LATEST STORIES

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ရန်ကုန်ကထိုင်းသံရုံးမှာဗီဇာရဖို့လူအုပ်ကြီးနဲ့တန်းစီစုပြုံထိုးနေစဉ်အတွင်းမှာပဲမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံး (ပတ်စ်ပို့ရုံး) တွင် ​နိုင်ငံကူးလက်မှတ်လျှောက်ထားရန် လူထောင်နှင့်ချီ စုပြုံတိုးစဉ် လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်။မန္တလေးပတ်စ်ပို့ရုံးတွင် နေ့စဉ် လူဦးရေ ၂၀၀ ဝန်းကျင်ကိုသာ ရုံးအတွင်းဝင်ရောက် လျှောက်လွှာတင်ခွင့် ပြုထားသော်လည်း လူဦးရေ ၅၀၀၀...

Read moreDetails

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။ (အင်္ဂါ)

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်ပြည်တွင်းကငွေကြေးတက်နိုင်တဲ့လူတွေနဲ့လူငယ်တွေဒီရက်ပိုင်းအစုလိုက်အပြုံလိုက်ပြည်ပကိုထွက်ခွာနေကြတယ်။ဒါပေမယ့်သူတို့မှာရွေးချယ်စရာနိုင်ငံများများစားစားတော့မရှိပါဘူး။ထိုင်း၊မလေးရှားနဲ့စင်ကာပူနိုင်ငံတွေလောက်သာရှိနေတယ်။ထိုနိုင်ငံတွေထဲမှာမှလူတန်းစားအတော်များများအတွက်အဆင်ပြေတဲ့ထိုင်းနိုင်ငံကိုသွားကြတာတော့အများဆုံးပေါ့။ဒီလိုအခြေအနေတွေကြောင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားသည့် အတွက် ဗီဇာလျှောက်ထားသူအရေအတွက် ကို အကန့်အသတ်ဖြင့်သာလက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်လိုက်တယ်။တရက်လျှင်ဗီဇာလျှောက်ထားသူအရေအတွက်၄၀၀သာလက်ခံတော့မယ်တဲ့။ဗီဇာရက်ချိန်းကိုတန်းစီစနစ်နဲ့အွန်လိုင်းဘိုကင်စနစ်ကျင့်သုံးမှာဖြစ်တယ်။လက်ရှိအချိန်မှာတော့ထိုင်းသံရုံးရှေ့မှာလာရောက်တန်းစီသူတွေအယောက်၁၀၀၀လောက်ရှိနေတယ်။ထိုင်းသံရုံးကအခြားနိုင်ငံသံရုံးတွေထက်ဗီဇာလွယ်ကူတဲ့အထဲမှာတော့ထိုင်းပါနေတော့အကုန်စုပြုံတိုးနေကြတာ‌ပေါ့။ထိုင်းဗီဇာဟာအလည်အပတ်အတွက်ဆိုရင်၁၄ရက်freeရပြီးသွားကြတာပဲ။အခုကြာကြာနေချင်တဲ့သူတွေကဗီဇာကိုဒုက္ခခံပြီးလျှောက်နေကြတာပါ။

Read moreDetails

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး

ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များအကြား ယမန်နေ့ကတည်း တိုက်ပွဲပြင်းထန်နေရာ အရပ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး အိမ်အများ အပြားလည်း ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နံနက်...

Read moreDetails

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။ (တနင်္လာ)

