အရှေ့တီမောနိုင်ငံရဲ့ အာဆီယံဝင်ခွင့်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။အရှေ့တီမောနိုင်ငံဟာ NUGကိုထောက်ခံထားတာကြောင့် အခုလိုကန့်ကွက်နေတာပါ။အရှေ့တီမောဘက်ကတော့ ထိုကန့်ကွက်မှုကို ပယ်ချထားပါတယ်။အာဆီယံမှာလူရာမဝင်တဲ့ စစ်ကောင်စီဟာ အခုလို ကန့်ကွက်တယ်ဆိုတာက ရယ်စရာတော့ကောင်းတယ်။အာဆီယံကလဲလက်ခံမယ်မထင်ပါဘူး။အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာရင်တော့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ တစ်စုံတစ်ရာ အထောက်အကူရလာမှာပါ။
Read moreDetailsကလေးမြို့ကနေ ချင်းပြည်နယ်ကို တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျောက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးနောက် ကလေးမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားပါပြီ။ စုစုပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းဟာ မေလ ၂၀ရက်မှာ ကလေးမြို့ကတဆင့် ကားလမ်းကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။...
Read moreDetailsမြဝတီမြို့အနီး ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေကို KNUဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေတာ အခုဆိုရင် သိမ်းစရာစခန်း နှစ်ခုခန့်သာကျန်ပါတော့တယ်။ဒီရက်ပိုင်းမှာလဲဝေါလေရဲစခန်းနဲ့ ဗျူဟာရဲ့ကာကင်းတစ်ချို့ကို ဆက်တိုက်သိမ်းပိုက်ထားတယ်။ ထိုနယ်မြေမှာကျန်နေတာဆိုလို့ ၂၀၂၂ခုနှစ်တုန်းကအပီးသတ်မသိမ်းပိုက်နိုင်ခဲ့တဲ့ ဥကရစ်ထစခန်းနှင့် ဝေါလေဗျူဟာစခန်းသာရှိတော့တယ်။ကျန်နေတဲ့ စစ်စခန်းတွေကိုလဲ ဒီရက်ပိုင်းမှာ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။
Read moreDetailsစစ်ကိုင်းမြို့နဲ့မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စီးဖြစ်တဲ့ စစ်ကိုင်းတံတားပေါ်ကို ဖြတ်သန်းလာတဲ့ ခရီးသွားတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။ မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကိုင်းမြို့ဘက်ခြမ်း တံတားကြေးကောက်ခံတဲ့ဂိတ်မှာ လက်နက်ကိုင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဟာ ခရီးသွားကားတွေကိုတားဆီးပြီး...
Read moreDetailsကရင်နီပြည်နယ်ဖားဆောင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့တိုက်လေယာဥ်တစ်စီး ထပ်မံပျက်ကျခဲ့ပါတယ်။စစ်ကောင်စီက သူတို့လေယာဥ်တစ်စီး ထိုဒေသမှာအဆက်အသွယ်ပျက်တောက်နေတယ်လို့ ထုတ်ပြန်အပြီးမှာဒေသခံတော်လှန်ရေးအဖွဲ့တွေက လေယာဥ်ပျက်ကိုတောထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ထိုလေယာဥ်ဟာဖားဆောင်းမြို့တိုက်ပွဲမှာ ဗုံးလာကြဲတဲ့လေယာဥ်ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောထားတယ်။တရုတ်ထုတ်အပေါစား တိုက်လေယာဥ်တစ်စီးသာဖြစ်တာကြောင့် စစ်ကောင်စီအတွက်ဆုံးရှုံးမှုတော့ ကြီးမားမှာမဟုတ်ပါဘူး။ဒါပေမယ့်သုံးလအတွင်းမှာတော့ ရဟတ်ယာဥ်နဲ့ တိုက်လေယာဥ်လေးစီးအထိဆုံးရှုံးထားပါတယ်။ဖားဆောင်းမြို့မှာလဲ စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်နေရာမှာ တစ်ခုကိုရရှိထားပြီး ကျန်တစ်ခုကို ဆက်လက်တိုက်ခိုက်လျက်ရှိတယ်။
Read moreDetailsအာဏာသိမ်း စစ်ကောင်စီက ဆေးရုံဆေးခန်းတွေကိုပါ တိုက်လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် ပြည်သူကို ဆေးဝါးကုသပေးနိုင်ရေး မြေအောက်ဆေးရုံတွေ စတင် ဆောက်လုပ်နေပြီလို့ NUG က ပြောလာတယ်။ NUG အနေနဲ့ မြေအောက် ဆေးရုံ ခုနှစ်ရုံ ဒါမှမဟုတ် ရှစ်ရုံအထိ...
Read moreDetailsနောင်ချိုမြို့ကိုထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာလဲ မြို့အနီးလေးမိုင်အကွာအထိ ရောက်လာနေပါပြီ။စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီးတောင်ခမ်းဘက်ကတက်လာတဲ့ စစ်ကြောင်းကမြို့နဲ့အတော်နီးနေပြီ။ပြင်ဦးလွင်ဘက်ကတက်လာတဲ့ စစ်ကြောင်းဟာလဲလအတန်ကြာရပ်တန့်နေခဲ့ရာက အခုဆိုရင်ရှေ့ကို တဖြည်းဖြည်းတိုးလာနေပါပြီ။TLNAတပ်တွေ တဆုတ်ထဲဆုတ်နေရတယ်။ဒီပုံစံအတိုင်းဆိုရင် နောင်ချိုမြို့ကို စစ်ကောင်စီလက်ထဲ ဒီလမကုန်ခင် ပြန်ပေးရဖို့များနေပါပြီ။
Read moreDetailsမန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်ကျေးရွာအနီး စစ်စခန်းတွေထဲ လနဲ့ချီကြာ ခိုအောင်းနေရတဲ့ စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ဖောက်ထွက် လာပါတယ်။ ဇွန်လ ၂၇ရက်က စလို့ သပိတ်ကျင်းနယ် ၇မိုင်ရွာ တဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက...
Read moreDetailsစစ်ကိုင်းမြို့မှာ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသည့် နမ့်လတ်ပရဟိတအဖွဲ့၏ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးထားပြီး၊ အဖွဲ့ပိုင်ကားနှင့် ငလျင်ကူညီရေးပစ္စည်းများကို သိမ်းဆည်းထားပါတယ်။ အဖွဲ့ဝင်အားလုံးကို ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရတယ်။ ဖမ်းဆီးမှုမတိုင်မီ တရက်က စစ်ကောင်စီအရာရှိတဦး ဓမ္မာရုံသို့ လာရောက်စစ်ဆေးခဲ့သေးတယ်။ လက်ရှိအချိန်မှာတော့ လုပ်အားလာပေးတဲ့...
Read moreDetailsကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ ဖားဆောင်းမြို့ကလက်ကျန်တပ်ရင်းနှစ်ခုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စတင်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စက်သုံးဆီစျေးတွေ မြင့်တက်နေတယ်လို့သိရတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.