သြဂုတ် ၃၁၊ ၂၀၂၄။ (တနင်္ဂနွေ)
မနေ့ကထွက်လာတဲစာနဲ့ပတ်သတ်ပြီး တော်လှန်ရေးဘက်တော်သားတွေဘက်မှာ ပွဲဆူနေကြတယ်။တချို့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကတော့ တရုတ်ကိုဆန့်ကျင်ကြောင်း ပြောဆိုစာထုတ်လာကြတယ်။တကယ်တော့ထိုစာဟာ အတုဖြစ်စေအစစ်ဖြစ်စေအစစ်လို့မှတ်ယူရမှာက အမှန်တရားပါပဲ။ ဒီလလယ်လောက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုလာပြီး မင်းအောင်လှိုင်နဲ့တွေ့သွားတယ်။ပြီးတော့အာဆီယံခေါင်းဆောင်တချို့နဲ့ ဆက်တွေ့တယ်။မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်မရကြောင်းပြောတယ်။စစ်ပွဲတွေရပ်စဲဖို့ တရုတ်အနေနဲ့ကြိုးစားနေကြောင်းပြောတယ်။တချိန်ထဲမှာပဲ တရုတ်နိုင်ငံဆိုင်ရာမြန်မာပြည်အထူးကိုယ်စားလှယ်က KIA၊ဝအဖွဲ့အပါအဝင်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့တယ်။နောက်ဆုံးမှာတော့ ထိုစာထွက်လာခဲ့တယ်။...
Read more