LATEST STORIES

မတ် ၁၄၊ ၂၀၂၄။ (ကြာသပတေး)

ကချင်ပြည်နယ်KIAဌာနချုပ်လိုင်ဇာမြို့အနီးရှိတောင်ကုန်းတွေမှစစ်ကောင်စီတပ်စခန်းအားလုံးကိုKIAကတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပါပြီ။မတ်လ၇ရက်နေ့ကစခဲ့စစ်ဆင်ရေးတပတ်ကြာတဲ့အချိန်မှာလိုင်ဇာမြို့အနီးတောင်ကုန်းတွေပေါ်ကနေမြို့ကိုအချိန်မရွေးလက်နက်ကြီးတွေနဲ့ပစ်ပြီးခြိမ်းခြောက်နေတဲ့စစ်ကောင်စီတပ်စခန်းအားလုံးကိုဒီနေ့မှာအပီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ထိုစခန်းတွေဟာလွန်ခဲ့တဲ့၁၀နှစ်ကျော်ခန့်ကစစ်တပ်ဘက်ကKIAကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်ပြီးသိမ်းပိုက်ထားခဲ့တာပါ။ထိုအချိန်ကစစ်တပ်စစ်ကြောင်းတွေဟာလိုင်ဇာမြို့အနီးအထိရောက်ရှိခဲ့တယ်။အခုတော့ထိုစခန်းတွေအားလုံးကိုပြန်လည်သိမ်းပိုက်နိုင်တဲ့အတွက်လိုင်ဇာမြို့ဟာစစ်တပ်ရဲ့ခြိမ်းခြောက်မှုအောက်ကလွတ်မြောက်သွားခဲ့ပြီပေါ့။ မိုးမောက်မြို့ဘက်မှာလဲKIAရဲ့ထိုးစစ်ဆင်မှုကြောင့်စစ်ကောင်စီရဲ့ခလရ၂၃၇တပ်ရင်းတစ်ခုလုံးလက်နက်ချခဲ့တယ်။လက်နက်ချတပ်ရင်းထဲမှာလူအင်အား၂၀၀ခန့်ရှိပြီးတဝက်လောက်ကတပ်မိသားစုတွေပါဝင်နေတယ်။KIAရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်ဘယ်လိုမှဖောက်ထွက်ပြေးလို့မရနိုင်တော့ပဲလက်နက်ချခဲ့တာကြောင့်ကချင်ပြည်နယ်မှာလဲပထမဆုံးလက်နက်ချတဲ့စစ်ကောင်စီတပ်ရင်းတစ်ရင်းစတင်ထွက်ပေါ်လာခဲ့ပြီပေါ့။

Read moreDetails

မတ် ၁၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး တလကြာလာတဲ့အချိန် မြို့ကြီးတွေမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်တဲ့ အသက်အရွယ်ရှိသူတွေကို စတင် စာရင်း ကောက်ယူနေပါပြီ။ အသက်၁၈နှစ်မှ ၃၅နှစ်အတွင်း အမျိုးသားများကို ဦးစားပေး စာရင်း ကောက်နေခြင်းဖြစ်တယ်။ ရန်ကုန်မှာတော့...

Read moreDetails

မတ် ၁၂၊ ၂၀၂၄။ (အင်္ဂါ)

မြို့တော်စစ်တွေမှာလဲ ပုဏ္ဏာကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ တဖြည်းဖြည်းနီးကပ်လာလို့ ဒေသခံတွေမြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်။ AAက ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် အခုရက်ပိုင်းတွေမှာ မြို့ကိုစွန့်ခွာသူတွေများလာတာပါ။ ဒေသခံအများစုဟာ ရက္ခိုင့်တပ်တော်...

Read moreDetails

မတ် ၁၁၊ ၂၀၂၄။ (တနင်္လာ)

ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ကို အေအေကသိမ်းပိုက်နိုင်လိုက်ပါပြီ။ ရမ်းဗြဲမြို့ သိမ်တောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရမ်းဗြဲမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်တာလို့သိရတယ်။ ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ...