မွန်ပြည်နယ်ထဲကတစ်ခုထဲသောEAOဖြစ်တဲ့မွန်ပြည်သစ်ပါတီကခေါင်းဆောင်တချို့ဟာစစ်ကောင်စီကိုပြန်တိုက်မယ်လို့ကြေငြာလိုက်ပါတယ်။မွန်ပြည်သစ်ပါတီဟာစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးစာချုပ်NCAကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ခုဖြစ်တယ်။ဒီလထဲမှာထိုအဖွဲ့ဟာညီလာခံတစ်ခုပြုလုပ်ပြီးခေါင်ဆောင်တချို့ဟာစစ်ကောင်စီကိုပြန်တိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။ထိုခေါင်းဆောင်တွေဟာစစ်တပ်ကိုတော်လှန်နေတဲ့မည်သည့်အဖွဲ့အစည်းနဲ့မဆိုပူးပေါင်းသွားမယ်လို့ပြောထားသေးတယ်။ပြောရရင်တော့ပါတီနှစ်ခြမ်းကွဲသွားပြီးတခြမ်းကတော်လှန်ရေးဘက်ပူးပေါင်းလာတဲ့သဘောပဲ။စစ်ရေးအခြေအနေအနည်းငယ်ငြိမ်သက်နေတဲ့မွန်ပြည်နယ်ထဲကEAOအဖွဲ့တစ်ခုပူးပေါင်းလာတာဖြစ်တဲ့အတွက်စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။‌လောလောဆယ်မှာတော့ချက်ချင်းလက်ငင်းအကျိုးသက်ရောက်မှုတွေမရှိနိုင်ပေမယ့်တနိုင်ငံလုံးတိုက်ပွဲတွေပြန်စတဲ့အခါမွန်ပြည်နယ်ထဲမှာထင်ရှားတဲ့တိုးတက်မှုတွေမြင်လာနိုင်ပါတယ်။ ၁၀၂၇စစ်ဆင်ရေးရပ်နားထားပြီးနောက်ပိုင်းမှာစစ်ကောင်စီဘက်ကဘက်ပြောင်းလာတဲ့တိုင်းရင်းသားအဖွဲ့အစည်းသုံးဖွဲ့အထိရှိလာပါပြီ။NCAလက်မှတ်ထိုးထားတဲ့ရှမ်းတောင်ကပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့PLNOနဲ့အခုမွန်ပြည်နယ်ကNMSPတို့ကNCAကနုတ်ထွက်ပြီးစစ်ကောင်စီကိုပေါ်တင်စစ်ကြေငြာလိုက်ပါပြီ။ကရင်ပြည်နယ်ထဲမှာလဲစောချစ်သူဦးဆောင်တဲ့BGFအဖွဲ့ကစစ်ကောင်စီလက်အောက်ကခွဲထွက်လိုက်ပြီးသီးခြားရပ်တည်မယ်လို့ကြေငြာထားတယ်။ထိုအဖွဲ့သုံးဖွဲ့ထဲကမှရှမ်းတောင်ကPLNOအဖွဲ့ကတော့ဆီဆိုင်မြို့နယ်မှာစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးကျန်နှစ်ဖွဲ့ကတော့အခြေအနေကိုစောင့်ကြည့်နေကြတယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄။ (တနင်္ဂနွေ)

ရခိုင်ပြည်နယ်မှာကုန်းလမ်းကခရီးသွားလာမှုတွေကိုစစ်ကောင်စီကပိတ်ထားပြီးနောက်အခုအခါလေကြောင်းကနေခရီးသွားလာမှုတချို့ကိုပါပိတ်ပင်လိုက်ပါတယ်။ကုန်းလမ်းခရီးကိုရခိုင်မှာတိုက်ပွဲတွေစဖြစ်ကတည်းကစစ်ကောင်စီကပိတ်ထားတာကြာပါပြီ။အခုတိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက်ငွေကြေးတက်နိုင်တဲ့ရခိုင်ပြည်သူတွေဟာပြည်မဘက်ကိုလေကြောင်းခရီးနဲ့စစ်ဘေးရှောင်ကြတယ်။လေယာဉ်လက်မှတ်ဈေးတွေကလဲမိုးထိုးနေတယ်။ရခိုင်ပြည်နယ်ထဲကိုလေယာဉ်လက်မှတ်ဈေးပုံမှန်ဆိုရင်ကျပ်၂သိန်းခန့်သာရှိပေမယ့်အခု၅သိန်းနားကပ်နေပြီ။ဒါဟာလေကြောင်းလိုင်းတွေရဲ့တရားဝင်ဈေးနှုန်းသာဖြစ်ပြီးရခိုင်ပြည်နယ်ထဲကထွက်ခွာလိုသူတွေများပြားလွန်းတာကြောင့်မှောင်ခိုဈေးကွက်မှာကျပ်၈သိန်းကနေ၁၀သိန်းအထိပေါက်နေတယ်။အခုလတ်တလောစစ်ကောင်စီကထုတ်ပြန်တဲ့စာအရရခိုင်ပြည်နယ်ကျောက်ဖြူမြို့ကနေအရပ်သားပြည်သူမည်သူမဆိုလေကြောင်းလမ်းကနေထွက်ခွာခွင့်မပြုတော့ပဲဝန်ထမ်းတွေ၊ကျန်းမာရေးမကောင်းသူတွေ၊ကျောင်းသား‌တွေကိုသာခွင့်ပြုတော့တယ်။ထိုသူတွေလေယာဉ်လက်မှတ်ဝယ်ယူရာမှာလဲထောက်ခံစာလိုအပ်သေးတယ်။ရခိုင်ပြည်သူတွေလွတ်လပ်စွာခရီးသွားလာခွင့်ကိုထပ်မံကန့်သတ်လိုက်တဲ့သဘောပဲ။ ဒီထက်ပိုဆိုးတာကရန်ကုန်ကနေရခိုင်ပြည်နယ်ကိုပြန်တဲ့ခရီးသွားတွေကိုစစ်ကောင်စီကလေဆိပ်မှာတင်ဖမ်းဆီးစစ်ဆေးနေတယ်။လေယာဉ်ပေါ်ကဆင်းဆင်းချင်းပဲလေဆိပ်အဆောက်အအုံထဲခေါ်ဆောင်သွားပြီးတချို့ရခိုင်လူငယ်တွေကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာရခိုင်မှာအေအေတပ်တော်ကိုစစ်ရှုံးနေတဲ့အတွက်ရှုံးမဲမဲပြီးရခိုင်ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄။ (စနေ)

စစ်မှုထမ်းဥပဒေထုတ်လိုက်တဲ့သတင်းကြောင့်ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာညဘက်လူအသွားအလာအတော်ကျဲပါးသွားတယ်။ပေါ်တာဆွဲတဲ့သတင်းတွေကကောလဟာလမှန်းမသိတကယ်မှန်းမသိထွက်နေတာကိုး။တာစီးပွားရေးမြို့‌တော်ရန်ကုန်မှာတောင်ရုံးတွေအလုပ်တွေရုံးဆင်းချိန်ပြောင်းလိုက်ပြီးဝန်ထမ်းတွေကိုအိမ်စောစောပေးပြန်ကြတယ်။ည၈နာရီနောက်ပိုင်းလောက်ဆိုအသွားအလာကျဲသွားပြီ။မန္တလေးမှာလဲထိုနည်းလည်းကောင်းပဲ။မြို့ထဲမှာရောမြို့သစ်ဘက်မှာပါည၇နာရီနောက်ပိုင်းဆိုရင်လူမရှိတော့ပါဘူး။ဘာတွေကလပ်တွေမှာတောင်လူသိပ်မလာကြတော့ဘူး။နေ့ဘက်တွေမှာလဲစစ်ကောင်စီကရဲတွေမော်တော်ပီကယ်တွေဒီရက်ပိုင်းအဖမ်းအဆီးကြမ်းနေတယ်။တွေ့သမျှဆိုင်ကယ်တွေကိုအကြောင်းမရှိအကြောင်းရှာဖမ်းဆီးငွေညှစ်နေကြတာပါပဲ။မန္တလေးမှာကဒုစရိုက်မှုတွေဆိုင်ကယ်လုယက်မှုတွေအစကတည်းကပေါနေတော့မြို့ခံတွေအပြင်သိပ်မထွက်ကြတော့ဘူး။လူတိုင်းဟာအပြင်မှာပုံမှန်သွားလာလှုပ်ရှားနေကြပေမယ့်စိုးရိမ်စိတ်တွေနဲ့မလုံခြုံတော့ပါဘူး။

Read moreDetails

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄။ (သောကြာ)

ကောလင်းမြို့ကိုစစ်ကောင်စီကသူတို့သိက္ခာပြန်ဆယ်ဖို့အတွက်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်ခဲ့တယ်ဆိုပေမယ့်ကိုယ့်ဘက်မှာလဲအားနည်းချက်တွေရှိခဲ့တယ်။အဓိကကတော့NUGပါပဲ။ကောလင်းမြို့ဟာNUGဦးဆောင်တဲ့တပ်ရင်းတွေသိမ်းပိုက်ထားပေမယ့်စစ်ကောင်စီကပြန်လည်မတိုက်ခိုက်ခင်မှာပြင်ဆင်မှုတွေအားနည်းခဲ့တယ်။မြို့ကိုသိမ်းပြီးကတည်းကစစ်ကောင်စီကတချိန်မှာပြန်တိုက်မယ်ဆိုတာသေချာနေတာပဲ။ဒါပေမယ့်လိုအပ်တဲ့လက်နက်ခဲယမ်းဖြည့်တင်းထားနိုင်မှုမှာအားနည်းခဲ့တယ်။ဒီကြားထဲစစ်ကောင်စီကအလုံးအရင်းနဲ့ဝင်လာချိန်မှာကျည်ပြတ်သွားတယ်ဆိုတဲ့သတင်း‌တွေထွက်လာသေးတယ်။ဒါ့အပြင်မြို့ကိုသိမ်းပြီးနောက်မြို့ပတ်ဝန်းကျင်ကိုနယ်မြေစိုးမိုးမှုတွေမလုပ်ပဲပစ်ထားခဲ့တယ်။ဒါ့ကြောင့်တကယ်တမ်းရင်ဆိုင်ရချိန်မှာစစ်ကောင်စီတပ်တွေဟာမြို့ထဲကိုရက်တိုတိုနဲ့ဝင်ရောက်ထိုးဖောက်နိုင်ခဲ့တယ်။စစ်ကောင်စီဟာကောလင်းမြို့ကိုဆယ်ရက်ကျော်ကြာသာတိုက်ယူခဲ့ရတာပဲ။NUGရဲ့တပ်တွေဟာကောလင်းလို့မြို့ကို၁၀ရက်ကျော်ကျော်သာခုခံနိုင်ခဲ့တယ်ဆိုတဲ့သဘောပါပဲ။မြို့မကျအောင်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မလုပ်ပဲလိုင်းပေါ်မှာလေကျယ်လိုက်သေးတယ်။အခုတော့သူတို့‌လေကျယ်ထားတဲ့ပထမဆုံးသောမြေပြင်နွေဦးဘဏ်ခွဲဟာလဲလေထဲမှာပဲအငွေ့ပြန်သွားခဲ့ပါပြီ။ထိုနွေဦးဘဏ်နဲ့ပတ်သက်တဲ့သတင်းတွေတောင်ပျောက်နေတာကြာပြီ။NUGဟာလိုင်းပေါ်မှာလေမကျယ်ပဲမြေပြင်မှာတော်လှန်ရေးကိုဖိဖိစီးစီးလုပ်တာပိုကောင်းလိမ့်မယ်။

Read moreDetails

PDF ထဲကိုသွားဖို့ အစီအစဉ်ရှိရင် ဒါလေးဖတ်ထားစေချင်

ဘယ်လိုအနေအထားလဲ တော်လှန်ရေးတပ်တွေထဲမှာ အခြေအနေလေးတွေက တစ်နေရာနဲ့တစ်နေရာမတူပါဘူး။ ဒါပေမဲ့ အကြမ်းဖျင်းအားဖြင့် အခုလိုသတ်မှတ်ပါတယ်။ ဘယ်နေရာဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့ အားသာတဲ့အပိုင်း ဝင်လို့ရပါတယ်။ တပ်ရင်း စစ်ကြောင်းတိုင်းမှာ စစ်ကြောင်း (၆) ခု ရှိတယ်လို့ ယေဘုယျသတ်မှတ်နိုင် တယ်။ အဲဒါတွေကတော့...

Read moreDetails

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကိုစစ်ကောင်စီကအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီးနောက် ၁၂ ရက်မြောက်နေ့မှာ ကောလင်းမြို့ပေါ်ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်လိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက ခေတ္တဆုတ်ခွာပေးခဲ့ရကြောင်း သိရတယ်။ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ကောလင်း မြို့အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက် ၈...

Read moreDetails

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုထုတ်ပြန်လိုက်ပြီးဧပြီလနောက်ပိုင်းမှာစတင်စစ်သားစုဆောင်းမယ်လို့ပြောထားပေမယ့်လတ်တလောမှာနိုင်ငံတဝန်းလူငယ်တွေပျောက်ဆုံးမှုတွေ၊ပေါ်တာဆွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်‌နေတယ်။ဒီရက်ပိုင်းမြို့ကြီးတွေမှာလူပျောက်ကြော်ငြာတွေများလာတယ်။ပေါ်တာဆွဲကတော့နေ့ခင်းကြောင်တောင်အဝေးပြေးလိုင်းကားတွေပေါ်ထိဆွဲနေတယ်။မုံရွာမှာဆိုမန္တလေးလမ်းပေါ်မှာပြေးဆွဲနေတဲ့ကားလိုင်းတွေကိုစစ်တပ်ကတားဆီးပြီးလူငယ်လေးဆယ်ကျော်ထက်မနည်းဖမ်းဆီးသွားတယ်။မုံရွာမြို့ပေါ်မှာလဲအပြင်ထွက်တဲ့လူငယ်မှန်သမျှဖမ်းဆီးနေလို့ပြည်သူတွေစိုးရိမ်ထိန့်လန့်နေကြပြီးမြို့ပေါ်လမ်းတွေမှာအသွားအလာတွေမရှိတော့ပဲခြောက်ကပ်နေတယ်။ရန်ကုန်ကတောင်ဒဂုံမြို့နယ်မှာလဲစက်မှုဇုန်ထဲကအဆောင်တချို့မှလူငယ်တွေကိုစစ်တပ်၊ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ပါဝင်တဲ့အဖွဲ့ကလာရောကဖမ်းဆီးသွားတယ်။စစ်မှုထမ်းရမယ်ဆိုပြီးစစ်ကားတွေနဲ့ခေါ်သွားတာလို့သိရတယ်။ဒီရက်ပိုင်းလူငယ်တွေဟာအရင်လိုမလွတ်လပ်တော့ပဲကျီးလန့်စာစားနေနေကြရတယ်။ဘာလုပ်မှမသိကြဘူး။စစ်မှုထမ်းဥပဒေပေါ်ပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေကသူတို့ဆီလာဖို့ဖိတ်ခေါ်နေပေမယ့်အဲ့ဒါကလဲထင်သလောက်မလွယ်ဘူး။တော်လှန်ရေးအဖွဲ့‌တွေကတော့ဒီရက်ပိုင်းသူတို့ကိုလာရောက်ဆက်သွယ်တဲ့လူငယ်တွေအဆမတန်များပြားလာတယ်လို့‌ပြောနေကြတယ်။စစ်အုပ်စုကတော့အရင်လိုခိုးကြောင်းခိုးဝှက်မဟုတ်တော့ပဲ‌ပေါ်တင်ပေါ်တာဆွဲခွင့်လိုင်စင်ရသွားသလိုပဲ။

Read moreDetails
Page 69 of 233 1 68 69 70 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist