LATEST STORIES

ဒီဇင်ဘာ ၂၂၊ ၂၀၂၃။ (သောကြာ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမန်တုံမြို့ကိုTNLAကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ စစ်ခေါင်း‌ဆောင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန်နှင့် မန်တုံမြို့တို့ဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်တယ်။ TNLA က နမ့်ဆန်ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ပြီး အလုံးစုံထိန်းချုပ်ထားပြီးအခု မန်တုံမြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းကို TNLA...

Read moreDetails

ဒီဇင်ဘာ ၂၁၊ ၂၀၂၃။ (ကြာသပတေး)

မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီ​၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာအား တာဝေးပစ် လက်နက်ကြီးများဖြင့်တော်လှန်ရေးအဖွဲ့တွေကပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စုစုပေါင်းလက်နက်ကြီးခြောက်လုံးပစ်ခတ်ခဲ့တယ်လို့သိရတယ်။မန္တလေးမြို့နန်းတွင်းဟာစစ်ကောင်စီတပ်၏အလုံခြုံဆုံးဟုယူဆခံထားရတဲ့နေရာတစ်ခုဖြစ်တယ်။တော်ရုံနဲ့တိုက်ခိုက်ခံရဖို့ခဲယဉ်းတယ်။တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်တွေဟာမန္တလေးမြို့ဆင်ခြေဖုန်းရှိရွာအချို့ကိုဝင်ရောက်ရှာဖွေခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်။နောက်ဆက်တွဲသတင်းတွေအရတော့ထိုတိုက်ခိုက်မှုကြောင့်နန်းတွင်းရှိစစ်ကောင်စီတိုင်းမှုးကတော်တစ်ယောက်သေဆုံးခဲ့တယ်လို့သိရတယ်။ဒါဟာအမှန်ဆိုရင်တော့နန်းတွင်းကစစ်ကောင်စီတပ်တွေကိုကောင်းကောင်းပညာပေးလိုက်နိုင်တယ်လို့ပြောရမယ်။မန္တလေးမြို့အနီးအနားမှာတိုက်ပွဲတွေမရှိသေးပေမယ့်ဆက်စပ်နယ်မြေတွေမြစ်တဲ့မတ္တရာ၊သပိတ်ကျင်း၊မိုးကုတ်၊နွားထိုးကြီးစတဲ့မြို့နယ်တွေမှာတော့တော်လှန်ရေးတပ်ဖွဲ့တွေရောက်ရှိနေပါပြီ။

Read moreDetails

ဒီဇင်ဘာ ၂၀၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကိုးကန့်ဒေသမှာတိုက်ပွဲတွေခေတ္တငြိမ်သက်နေရာမှအခုတော့စစ်ကောင်စီနဲ့MNDAAတို့ပြန်လည်တိုက်ခိုက်နေကြပါပြီ။အဓီကကတော့လောက်ကိုင်မြို့မှာပေါ့။ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၀ရက်လောက်ကစစ်ကောင်စီနဲ့MNDAAတို့တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့်တွေ့ဆုံပွဲတွေဖြစ်ပြီးနောက်ပိုင်းတိုက်ပွဲတွေခေတ္တငြိမ်သက်နေခဲ့တယ်။ဒီရက်တွေအတွင်းမှာလောင်ကိုင်မြို့ထဲကိုကိုးကန့်တပ်တချို့ဝင်ရောက်လာခဲ့ပြီးမနေ့ကတော့လောက်ကိုင်မြို့အဝင်ဂိတ်တစ်ခုဖြစ်တဲ့ရန်လုံကျိုင်းဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေလက်နက်ချသွားတာကြောင့်ကိုးကန့်တပ်တွေကသေနတ်မဖောက်လိုက်ရပဲအသာတကြည်သိမ်းပိုက်နိုင်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင်မှာ ပြင်းထန်သည့်တိုက်ပွဲများပြန်လည် ဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပါတယ်။စစ်ကောင်စီနဲ့ကိုးကန့်တပ်တို့ဒီလကုန်ထိအအပစ်ရပ်ထားတာပျက်ပြယ်သွားတဲ့သဘောပဲ။နှစ်ဘက်အပစ်ရပ်ထားတာဆယ်ရက်လောက်ပဲခံလိုက်ပြီးမီးကုန်ရမ်းကုန်ကြမ်းကြတော့မှာပါ။လက်ရှိမှာတော့လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီစခန်းအားလုံးနီးပါးကိုကိုးကန့်တပ်တွေသိမ်းပိုက်ထားနိုင်ပြီးမြို့နဲ့စစ်တပ်ရဲ့ဒကစစခန်းတစ်ခုသာကျန်ပါတော့တယ်။စစ်ကောင်စီဘက်ကလဲမြို့ကိုလွယ်လွယ်နဲ့လက်လွတ်မယ့်ပုံမပေါ်ပါဘူး။ဒါပေမယ့်စစ်ကောင်စီဘက်ကဘယ်လိုပဲခုခံနေပါစေအချိန်တန်ရင်တော့လောက်ကိုင်မြို့ကိုMNDAAကရရှိသွားမှာကျိန်းသေပါတယ်။

