LATEST STORIES

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။ (အင်္ဂါ)

ရခိုင်ပြည်နယ်ထဲပြင်းထန်စွာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့စစ်ရေယာဉ်အနည်းဆုံးငါးစီးခန့်ကိုနှစ်မြုပ်ပစ်လိုက်နိုင်ပါတယ်။ကျောက်တော်မြို့သိမ်းတိုက်ပွဲတွေအတွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ကျောက်တော်မြို့ကိုအေအေကအပြင်းအထန်တိုက်ခိုက်နေချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့မိသားစုဝင်တွေဟာရေကြောင့းကနေဆုတ်ခွာကြတယ်။ထိုဆုတ်ခွာမှုကိုစစ်ကောင်စီရေတပ်ကကမ်းထိုးရေယာဉ်တွေ၊သယ်ယူပို့ဆောင်ရေးရေယာဉ်တွေအသုံးပြုခဲ့တယ်။ဒါပေမယ့်အေအေကမနားတမ်းလိုက်လံတိုက်ခိုက်ခဲ့တာကြောင့်ထိုရေယာဉ်တွေနစ်မြုပ်ကုန်တယ်။ရေယာဉ်တွေတိုက်ခိုက်ခံရချိန်မှာအေအေဘက်ကလက်နက်ချခွင့်ပေးပေမယ့်စစ်ကောင်စီတပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်နေတာကြောင့်အေအေကကအပြီးသတ်ရှင်းလင်းတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေပါအားလုံးသေဆုံးကုန်တယ်။ဒါကိုပဲစစ်ကောင်စီဘက်ကမိသားစုတွေပါမကျန်သတ်ဖြတ်ခဲ့တယ်လို့သတင်းလွင့်သေးတယ်။တကယ်ကသူတို့ကိုလက်နက်ချခွင့်‌ပေးခဲ့ပေမယ့်ရူးမိုက်စွာပြန်လည်တိုက်ခိုက်နေလို့ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာပဲ။ကိုယ့်မိသားစုဝင်တွေကိုပါသေတွင်းထဲပို့တဲ့အထိဉာဏ်နည်းလွန်းတယ်။အေအေဘက်ကရေနစ်နေတဲ့စစ်ကောင်စီသားတွေကိုတောင်စက်လှေတွေနဲ့ကယ်ဆယ်ပေးခဲ့သေးတယ်။ ထိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကစစ်ရေယာဉ်တွေကိုနှစ်မြုပ်ပစ်နိုင်တာကတော့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းဒါပထမဦးဆုံးပဲ။စစ်တပ်ဘက်ကရခိုင်ပြည်နယ်ထဲမှာအေအေကိုကြည်းရေလေပူးပေါင်းတိုက်ခိုက်နိုင်တဲ့အခွင့်‌အရေးမျိုးရရှိခဲ့ပေမယ့်လက်ရှိအချိန်မှာတော့အရှုံးကြီးရှုံးလျက်ရှိနေတယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။ (တနင်္လာ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ သူတို့နေရာဖယ်ပေးရမှာ စိုးရိမ်တာကြောင့်တစ်တိုင်းတစ်ပြည်လုံးကိုဆွဲချလိုက်ခြင်းဖြစ်ပါတယ်။ထိုဥပဒေကိုအရင်စစ်အစိုးရလက်ထက်ထဲကရေးဆွဲထားတယ်ဆိုပေမယ့်ပြည်ပကျူးကျော်စစ်ပွဲအတွက်ပါ။အခုတိုင်းရင်းသားပြည်သူတွေနဲ့ စစ်ဆင်ရတဲ့ပြည်တွင်းစစ်ဖြစ်နေချိန်မှာလုပ်လိုက်တော့ ထောက်ခံမှုနည်းပြီး အခက်အခဲတွေနဲ့ သေချာပေါက်တွေ့မှာပဲ။သေချာတာကတော့လူငယ်တွေအကုန် နိုင်ငံခြားထွက်ပြေးကြတော့မယ်။ ငယ်ရွယ်သူလုပ်သားအင်အားဆုံးရှုံးပြီးလုပ်ငန်းတွေပြဿနာတက်လာမယ်။ဆိုးကျိုးတွေကပြောရင်တော့အများကြီးပါပဲ။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောဆိုချက်အရစစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇...

Read moreDetails

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄။ (တနင်္ဂနွေ)

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု မနေ့ညက ကြေညာလိုက်ပါတယ်။ ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ...

