မြို့နယ်တစ်ချို့ကမီတာရုံးတွေမှာပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားလာပါတယ်။ စစ်ကောင်စီဟာ မီတာခတွေဆောင်ဖို့အတင်းအကျပ်ဖိအားပေးလာတာကိုတွေ့ရတယ်။ သူတို့ကအမြဲတမ်းပိုက်ဆံလို နေတာကိုး။ အိမ်တိုင်ယာရောက်စစ်တပ်ပါခေါ်ပြီး မီတာခတွေကိုလိုက်ကောက်နေတယ်။ မီတာခမဆောင်တဲ့အိမ်တွေကို မီးဖြတ်တာတွေပါလုပ်လာတယ်။ PDF တွေဘက်ကလည်း အရင်ရက်တွေကတည်းက မီတာခတွေအတင်းအကြပ်မကောက်ခံဖို့ သတိပေးစာတွေထုတ်ပြန်ထားတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီကအရေးမလုပ်တဲ့အတွက်မီတာရုံးတွေမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်လာတယ်။ အရင်ရက်တွေက ရန်ကုန်ကမြို့နယ်တစ်ချို့မှာပဲဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းနယ်မြို့ကြီးတွေမှာပါပေါက်ကွဲမှုတွေဖြစ်လာတယ်။...
Read moreDetailsဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့တယ်လီနောကတော့ မြန်မာပြည်စျေးကွက်ကနေပြန်လည်ထွက် ခွာဖို့ သေချာသွားပါပြီ။ လက်ဘနွန်အခြေစိုက်ကုမ္ပဏီ တစ်ခုကိုအောက်စျေးနဲ့ရောင်းလိုက်ပါပြီ။ ထိုကုမ္ပ ဏီဟာစစ်တပ်နဲ့နီးစပ်တယ်လို့သိရပြီးနို င်ငံတကာမှာအမည်ပျက်စာရင်းဝင်ထားပါတယ်။ စစ်ကောင် စီဟာ ဆက်သွယ်ရေးကဏ္ဌကို ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ တယ်လီနောနည်းတူပဲ နာမည်ကြီးကား တာယာကုမ္ပဏီတစ်ခုဖြစ်တဲ့ BRIDGESTONE ဟာသူ့လုပ်ငန်းတွေကိုရုပ်သိမ်းတော့မယ်တဲ့။ ကမ္ဘာ့ အဆင့်မီ...
Read moreDetailsကျောင်းသားသမဂ္ဂအဆောက်အအုံမိုင်းခွဲခံရမှု အမှတ်တရ 7 JULY သပိတ်ကို တနိုင်ငံလုံးမြို့တော်တော် များများမှာလုပ်ကြတယ်။ သပိတ်တွေပြန်ထွက်ကြတဲ့နေ့တစ်နေ့ပေါ့။ မနေ့ကလုပ်တဲ့ UN လူ့အခွင့်အရေးညီလာခံမှာစစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မရခဲ့ပါဘူး။ ထိုညီလာ ခံမှာမြန်မာ့အရေးမဆွေးနွေးဖို့ တရုတ်နဲ့အပေါင်းအပါတွေကန့်ကွက်ခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး ။ UN ကိုယ်စားလှယ်ကတော့ မြန်မာဟာကျရှုံးနိုင်ငံတစ်ခုအဖြစ်ကိုဦးတည်နေပြီလို့ပြောလိုက်ပါပြီ။ စီးပွားရေး ကထိုးကျ၊...
Read moreDetailsကိုဗစ်ကူးနှုန်းဟာရက်ပိုင်းအတွင်းမှာပဲမိုးပေါ်ထောင်တက်နေပါတယ်။ ဒီနေ့တစ်ရက်တာအတွက်ဆိုသုံး ထောင်ကျော်သွားပါပြီ။ ရာခိုင်နှုန်းနဲ့ဆိုသုံးဆယ်ရာခိုင်နှုန်းခန့်ရှိပါတယ်။ တစ်နေ့ထက် တစ်နေ့စံချိန်ချိုး လို့သာနေပါတယ်။ ကလေးမြို့မှာတော့အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရပါပြီ။ ထိုမြို့လေးမှာကိုဗစ်နဲ့တစ်နေ့ လေးဆယ် ခန့်သေဆုံးနေပါတယ်။ မြို့ထဲကလမ်းတိုင်းမှာအသုဘအိမ်တွေ နေ့တိုင်းရှိတယ်လို့ကြားတယ်။ မီးသဂြိုလ် စက်လည်းမနိုင်တော့လို့အလောင်းတွေပုံနေပါတယ်။ အများစုကအောက်ဆီဂျင်မရလို့ သေဆုံးကြရ တာပါ။ စစ်ကောင်စီဟာဒီအခြေအနေကိုဘယ်လိုမှထိန်းနိုင်စွမ်းမရှိပါဘူး။ ဆရာဝန်တွေကိုဖမ်းဆီး၊...
