နိုင်ငံတကာအခြေစိုက်အစားအသောက်နဲ့ဖက်ရှင်ဆိုင်တချို့ပြန်လည်ရုတ်သိမ်းနေပါပြီ။ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုဖြစ်တဲ့တယ်လီနော်တောင်ပြန်တော့မယ်လို့အသံတွေထွက်နေတယ်။အထည်ချုပ်စက်ရုံတွေလဲပိတ်ကုန်လို့လုပ်သားသိန်းနဲ့ချီပြီးအလုပ်လက်မဲ့ဖြစ်ကုန်ပြီ။ဆောက်လုပ်ရေးလုပ်ငန်းတွေလဲထိုနည်းလည်းကောင်းပဲ။ဘဏ်တွေကောင်းကောင်းမလည်ပတ်နိုင်လို့ရပ်ထားရတယ်။အခြေခံအလုပ်သမားတွေအကုန်ဒုက္ခရောက်ကုန်ကြပြီ။လုပ်ငန်းရှင်တွေလဲဘာမှမထူးဘူး။ဘဏ်ကငွေသားလှည့်ပတ်မှုမရှိတဲ့အတွက်အလုပ်တွေရပ်ထားရတယ်။ဒီကာလကြီးမှာလူတိုင်းသူ့အတိုင်းအတာနဲ့သူငတ်နေကြပြီ။
Read moreDetailsမြေအောက်တော်လှန်ရေးအဖွဲ့တွေရဲ့ဒလန်သတင်းပေးတွေနဲ့စစ်ကောင်စီဒေါက်တိုင်အုပ်ချုပ်ရေးမှုးတွေကိုသုတ်သင်နှုန်းဟာဒီလဆန်းပိုင်းကစပြီးတက်လာတယ်။နိုင်ငံတဝန်းမှာတစ်ရက်ကိုအနည်းဆုံးငါးဦးခန့်အသတ်ခံနေရတယ်။မြင်းခြံမှာဆိုနေ့စဉ်ရက်ဆက်ပဲ။ဒါတောင်မှပဲမကြောက်မရွံ့နဲ့စစ်တပ်သတင်းပေးလုပ်နေတဲ့သူတွေအများကြီးကျန်သေးတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ကတိုက်ပွဲတွေမှာPDFတွေအခြေအနေကောင်းပေမယ့်ဒီပဲယင်းမြို့လေးမှာတော့အလူးအလဲခံနေရတယ်။အဲ့ဒီဒေသကတိုက်ပွဲတွေမှာPDFတွေရော၊အပြစ်မဲ့ပြည်သူတွေပါနှစ်ရက်ပေါင်းလေးဆယ်နီးပါးကျဆုံးသွားတယ်။ထုံးစံအတိုင်းစစ်သူပုန်တွေကမဲမဲမြင်ရာလက်နက်ကြီးနဲ့ထုနေကြတယ်။ရွာပေါင်းများစွာလဲထွက်ပြေးနေကြရပြီ။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မွေးနေ့အဖြစ်တနိုင်ငံလုံးကပြည်သူတွေကျင်းပပေးကြတယ်။ကျင်းပပုံတွေကတော့အခေါင်းမီးရှို့ခြင်း၊သူ့ဓာတ်ပုံကိုဖျက်စီးခြင်း၊ပန်းခွေချခြင်းတို့နဲ့မွေးနေ့ပွဲလုပ်ပေးကြတယ်။ဆိုရှယ်မီဒီယာပေါ်မှာဆိုမင်းအောင်လှိုင်နာမည်တပ်ပြီးအဆဲသပိတ်ပါရှိသေးတယ်။သူအာဏာရူးလို့ငါးလအကြာမှာကျဆုံးပြည်သူစုစုပေါင်းကိုးရာနီးပါးရှိလာပြီဖြစ်ပါတယ်။
Read moreDetailsဒီမနက်စောစောပိုင်းလောက်ကရန်ကုန်မြို့ရဲ့အချက်အခြာမြေနီကုန်းဂုံးကျော်တံတားပေါ်မှာရဲကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားတယ်။တံတားပေါ်မှာကပ်ထားတဲ့အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းကိုလာဖြုတ်တဲ့အချိန်မှာပေါက်ကွဲသွားတာ။ပြောရရင်တော့ထောင်ဖမ်းတဲ့သဘောပေါ့။ပျောက်ကျားစနစ်ကတဖြည်းဖြည်းနဲ့အဆင့်မြင့်လာပြီ။မနေ့ကလဲအဲ့ဒီတံတားအောက်ကယာဥ်ထိန်းရဲကင်းမှာတစ်လုံးပေါက်သွားသေးတယ်။နယ်ဘက်တွေမှာတော့PDFတိုက်ပွဲတွေဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကိုရောက်သွားပြီ။မနေ့ကကောလင်းမှာစဖြစ်တဲ့တိုက်ပွဲတွေဟာဝင်းသို၊ထီးချိုင့်၊ကသာဘက်တွေပါပြန့်နှံလာတယ်။PDFတွေနဲ့အတူKIAကပါပူးပေါင်းပေးတယ်လို့ကြားပေမယ့်သီးခြားအတည်မပြုနိုင်သေးပါဘူး။ထိုတိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်က၄၀ ကျော်သေဆုံးသွားတယ်လို့သိရတယ်။ အတည်ပြုလို့ရတဲ့စာရင်းတွေအရပြီးခဲ့တဲ့ဇွန်လတစ်လလုံးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်သူပုန်ခြောက်ရာကျော်သေဆုံးခဲ့တယ်။
Read moreDetailsNUGဟာနိုင်ငံတကာနယ်ပယ်မှာအတော်ခရီးရောက်နေပါတယ်။ပြင်သစ်မှာဆိုဒေါက်တာဆာဆာဟာပါလီမန်အမတ်တွေနဲ့ဆွေးနွေးပြီးသူတို့လွှတ်တော်မှာNUGကိုတရားဝင်အသိအမှတ်ပြုဖို့ပြင်သစ်အစိုးရကိုအဆိုတင်သွင်းမယ်ပြောတယ်။ပြီးခဲ့တဲ့တပတ်ကဂျပန်လွှတ်တော်မှာလဲNUGရဲ့ကြိုးပမ်းမှုကြောင့်စစ်ကောင်စီကိုလုံးဝမထောက်ခံကြောင်းကြေငြာခဲ့တယ်။အမေရိကန်နိုင်ငံခြားရေးဌာနကလဲဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံပြီးမြန်မာပြည်မာဒီမိုကရေစီပြန်ရဖို့ကူညီပေးမယ်လို့ပြောတယ်။သြစတေးလျအမတ်တွေကလဲသူတို့အစိုးရကိုစစ်ကောင်စီကိုပိတ်ဆို့မှုတွေထပ်လုပ်ဖို့တိုက်တွန်းနေပြီ။ဒါNUGကြောင့်နိုင်ငံကြီးတွေအားလုံးရဲ့အရွှေ့တွေပါ။ဘယ်နိုင်ငံကအရင်တရားဝင်အသိအမှတ်ပြုမလဲဆိုတာကတော့စောင့်ကြည့်ရမယ်။ မနေ့ကနိုင်ငံရေးအကျဥ်းသားအနည်းငယ်ကိုအပြသဘောစစ်ကောင်စီကလွှတ်ပေးလိုက်ပေးမယ့်ဘယ်သူကမှအဖတ်မလုပ်ကြဘူး။အဖက်မလုပ်တဲ့အပြင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ကဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထပ်တောင်းဆိုလိုက်တယ်။အခုလွှတ်ပေးလိုက်တဲ့သူတွေထဲမှာနာမည်ကြီးပုဂ္ဂိုလ်တွေတစ်ယောက်မှမပါဘူးလေ။လွှတ်ပေးလိုက်တာပဲအဖတ်တင်သွားတယ်၊စစ်ကောင်စီရဲ့ရာ်ရွယ်ချက်ဟာမအောင်မြင်ပါဘူး။
Read moreDetailsချင်းပြည်နယ်၊မင်းတပ်မှာတိုက်ပွဲတွေမရှိတော့ပေမယ့်ဟားခါးနဲ့ဖလမ်းဘက်ကတိုက်ပွဲတွေကြောင့်ဒီရက်ပိုင်းမှာတင်စစ်သူပုန်တွေဘက်က၄၀လောက်မြေသြဇာဖြစ်ကုန်တယ်။ချင်းပြည်နယ်နဲ့ကလေးမြို့ဘက်မှာတိုက်ပွဲတွေရှိနေတုန်းပဲ။ စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ဒီနေ့လွှတ်ပေးမယ်လို့ပြောပြန်တယ်။မနက်ကတည်းကအင်းစိန်ထောင်ရှေ့မှာလာစောင့်နေတဲ့လူအုပ်ကြီးကြောင့်ကားလမ်းမတစ်ခုလုံးပြည့်သွားတယ်။ကိုဗစ်တွေပြန့်နှံနေတဲ့ဒီလိုအချိန်ကြီးမှာလူတွေကိုတနေကုန်အောင်ဒုက္ခခံစောင့်ခိုင်းပြီးညနေစောင်းမှလွှတ်ပေးတယ်။မနေ့ညကလဲဖမ်းမမိသေးတဲ့အနုပညာရှင်တချို့ကို၅၀၅ဝရမ်းစာရင်းကပယ်ဖျက်လိုက်တယ်။တကယ်တော့နှစ်ထောင်ဆိုတဲ့အရေအတွက်ကသူတို့မတရားဖမ်းဆီးထားတာတွေနဲ့စာရင်ဘာမှမပြောပြလောက်ပါဘူး။နည်းနည်းလောက်အလွှတ်ပြပြီးနိုင်ငံတကာဖိအားကိုရှောင်ချင်ပုံပဲ။
Read moreDetailsရန်ကုန်မှာဟိုနေ့ကစစ်ကားဗုံးခွဲခံရတဲ့တာမွေမြို့နယ်မှာပဲဘဏ်ရှေ့မှာလုံခြုံရေးယူနေတဲ့ရဲတစ်ဉီးပစ်သတ်ခံလိုက်တယ်။ပစ်သွားတဲ့လူကိုလိုက်ဖမ်းပေမယ့်မမိလိုက်ဘူး။အဲ့ဒီနောက်တော့စစ်သူပုန်ရမ်းသမ်းပစ်ခတ်လို့လမ်းသွားလမ်းလာကားတစ်စီးကိုထိမှန်ပြီးအပစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတယ်။ အွန်လိုင်းပေါ်မှာလဲမနက်ဖြန်D DAYဆိုပြီးကောလဟာလသတင်းတွေပြန့်နေတယ်။ဒီအချိန်မှာမှ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကDDAYမကြာမှီလာမည်လို့တင်လိုက်တော့ပိုပြီးပွဲစည်ကုန်တာပေါ့။သူ့အနေနဲ့NUGကဝန်ကြီးတစ်ယောက်ဖြစ်ပြီးအချိန်ကိုက်ဒီလိုမပြောသင့်ဘူး။လူတွေကြားမှာဇဝေဇဝါတွေဖြစ်ကုန်တယ်။
Read moreDetailsကိုဗစ်တွေ့ရှိမှုနှုန်းကဒီနေ့မှာတစ်ထောင်ကျော်သွားခဲ့ပါပြီ။၁၃၂၅ယောက်ပါ။ရာခိုင်နှုန်းနဲ့တွက်ရင်၁၈ရာခိုင်နှုန်းလောက်ရှိပါတယ်။ပထမလှိုင်း၊ဒုတိယလှိုင်းကစလို့တစ်နေ့တာမှာအဲ့လောက်ရာခိုင်နှုန်းတစ်ခါမှမရောက်ဖူးပါဘူး။စံချိန်ချိုးသွားပါပြီ။ချင်းပြည်နယ်မှာဆိုတော်တော်ပြန့်နှံနေပါတယ်။အောက်ဆီဂျင်တွေတောင်မလောက်တော့ဘူးတဲ့။ ဒါပေမယ့်လဲစစ်ကောင်စီဟာအရေးမလုပ်ပါဘူး။ကျောင်းတွေလဲဆက်လက်ဖွင့်ထားဆဲပါ။လူကယ်ပြန်ဝန်ကြီးမကတော့ထုတ်ဆီးတိုးနေပါတယ်။စစ်ကောင်စီဟာကိုဗစ်ကိုလက်နက်တစ်ခုအသုံးချနေပါတယ်။
Read moreDetailsစစ်ကိုင်းတိုင်း၊ပုလဲမြို့လေးကိုစစ်ပုန်တွေဝင်သောင်းကျန်းသွားတယ်။အဲ့ဒီဘက်မှာမနေ့ကနဲ့တနေ့ကစစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရလို့အကောင်၄၀ကျော်သေကြတယ်လေ။အဲ့တော့မဲမဲမြင်ရာမြို့လေးထဲဝင်သောင်းကျန်းတယ်။ဘာမှမဆိုင်တဲ့NLDရုံးကိုဖျက်စီးသွားတယ်။လမ်းဘေးမှာအမှိုက်ကောက်တဲ့ကလေးနှစ်ယောက်ကိုလဲဗုံးထောင်တယ်ဆိုပြီးဖမ်းသွားသေးတယ်။နယ်မြေခံရဲတွေကအမှိုက်ကောက်တဲ့ကလေးတွေပါလို့ပြောတာတောင်မလွှတ်ပေးဘူးတဲ့။ ရန်ကုန်မှာလဲလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူငယ်တွေကိုဘာမှမလုပ်ပဲဖမ်းဆီးသွားပါတယ်။ချီးဉီးနှောက်တွေနဲ့တိရိစ္ဆာန်သာသာအလုပ်လုပ်နေကြတယ်။အိမ်ထဲမှာပဲနေနေ၊အပြင်ပဲသွားသွား၊ဘာလုပ်လုပ်မလုံခြုံတော့ပါဘူး။
Read moreDetailsဒီမနက်ကတည်းကစစ်ကောင်စီမှာမင်းအောင်လှိုင်နေရာကိုစိုးဝင်းကအာဏာပြန်သိမ်းသွားပြီဆိုပြီးအသံတွေထွက်နေတယ်။တကယ်တော့ဘာမှမဟုတ်ဘူး။သူတို့ဘက်ကဆိုက်ဝါးလွှင့်တာပဲနေမှာ။ ဒီနေ့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးမယ်လို့လဲကြားပေးမယ့်ဘာမှဖြစ်မလာခဲ့ပါဘူး။ဒီရက်ပိုင်းတော့ဆိုက်ဝါးတွေအမျိုးမျိုးကြားနေရတယ်။တော်လှန်ရေးကိုအာရုံလွဲအောင်လုပ်နေကြတာပဲဖြစ်မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.