Read moreDetails

ဇန်နဝါရီ ၀၄၊ ၂၀၂၄။ (ကြာသပတေး)

ဒီနေ့ဟာမြန်မာပြည်ရဲ့လွတ်လပ်ရေးနေ့ပါ။ ဒီနေ့မှာတော့ ရန်ကုန်မြို့ထဲ လွတ်လွတ်လပ်လပ် သွားကြည့်မယ်လို့ စိတ်ဆုံးဖြတ်မိတယ်။၏အမှန်တော့ ဒီအခြေအနေမှာ ဘယ်လိုမှ မလွတ်လပ်နိုင်ဘူးဆိုတာ သိနှင့်ပြီးသားပါ။ ဒါပေမဲ့ ​ဟိုးအရင်က လွတ်လပ်ရေးနေ့တွေလို ရန်ကုန်မြို့ကို လျှောက်ပတ်ကြည့်ချင်မိတယ်။ ဘာလို့ဆို လွတ်လပ်ရေးနေ့ဆိုတဲ့အတိုင်း ​လူထု​ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်ရန်ကုန်ဟာ တကယ်ကို...

Read moreDetails

လောင်စာဆီအကြပ်အတည်း လာရာနှင့် လားရာ

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာတွင် နိုင်ငံအတွင်းလောင်စာဆီပြတ်တောက်မှုမှာ ၂၀၁၀ ​နောက်ပိုင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းကို ကြုံတွေ့​နေရသည်။ ပြည်သူများအနေဖြင့် စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီရနေပြီး ဒေသအလိုက် လောင်စာဆီဈေးနှုန်းများလည်း မကြားဘူး​သော​ဈေးနှုန်းသို့​ရောက်​အောင် ကြီးမြင့်နေသည်။ တချို့ဒေသများတွင် ဓါတ်ဆီတစ်လီတာကို ကျပ်...

Read moreDetails

ဒီဇင်ဘာ ၁၉၊ ၂၀၂၃။ (အင်္ဂါ)

ပဲခူးတိုင်းအရှေ့ခြမ်းမုန်းမြို့ကိုဒီလဆန်းပိုင်းက စစ်ကောင်စီ၏ ခမရ(၅၉၀) ၊ ခမရ(၅၉၉) ၊ မုန်းရဲစခန်းအပါအဝင်စစ်ကောင်စီတပ်များကိုKNUပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်အခုတော့စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပါပြီ။စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်များတိုက်ခိုက်သိမ်းပိုက်ခံရတာကြောင့်စစ်တပ်ကပြန်လည်ထိန်းချုပ်အပြီးမှာ မုန်းမြို့ရှိ စျေးဆိုင်တန်းများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေပါတယ်။ဒေသခံများကိုလည်း မောင်းထုတ်နေတယ်လို့သိရတယ်။အဆိုပါဈေးဆိုင်တန်း များအားမီးရှို့ဖျက်ဆီးခြင်းများမပြုလုပ်မီ(၅)ရက်ခန့်အလိုတွင်စစ်ကောင်စီတပ်သားများမှဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ပစ္စည်းများကို စျေးပေါပေါဖြင့် ပြန်လည်ရောင်းချခဲ့တယ်။ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း...

Read moreDetails

ဒီဇင်ဘာ ၁၈၊ ၂၀၂၃။ (တနင်္လာ)

ချင်းပြည်နယ်ဘက်မှာလဲမကွေးတိုင်း၊ဂန့်ဂေါမြို့နယ်နှင့် ချင်းပြည်နယ်အစပ်၊ ဘုံးဇုံရွာစစ်ကောင်စီရဲစခန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကိုဖမ်းမိထားပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိတယ်။တချို့စစ်ကောင်စီတပ်သားတွေထွက်ပြေးနေကြလို့လိုက်ဖမ်းနေတယ်။ဘုံးဇုံရဲစခန်းသည်ဂန့်ဂေါမြို့နှင့်ဟားခါးမြို့တိုကို့ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင်တည်ရှိပြီးချင်းပြည်နယ်မြို့တော်ဟားခါးနဲ့မင်းတပ်မြို့ကစစ်ကောင်စီတပ်တွေကိုမကွေးတိုင်းမှလက်နက်ရိက္ခာပို့ရာမှာတထောက်နားလေ့ရှိတဲ့စခန်းဖြစ်တယ်။ထိုစခန်းကိုချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် ဟားခါး-ဂန့်ဂေါလမ်းမကြီးတလျောက်တွင် စစ်ကောင်စီတပ်စခန်း မကျန်​တော့​တာကြောင့်ချင်းပြည်နယ်ကိုထိန်းချုပ်ဖို့အတွက်နောက်တဆင့်တက်လှမ်းလိုက်နိုင်ပါပြီ။ဒါ့အပြင်ချင်းပြည်အနောက်ပိုင်းပလက်ဝမြို့နယ်မှစစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၀၄)လက်အောက်ခံထယ်ဘွေ့စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရတယ်။လက်ရှိအခြေအနေအရစစ်ကောင်စီဟာချင်းပြည်နယ်ကိုမြေပြင်ကစစ်ကူပေးပို့ဖို့လုံးဝမဖြစ်နိုင်သလောက်ဖြစ်သွားပါပြီ။လေကြောင်းကစစ်ကူပိုဖို့ကလဲအကန့်အသတ်တွေရှိနေတာကြောင့်ချင်းတော်လှန်ရေးအဖွဲ့တွေအားစိုက်နိုင်ရင်ဟားခါးအပါအဝင်ချင်းပြည်နယ်အတွင်းကမြို့ကြီးတွေအနှေးနဲ့အမြန်လွတ်မြောက်နိုင်ပါတယ်။

Read moreDetails

ဒီဇင်ဘာ ၁၇၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်တပ်က အပြင်းအထန် ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်- TNLA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလို TNLA က စခန်းသစ်ကုန်း သိမ်းပိုက်လိုက်နိုင်တာဟာနမ့်ခမ်းမြို့တစ်ခုလုံးTNLAထိန်းချုပ်မှုအောက်ရောက်သွားတာဖြစ်တယ်။နမ့်ခမ်းမြို့ကိုTNLAကနိုဝင်ဘာလကတည်းကတိုက်ခိုက်နေတာဖြစ်ပြီးမြို့ကိုထိန်းချုပ်နိုင်ပေမယ့်မြို့အနီးကစစ်ကောင်စီရဲ့စခန်းသစ်ကုန်းကိုတလကျော်ကြာအပြင်းအထန်တိုက်ခိုက်ခဲ့ရတာဖြစ်တယ်။ဒီရက်ပိုင်းမှာစစ်ကောင်စီကထိုစခန်းသစ်ကုန်းမကျရေးအတွက်ရဟတ်ယာဉ်တွေနဲ့စစ်ကူတစ်ရာကျော်ပေးပို့ခဲ့ပေမယ့်ထိုစစ်ကူအားလုံးစခန်းသစ်ကုန်းမရောက်ခင်တိုက်ခိုက်ခံရလို့ဖရိုဖရဲနဲ့တပ်ပျက်ထွက်ပြေးခဲ့ရတယ်။အခုနောက်ဆုံးတော့ထိုစခန်းကကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချသွားတဲ့ပုံစံပါပဲ။စခန်းမှာလဲဒဏ်ရာရစစ်သားတွေအများအပြားဖြစ်နေပြီလေ။ ကားတွေနဲ့ မူဆယ်ဘက် လူနာတွေ...

Read moreDetails

ဇန်နဝါရီ ၀၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်KIAဌာနချုပ်တည်ရှိရာလိုင်ဇာမြို့အနီးမှာစစ်ကောင်စီရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကိုKIAကပစ်ချလိုက်ပါတယ်။ထိုရဟတ်ယာဉ်ဟာလိုင်ဇာမြို့အနီးမှာတည်ရှိတဲ့စစ်ကောင်စီစခန်းကိုလက်နက်ရိက္ခာလာပို့တဲ့အချိန်မှာပစ်ချခံလိုက်ရတာပါ။KIAဘက်ကတော့လေယာဉ်မှုးနှစ်ဦးအပါအဝင်ရဟတ်ယာဉ်ပေါ်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးလုံးသေဆုံးသွားတယ်လို့ပြောလိုက်တယ်။စစ်ကောင်စီဘက်တော့တစ်စုံတစ်ရာမပြောသေးပါဘူး။ဒီတခေါက်ကရှင်းလင်းပြတ်သားတဲ့ဗီဒီယိုဖိုင်တွေထွက်လာတဲ့အတွက်စစ်ကောင်စီဘက်ကအရင်လိုငြင်းလို့လဲမရတော့ပါဘူး။ KIAဟာ၂၀၂၁ခုနှစ်အတွင်းကလဲစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချခဲ့ဘူးသေးတယ်။နွေဦးတော်လှန်ရေးကာလအတွင်းမှာတော့ဒါနဲ့ဆိုရင်စစ်ကောင်စီဟာစစ်သုံးရဟတ်ယာဉ်ငါးစီးခန့်နဲ့တိုက်ခိုက်ရေးဂျက်လေယာဉ်၂စီးဆုံးရှုံးထားပါတယ်။ဒီနေ့KIAကပစ်ချခဲ့တဲ့ရဟတ်ယာဉ်ကိုတော်လှန်ရေးအတွက်နှစ်သစ်လက်ဆောင်လို့မှတ်ယူလိုက်မယ်။

Read moreDetails

ဒီဇင်ဘာ ၁၆၊ ၂၀၂၃။ (စနေ)

တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့စစ်ကိုင်းတိုင်းခမ်းပတ်မြို့ကိုပြန်လည်သိမ်းယူဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာအရေးမလှဖြစ်ပြီးပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့အပတ်ထဲကအင်အား၂၀၀ခန့်နဲ့ခမ်းပတ်မြို့ကိုပြန်လည်ရယူဖို့ကြိုးစားခဲ့တယ်။ဒီရက်တွေအတွင်းမှာခမ်းပတ်မြို့တဝိုက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်သူပုန်တွေဟာမြို့အနားရှိမိဘမဲ့ကလေးကျောင်းကကလေးတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားလို့တော်လှန်ရေးတပ်ဖွဲ့တွေကကယ်ထုတ်ပေးခဲ့ရသေးတယ်။နောက်ဆုံးမှာတော့တော်လှန်ရေးအဖွဲ့တွေကအောင်မြင်စွာခုခံနိုင်ခဲ့ပြီးစစ်သူပုန်တွေအကျအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီဟာနိုင်ငံတဝန်းမှာသူတို့ဆုံးရှုံးသွားတဲ့မြို့တွေကိုပြန်လည်သိမ်းယူဖို့ခုချိန်ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ရှမ်းမြောက်ကမြို့တွေကိုအသာထားလို့စစ်ကိုင်းတိုင်းထဲကခမ်းပတ်လို့မြို့သေးသေးလေးကိုတောင်မှပြန်လည်သိမ်းယူနိုင်စွမ်းမရှိသေးပါဘူး။တော်လှန်ရေးအဖွဲ့တွေကိုထိုးစစ်ပြန်ဆင်နိုင်ဖို့ထပ်နောက်ထပ်မြို့တွေမပါသွားအောင်ခုခံနေရတဲ့အနေအထားပါ။ ရှမ်းမြောက်မှာလဲမူဆယ်၁၀၅မိုင်စခန်းနားကစစ်တပ်ရဲ့အခိုင်အမာဗျူဟာကုန်းစခန်းကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေသိမ်းပိုက်နိုင်လိုက်တယ်။ဒါကြောင့်တရုတ်နယ်စပ်အကြီးမှာဆုံးကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထိန်းချုပ်နိုင်လိုက်ပါပြီ။စစ်ကောင်စီတပ်တွေကတော့မူဆယ်မြို့ထဲဆုတ်ခွာသွားပြီးမြို့ထဲကနေခုခံဖို့ပြင်ဆင်နေတယ်လို့သိရတယ်။မနေ့ကပြောခဲ့သလိုပဲထိုဗျုဟာကုန်းစခန်းကိုရရှိလိုက်တဲ့အတွက်မူဆယ်မြို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ပိုမိုလွယ်ကူသွားပါပြီ။

Read moreDetails
Page 75 of 233 1 74 75 76 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist