ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ ဖားဆောင်းမြို့ကလက်ကျန်တပ်ရင်းနှစ်ခုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စတင်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စက်သုံးဆီစျေးတွေ မြင့်တက်နေတယ်လို့သိရတယ်။