Read moreDetails

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄။ (စနေ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာမှာအသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမား နှစ်ဦးကိုအများပြည်သူမြင်ကွင်းတွင်လွန်ခဲ့သောသုံးလခန့်ကမီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယိုတစ်ခုယခုသီတင်းပတ်အတွင်းလူမှုကွန်ရက်မှာပျံ့နှံ့လာတယ်။ဗီဒီယိုထဲမှာသူတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာပါ။ထိုလူငယ်များကိုအရှင်လတ်လတ်မီးရှို့မသတ်မီညှဉ်းပန်းနှိပ်စက်ထားသေးတယ်။ပြီးတော့သူတို့ရဲ့ခြေ၊ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သစ်ပင်တပင်သို့ ဆွဲခေါ်သွားတယ်။သစ်ပင်မှာတွဲလောင်းချပြီးဓာတ်ဆီလောင်းကာမီးရှို့လိုက်တယ်။သူတို့ကိုအများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်တာပါ။ထိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရွာမှ...

Read moreDetails

အာဏာသိမ်း ၃ နှစ်အတွင်း နလန်မထူနိုင်တော့သည့် မြန်မာ့စီးပွားရေး

၂၀၂၀ ခုနှစ်ကတော့ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်အပြီးမှာ မြန်မြန်ဆန်ဆန်နဲ့ စီးပွားရေးတိုးတက်လာ လိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အခုချိန် နလန်မထနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအဖြစ် ရင်းနှီးမြှုပ်မှုတွေ...

Read moreDetails

ဖေဖော်ဝါရီ ၀၉၊ ၂၀၂၄။ (သောကြာ)

တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့စစ်ကိုင်းတိုင်းကောလင်းမြို့ကိုစစ်ကောင်စီတပ်တွေကပြန်သိမ်းနိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်လာနေပါတယ်။ဒီနေ့နဲ့ဆိုရင်ခြောက်ရက်မြောက်နေ့ကိုရောက်ရှိလာပါပြီ။စစ်ကောင်စီတပ်ကကောလင်းမြို့ကိုစစ်ကြောင်း၆ခုထပ်မနည်းခွဲပြီးတိုက်ခိုက်နေတယ်။ကောလင်းမြို့တောင်ဘက်ကန့်ဘလူမြို့ဘက်ကအဓိကစစ်ကြောင်းထိုးနေပြီးမြောက်ဘက်ဝန်းသိုမြို့ဘက်ကလဲစစ်ကြောင်းတွေခွဲထွက်ထားတယ်။ဒါ့အပြင်ကောလင်းမြို့အရှေ့ဘက်မှာလဲရှိသေးတယ်။ထိုကဲ့သို့ညှပ်တိုက်ရန်ကြိုးစားနေပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်မြို့နားကိုတော့မကပ်နိုင်သေးပါဘူး။ဒါ‌ကြောင့်မြို့အနီးဝန်းကျင်ရှိရွာတွေကိုဆက်တိုက်မီးရှို့ဖျက်စီးနေတယ်လို့သိရတယ်။ကောလင်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှာထောင်ထဲကခေါ်လာတဲ့စစ်သားဟောင်းတွေနဲ့ပျူစောထီးတွေအများအပြားပါဝင်လာတယ်။ထောင်ထွက်‌တွေကိုလွတ်ငြိမ်းခွင့်ပေးမယ်လို့လဲမက်လုံးပေးထားသေးတယ်။ စစ်ကောင်စီဟာရခိုင်နဲ့ရှမ်းမြောက်မှာအရှုံးကြီးရှုံးနေတဲ့အချိန်မှာသူတို့တပ်တွေစိတ်ဓာတ်မြင့်တင်ဖို့နဲ့သိက္ခာဆည်ဖို့အတွက်NUGသိမ်းပိုက်ထားတဲ့ကောလင်းမြို့ကိုမရမကတိုက်ခိုက်သိမ်းပိုက်မယ့်ပုံစံမှာတော့ရှိတယ်။ရှမ်းမြောက်နဲ့ရခိုင်ကလက်လွတ်လိုက်ရတဲ့မြို့တွေကိုသူတို့ပြန်လည်သိမ်းပိုက်ဖို့လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ဘူးလေ။

Read moreDetails

ရမ်းဗြဲမြို့ကို စစ်ကောင်စီလေတပ်က ဆက်တိုက်ဗုံးကြဲနေ

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို စစ်ကောင်စီလေတပ်က ယနေ့ (ဇန်နဝါရီ ၂၆) တွင် ၃ ရက်မြောက်နေ့အဖြစ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြို့ခံများထံမှ သိရသည်။တိုက်ပွဲအတွင်း ရေတပ်ကလည်း ပစ်ခတ်နေသည်ဟု အသက် ၄၀...

Read moreDetails

ဖေဖော်ဝါရီ ၀၈၊ ၂၀၂၄။ (ကြာသပတေး)

ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ၏တပ်စခန်းများအားလုံးနီးပါး သိမ်းယူပြီးဖြစ်ကြောင်းအေအေကထုတ်ပြန်ကြေညာလိုက်တယ်။အဆိုပါမြို့သုံးမြို့ရှိစစ်ကောင်စီတပ်စခန်းများ အားလုံးသိမ်းနိုင်ရေး AAက တစ်လကျော်သာ တိုက်ခိုက်ခဲ့ရတယ်။ ထိုသုံးမြို့တွင် စစ်ကောင်စီ၏ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၉) တပ်ရင်း၁၀ ရင်း အခြေစိုက်ထားခြင်းဖြစ်ပြီးAAကတပ်ရင်း(၁၀)ရင်းလုံးကိုသိမ်းယူမည်ဟုအသိပေးကာအချိန်တိုအတွင်းသိမ်းပိုက်နိုင်လိုက်တာပါ။ဖေဖော်ဝါရီ ၆ရက်က မင်းပြားရှိ...

Read moreDetails

ဖေဖော်ဝါရီ ၀၇၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကရင်နီပြည် ၊ဒီး​မော့ဆိုမြို့နယ် ရှိ စစ်​ဘေး​ရှောင်က​လေးငယ်များတက်​ရောက်ပညာသင်ကြား​နေသည့် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို မနေ့ကမနက်(၁၀)နာရီဝန်းကျင်ခန့်က စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ‌ကြဲချခဲ့တာကြောင့် ကလေးငယ် ကျား (၄)ဦး သေဆုံးခဲ့ရပြီး ၊...

Read moreDetails

ဖေဖော်ဝါရီ ၀၆၊ ၂၀၂၄။ (အင်္ဂါ)

ရခိုင်ပြည်နယ်ထဲကတိုက်ပွဲတွေအတွင်းမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ပါတယ်။တောတွင်းတနေရာမှာပျက်ကျနေတဲ့ရဟတ်ယာဉ်နဲ့ရိုက်ထားတဲ့အေအေစစ်သားတွေရဲ့ဓတ်ပုံကိုအေအေကထုတ်ပြန်ထားတယ်။ထိုရဟတ်ယာဉ်မှာပလက်ဝဒေသတိုက်ပွဲတွေမှာအေအေကပစ်ချနိုင်လိုက်တာလို့သိရတယ်။ဒါ့ကြောင့်စစ်ကောင်စီရဲ့လေတပ်ရဲ့တိုက်လေယာဉ်နဲ့ရဟတ်ယာဉ်တွေကိုပစ်ချနိုင်တဲ့အဖွဲ့တွေထဲမှာရခိုင်ကအေအေတပ်တော်ပါဝင်လာတယ်။ တကယ်တော့၂၀၂၄ဟာစစ်ကောင်စီလေတပ်အတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောလို့ရတယ်။ဒီနှစ်ဆန်းမှာတင်လေတပ်ရဲ့လေယာဉ်ရဟတ်ယာဉ်ငါးစီးခန့်ပျက်ကျသို့မဟုတ်ဖျက်ချခြင်းခံလိုက်ရတယ်။ဇန်နဝါရီလ၃ရက်နေ့မှာပဲကချင်ပြည်နယ်မှာရဟတ်ယာဉ်တစ်စီး၊ပြီးတော့ရှမ်းမြောက်နမ့်ဖက်ကာမှာတိုက်လေယာဉ်တစ်စီး၊အိန္ဒိယမှာထွက်ပြေးသွားတဲ့စစ်သူပုန်တွေကိုသွားကြိုတဲ့လေယာဉ်တစ်စီးလဲသုံးပိုင်းကျိုးသွားသေးတယ်။မကြာသေးခင်ကပဲကရင်ပြည်နယ်မှာVIPရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရသေးတယ်။အခုလဲအေအေကတစ်စီးပစ်ချထားတယ်။နွေဦးတော်လှန်ရေးကာလအတွင်းပျက်ကျပစ်ချခံလိုက်ရတဲ့အရေအတွက်တွေပါထည့်ပေါင်းမယ်ဆိုရင်စစ်ကောင်စီဘက်ကဆုံးရှုံးသွားတာ၁၀စီးကျော်ရှိနေပါပြီ။

Read moreDetails
Page 70 of 233 1 69 70 71 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist