တိုက်ပွဲတွေပြင်းထန်လာတဲ့ မြဝတီမြို့က စစ်ကောင်စီဝန်ထမ်းတွေကို ပြန်ခေါ်နိုင်ဖို့စစ်ကောင်စီက ထိုင်းအစိုးရကအပူကပ်ခဲ့ပါတယ်။ မြဝတီမြို့တဖက်ခြမ်း ထိုင်းနိုင်မဲဆောက်မြို့လေယာဉ်ကွင်းမှာ သုံးရက်ဆက်တိုက် အထူးလေယာဉ်တွေ ဆင်းသက်ခွင်ပေးဖို့တောင်းဆိုခဲ့တယ်။ ထိုင်းအစိုးရဘက်က လူသားချင်းစာနာမှုအရ လေယာဉ်ဆင်းသက်ခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ ဒါ့ကြောင့်ဒီနေ့ညမှာ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီး မဲဆောက်လေဆိပ်ကို ဆင်းသက်လာခဲ့ပြီး လေဆိပ်ကိုထိုင်းဘက်က လုံခြုံရေးအထူးတင်းကျပ်ထားတယ်။ ထိုလေယာဉ်ဟာသင်္ကန်းညီနောင်မှာ လက်နက်ချထားတဲ့ စစ်ကောင်စီတပ်သားခြောက်ရာကျော်ကို လာရောက်ခေါ်ဆောင်တာဖြစ်ပေမယ့် မဲဆောက်ကထိုင်းအာဏာပိုင်တွေနဲ့ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် လူမပါပဲ ပြန်လည် ထွက်ခွာ ခဲ့ရတယ်။ မြဝတီမှာပိတ်မိနေတဲ့စစ်ကောင်စီဘက်တော်သားတွေတော့ ပြန်ပါမလာပေမယ့် မြဝတီမြို့ပေါ်ရှိ ဘဏ်တွေကပိုက်ဆံထုတ်တွေကိုတော့ အမိအရသယ်သွားတယ်လို့သိရတယ်။ စစ်ကောင်စီအတွက် လူ့အသက်တွေထက် ပိုက်ဆံတွေကပိုအရေးကြီးနေတယ်လေ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...