Read moreDetailsနိုင်ငံတကာအခြေစိုက်အစားအသောက်နဲ့ဖက်ရှင်ဆိုင်တချို့ပြန်လည်ရုတ်သိမ်းနေပါပြီ။ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုဖြစ်တဲ့တယ်လီနော်တောင်ပြန်တော့မယ်လို့အသံတွေထွက်နေတယ်။အထည်ချုပ်စက်ရုံတွေလဲပိတ်ကုန်လို့လုပ်သားသိန်းနဲ့ချီပြီးအလုပ်လက်မဲ့ဖြစ်ကုန်ပြီ။ဆောက်လုပ်ရေးလုပ်ငန်းတွေလဲထိုနည်းလည်းကောင်းပဲ။ဘဏ်တွေကောင်းကောင်းမလည်ပတ်နိုင်လို့ရပ်ထားရတယ်။အခြေခံအလုပ်သမားတွေအကုန်ဒုက္ခရောက်ကုန်ကြပြီ။လုပ်ငန်းရှင်တွေလဲဘာမှမထူးဘူး။ဘဏ်ကငွေသားလှည့်ပတ်မှုမရှိတဲ့အတွက်အလုပ်တွေရပ်ထားရတယ်။ဒီကာလကြီးမှာလူတိုင်းသူ့အတိုင်းအတာနဲ့သူငတ်နေကြပြီ။
Read moreDetailsမြေအောက်တော်လှန်ရေးအဖွဲ့တွေရဲ့ဒလန်သတင်းပေးတွေနဲ့စစ်ကောင်စီဒေါက်တိုင်အုပ်ချုပ်ရေးမှုးတွေကိုသုတ်သင်နှုန်းဟာဒီလဆန်းပိုင်းကစပြီးတက်လာတယ်။နိုင်ငံတဝန်းမှာတစ်ရက်ကိုအနည်းဆုံးငါးဦးခန့်အသတ်ခံနေရတယ်။မြင်းခြံမှာဆိုနေ့စဉ်ရက်ဆက်ပဲ။ဒါတောင်မှပဲမကြောက်မရွံ့နဲ့စစ်တပ်သတင်းပေးလုပ်နေတဲ့သူတွေအများကြီးကျန်သေးတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ကတိုက်ပွဲတွေမှာPDFတွေအခြေအနေကောင်းပေမယ့်ဒီပဲယင်းမြို့လေးမှာတော့အလူးအလဲခံနေရတယ်။အဲ့ဒီဒေသကတိုက်ပွဲတွေမှာPDFတွေရော၊အပြစ်မဲ့ပြည်သူတွေပါနှစ်ရက်ပေါင်းလေးဆယ်နီးပါးကျဆုံးသွားတယ်။ထုံးစံအတိုင်းစစ်သူပုန်တွေကမဲမဲမြင်ရာလက်နက်ကြီးနဲ့ထုနေကြတယ်။ရွာပေါင်းများစွာလဲထွက်ပြေးနေကြရပြီ။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မွေးနေ့အဖြစ်တနိုင်ငံလုံးကပြည်သူတွေကျင်းပပေးကြတယ်။ကျင်းပပုံတွေကတော့အခေါင်းမီးရှို့ခြင်း၊သူ့ဓာတ်ပုံကိုဖျက်စီးခြင်း၊ပန်းခွေချခြင်းတို့နဲ့မွေးနေ့ပွဲလုပ်ပေးကြတယ်။ဆိုရှယ်မီဒီယာပေါ်မှာဆိုမင်းအောင်လှိုင်နာမည်တပ်ပြီးအဆဲသပိတ်ပါရှိသေးတယ်။သူအာဏာရူးလို့ငါးလအကြာမှာကျဆုံးပြည်သူစုစုပေါင်းကိုးရာနီးပါးရှိလာပြီဖြစ်ပါတယ်။
Read moreDetailsဒီမနက်စောစောပိုင်းလောက်ကရန်ကုန်မြို့ရဲ့အချက်အခြာမြေနီကုန်းဂုံးကျော်တံတားပေါ်မှာရဲကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားတယ်။တံတားပေါ်မှာကပ်ထားတဲ့အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းကိုလာဖြုတ်တဲ့အချိန်မှာပေါက်ကွဲသွားတာ။ပြောရရင်တော့ထောင်ဖမ်းတဲ့သဘောပေါ့။ပျောက်ကျားစနစ်ကတဖြည်းဖြည်းနဲ့အဆင့်မြင့်လာပြီ။မနေ့ကလဲအဲ့ဒီတံတားအောက်ကယာဥ်ထိန်းရဲကင်းမှာတစ်လုံးပေါက်သွားသေးတယ်။နယ်ဘက်တွေမှာတော့PDFတိုက်ပွဲတွေဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကိုရောက်သွားပြီ။မနေ့ကကောလင်းမှာစဖြစ်တဲ့တိုက်ပွဲတွေဟာဝင်းသို၊ထီးချိုင့်၊ကသာဘက်တွေပါပြန့်နှံလာတယ်။PDFတွေနဲ့အတူKIAကပါပူးပေါင်းပေးတယ်လို့ကြားပေမယ့်သီးခြားအတည်မပြုနိုင်သေးပါဘူး။ထိုတိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်က၄၀ ကျော်သေဆုံးသွားတယ်လို့သိရတယ်။ အတည်ပြုလို့ရတဲ့စာရင်းတွေအရပြီးခဲ့တဲ့ဇွန်လတစ်လလုံးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်သူပုန်ခြောက်ရာကျော်သေဆုံးခဲ့တယ်။
Read moreDetailsNUGဟာနိုင်ငံတကာနယ်ပယ်မှာအတော်ခရီးရောက်နေပါတယ်။ပြင်သစ်မှာဆိုဒေါက်တာဆာဆာဟာပါလီမန်အမတ်တွေနဲ့ဆွေးနွေးပြီးသူတို့လွှတ်တော်မှာNUGကိုတရားဝင်အသိအမှတ်ပြုဖို့ပြင်သစ်အစိုးရကိုအဆိုတင်သွင်းမယ်ပြောတယ်။ပြီးခဲ့တဲ့တပတ်ကဂျပန်လွှတ်တော်မှာလဲNUGရဲ့ကြိုးပမ်းမှုကြောင့်စစ်ကောင်စီကိုလုံးဝမထောက်ခံကြောင်းကြေငြာခဲ့တယ်။အမေရိကန်နိုင်ငံခြားရေးဌာနကလဲဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံပြီးမြန်မာပြည်မာဒီမိုကရေစီပြန်ရဖို့ကူညီပေးမယ်လို့ပြောတယ်။သြစတေးလျအမတ်တွေကလဲသူတို့အစိုးရကိုစစ်ကောင်စီကိုပိတ်ဆို့မှုတွေထပ်လုပ်ဖို့တိုက်တွန်းနေပြီ။ဒါNUGကြောင့်နိုင်ငံကြီးတွေအားလုံးရဲ့အရွှေ့တွေပါ။ဘယ်နိုင်ငံကအရင်တရားဝင်အသိအမှတ်ပြုမလဲဆိုတာကတော့စောင့်ကြည့်ရမယ်။ မနေ့ကနိုင်ငံရေးအကျဥ်းသားအနည်းငယ်ကိုအပြသဘောစစ်ကောင်စီကလွှတ်ပေးလိုက်ပေးမယ့်ဘယ်သူကမှအဖတ်မလုပ်ကြဘူး။အဖက်မလုပ်တဲ့အပြင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ကဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထပ်တောင်းဆိုလိုက်တယ်။အခုလွှတ်ပေးလိုက်တဲ့သူတွေထဲမှာနာမည်ကြီးပုဂ္ဂိုလ်တွေတစ်ယောက်မှမပါဘူးလေ။လွှတ်ပေးလိုက်တာပဲအဖတ်တင်သွားတယ်၊စစ်ကောင်စီရဲ့ရာ်ရွယ်ချက်ဟာမအောင်မြင်ပါဘူး။
Read moreDetailsချင်းပြည်နယ်၊မင်းတပ်မှာတိုက်ပွဲတွေမရှိတော့ပေမယ့်ဟားခါးနဲ့ဖလမ်းဘက်ကတိုက်ပွဲတွေကြောင့်ဒီရက်ပိုင်းမှာတင်စစ်သူပုန်တွေဘက်က၄၀လောက်မြေသြဇာဖြစ်ကုန်တယ်။ချင်းပြည်နယ်နဲ့ကလေးမြို့ဘက်မှာတိုက်ပွဲတွေရှိနေတုန်းပဲ။ စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ဒီနေ့လွှတ်ပေးမယ်လို့ပြောပြန်တယ်။မနက်ကတည်းကအင်းစိန်ထောင်ရှေ့မှာလာစောင့်နေတဲ့လူအုပ်ကြီးကြောင့်ကားလမ်းမတစ်ခုလုံးပြည့်သွားတယ်။ကိုဗစ်တွေပြန့်နှံနေတဲ့ဒီလိုအချိန်ကြီးမှာလူတွေကိုတနေကုန်အောင်ဒုက္ခခံစောင့်ခိုင်းပြီးညနေစောင်းမှလွှတ်ပေးတယ်။မနေ့ညကလဲဖမ်းမမိသေးတဲ့အနုပညာရှင်တချို့ကို၅၀၅ဝရမ်းစာရင်းကပယ်ဖျက်လိုက်တယ်။တကယ်တော့နှစ်ထောင်ဆိုတဲ့အရေအတွက်ကသူတို့မတရားဖမ်းဆီးထားတာတွေနဲ့စာရင်ဘာမှမပြောပြလောက်ပါဘူး။နည်းနည်းလောက်အလွှတ်ပြပြီးနိုင်ငံတကာဖိအားကိုရှောင်ချင်ပုံပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.