဲ့ကောင်တွေပဲ။ အရင်အစိုးရလုပ်ပေးသွားတဲ့ဖောင်ကြီးလိုကိုဗစ်စင်တာကြီးတွေကိုလဲတပ်ပိုင်အဖြစ်သိမ်းလိုက်ပြီ။ စစ်တပ်ထဲမှာလဲကိုဗစ်ကထိန်းမနိုင်သိမ်းမရဖြစ်နေပြီကြားတယ်။ ဒင်းတို့အကုန်မြန်မြန်သေသွားကြပါစေ။

Read moreDetails

ဇူလိုင် ၁၀၊ ၂၀၂၁။ (စနေ)

ကိုဗစ်ဟာနေ့ချင်းညချင်းရန်ကုန်ရောက်လာခဲ့ပါပြီ။ အရင်ရက်တွေကသိပ်မသိသာသေးပေမယ့် အခုဆိုရင်ဆေးရုံတွေအကုန်လူနာတွေပြည့်သွားပါပြီ။ အရင်လို Q Center တွေ၊ အရေးပေါ်ဆေးရုံတွေမရှိတော့တဲ့အတွက် အခြေအနေတွေဟာထိန်းမနိုင်သိမ်းမရဖြစ်လာတော့မှာပါ။ စစ်ကောင်စီကလည်း ဘာမှလုပ်ပေးမှာမဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်မှာတော့ စစ်သူပုန်တွေကို PDF နဲ့ KIA ပူးပေါင်းတိုက်ခိုက်လို့လေးရက်အတွင်းစစ်သူပုန်နှစ်ရာနီးပါးကိစ္စချောသွားတယ်လို့သိရတယ်။ အဲ့ဒီဒေသဘက်မှာဒီလဆန်းပိုင်းကတည်းကလက်သံပြောင်ပြောင်နဲ့တိုက်ပွဲဝင်နေတာပါ။ နောက်ဆိုမြို့သိမ်းတိုက်ပွဲတွေပါနွှဲမလားပဲ။

Read moreDetails

ဇူလိုင် ၉၊ ၂၀၂၁။ (သောကြာ)

မြို့နယ်တစ်ချို့ကမီတာရုံးတွေမှာပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားလာပါတယ်။ စစ်ကောင်စီဟာ မီတာခတွေဆောင်ဖို့အတင်းအကျပ်ဖိအားပေးလာတာကိုတွေ့ရတယ်။ သူတို့ကအမြဲတမ်းပိုက်ဆံလို နေတာကိုး။ အိမ်တိုင်ယာရောက်စစ်တပ်ပါခေါ်ပြီး မီတာခတွေကိုလိုက်ကောက်နေတယ်။ မီတာခမဆောင်တဲ့အိမ်တွေကို မီးဖြတ်တာတွေပါလုပ်လာတယ်။ PDF တွေဘက်ကလည်း အရင်ရက်တွေကတည်းက မီတာခတွေအတင်းအကြပ်မကောက်ခံဖို့ သတိပေးစာတွေထုတ်ပြန်ထားတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီကအရေးမလုပ်တဲ့အတွက်မီတာရုံးတွေမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်လာတယ်။ အရင်ရက်တွေက ရန်ကုန်ကမြို့နယ်တစ်ချို့မှာပဲဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းနယ်မြို့ကြီးတွေမှာပါပေါက်ကွဲမှုတွေဖြစ်လာတယ်။...

Read moreDetails

ဇူလိုင် ၈၊ ၂၀၂၁။ (ကြာသပတေး)

ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့တယ်လီနောကတော့ မြန်မာပြည်စျေးကွက်ကနေပြန်လည်ထွက် ခွာဖို့ သေချာသွားပါပြီ။ လက်ဘနွန်အခြေစိုက်ကုမ္ပဏီ တစ်ခုကိုအောက်စျေးနဲ့ရောင်းလိုက်ပါပြီ။ ထိုကုမ္ပ ဏီဟာစစ်တပ်နဲ့နီးစပ်တယ်လို့သိရပြီးနို င်ငံတကာမှာအမည်ပျက်စာရင်းဝင်ထားပါတယ်။ စစ်ကောင် စီဟာ ဆက်သွယ်ရေးကဏ္ဌကို ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ တယ်လီနောနည်းတူပဲ နာမည်ကြီးကား တာယာကုမ္ပဏီတစ်ခုဖြစ်တဲ့ BRIDGESTONE ဟာသူ့လုပ်ငန်းတွေကိုရုပ်သိမ်းတော့မယ်တဲ့။ ကမ္ဘာ့ အဆင့်မီ...

Read moreDetails

ဇူလိုင် ၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကျောင်းသားသမဂ္ဂအဆောက်အအုံမိုင်းခွဲခံရမှု အမှတ်တရ 7 JULY သပိတ်ကို တနိုင်ငံလုံးမြို့တော်တော် များများမှာလုပ်ကြတယ်။ သပိတ်တွေပြန်ထွက်ကြတဲ့နေ့တစ်နေ့ပေါ့။ မနေ့ကလုပ်တဲ့ UN လူ့အခွင့်အရေးညီလာခံမှာစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မရခဲ့ပါဘူး။ ထိုညီလာ ခံမှာမြန်မာ့အရေးမဆွေးနွေးဖို့ တရုတ်နဲ့အပေါင်းအပါတွေကန့်ကွက်ခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး ။ UN ကိုယ်စားလှယ်ကတော့ မြန်မာဟာကျရှုံးနိုင်ငံတစ်ခုအဖြစ်ကိုဦးတည်နေပြီလို့ပြောလိုက်ပါပြီ။ စီးပွားရေး ကထိုးကျ၊...

Read moreDetails

ဇူလိုင် ၆၊ ၂၀၂၁။ (အင်္ဂါ)

ကိုဗစ်ကူးနှုန်းဟာရက်ပိုင်းအတွင်းမှာပဲမိုးပေါ်ထောင်တက်နေပါတယ်။ ဒီနေ့တစ်ရက်တာအတွက်ဆိုသုံး ထောင်ကျော်သွားပါပြီ။ ရာခိုင်နှုန်းနဲ့ဆိုသုံးဆယ်ရာခိုင်နှုန်းခန့်ရှိပါတယ်။ တစ်နေ့ထက် တစ်နေ့စံချိန်ချိုး လို့သာနေပါတယ်။ ကလေးမြို့မှာတော့အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရပါပြီ။ ထိုမြို့လေးမှာကိုဗစ်နဲ့တစ်နေ့ လေးဆယ် ခန့်သေဆုံးနေပါတယ်။ မြို့ထဲကလမ်းတိုင်းမှာအသုဘအိမ်တွေ နေ့တိုင်းရှိတယ်လို့ကြားတယ်။ မီးသဂြိုလ် စက်လည်းမနိုင်တော့လို့အလောင်းတွေပုံနေပါတယ်။ အများစုကအောက်ဆီဂျင်မရလို့ သေဆုံးကြရ တာပါ။ စစ်ကောင်စီဟာဒီအခြေအနေကိုဘယ်လိုမှထိန်းနိုင်စွမ်းမရှိပါဘူး။ ဆရာဝန်တွေကိုဖမ်းဆီး၊...

Read moreDetails
Page 166 of 182 1 165 166 167 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist