ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့တယ်လီနောကတော့ မြန်မာပြည်စျေးကွက်ကနေပြန်လည်ထွက် ခွာဖို့ သေချာသွားပါပြီ။ လက်ဘနွန်အခြေစိုက်ကုမ္ပဏီ တစ်ခုကိုအောက်စျေးနဲ့ရောင်းလိုက်ပါပြီ။ ထိုကုမ္ပ ဏီဟာစစ်တပ်နဲ့နီးစပ်တယ်လို့သိရပြီးနို င်ငံတကာမှာအမည်ပျက်စာရင်းဝင်ထားပါတယ်။ စစ်ကောင် စီဟာ ဆက်သွယ်ရေးကဏ္ဌကို ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ တယ်လီနောနည်းတူပဲ နာမည်ကြီးကား တာယာကုမ္ပဏီတစ်ခုဖြစ်တဲ့ BRIDGESTONE ဟာသူ့လုပ်ငန်းတွေကိုရုပ်သိမ်းတော့မယ်တဲ့။ ကမ္ဘာ့ အဆင့်မီ လုပ်ငန်းကြီးတွေတစ်ခုပြီး တစ်ခုနိုင်ငံတွင်းကထွက်ခွာနေကြပါတယ်။ ပြည်တွင်းမှာ ဝင်ငွေ ကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေတစ်ဖြည်းဖြည်းရှားပါးလာပါတော့မယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...