Read moreDetails

မတ် ၁၀၊ ၂၀၂၄။ (တနင်္ဂနွေ)

KIAဟာကချင်ပြည်နယ်အတွင်းမှာဖော်ဆောင်နေတဲ့ထိုးစစ်၃ရက်မြောက်နေ့မှာပဲစစ်ကောင်စီတပ်စခန်း၂၀ခန့်ကိုသိမ်းယူထားပါတယ်။ကချင်ပြည်နယ်ထဲကဖားကန့်၊ဝိုင်းမော်၊ဗန်းမော်စတဲ့မြို့တွေနားကတပ်စခန်းတွေကိုအဓိကထားသိမ်းယူနေတာပါ။မနေ့က KIA သိမ်းပိုက်ခဲ့သည့် စခန်းငယ်များအနက် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ရွာအနီး တပ်စွဲထားသည့် လီဆူပြည်သူ့စစ်တပ်စခန်းလည်း ပါဝင်တယ်။ ထိုတိုက်ပွဲတွင် ဒေသတွင်းလီဆူလူမျိုးစုများအကြား အာဏာစက်ကြီးသည့် စစ်ကောင်စီသစ္စာခံ လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း သေဆုံးခဲ့ပါတယ်။ ဦးရွှေမင်းဟာ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ၏ လူယုံပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး အခုတော်လှန်ရေးကာလအတွင်း...

Read moreDetails

မတ် ၀၉၊ ၂၀၂၄။ (စနေ)

မြောက်ပိုင်းကချင်ပြည်နယ်မှာKIAက ထိုးစစ်စတင်လိုက်တဲ့နေ့မှာပဲ တောင်ပိုင်းကရင်ပြည်နယ်မှာလဲ KNUကမြဝတီမြို့နဲ့သင်္ကန်းညီနောင်မြို့က စစ်ကောင်စီတပ်ရင်းတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်။ KNUဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးစတင်ချိန်မှာလဲ ကရင်ပြည်နယ်ကော့ကရိတ်မြို့ဘက်မှာ စစ်ကောင်စီကို တိုက်ပွဲတွေဖော်ဆောင်ခဲ့သေးတယ်။ ဒါပေမယ့် အောင်မြင်မှုကြီးကြီးမားမားတော့မရရှိခဲ့ပါဘူး။ အခုလဲမြောက်ပိုင်းကKIAနဲ့အပြိုင် တိုက်ပွဲတွေဖော်ဆောင်လာတာတွေ့ရတယ်။ ဒီတခေါက်ကတော့ စစ်ကောင်စီဘက်မှာ စောချစ်သူရဲ့ကရင်BGFတွေမပါတဲ့အတွက် ဘယ်လောက်ထိအောင်မြင်မလဲ  ဆိုတာ‌တော့စောင့်ကြည့်ရမယ်။...

Read moreDetails

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တကမ္ဘာလုံးတွင် သောကြာနေ့က ကျင်းပစဉ် မြန်မာ အမျိုးသမီး ၄၀၀၀ နီးပါးသည် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် နိုင်ငံတဝှန်းမှ စစ်ကောင်စီ၏ထောင်များ၊ ရဲအချုပ်များနှင့် စစ်တပ် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးခံထားရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးလျင်ပြီးချင်း...

Read moreDetails

မတ် ၀၈၊ ၂၀၂၄။ (သောကြာ)

ကချင်ပြည်နယ်မှာ KIAကစစ်ကောင်စီကို ထိုးစစ်ကြီးတစ်ခုစတင်လိုက်ပါပြီ။ KIA ဟာမဟာမိတ်တပ်များဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဒေသခံ ကချင် PDF (KPDF) တို့နှင့်အတူ ကချင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းများကို မနေ့နံနက်ပိုင်းက တစ်ပြိုင်တည်း...

Read moreDetails

ထီးလင်းမှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးပြီး စားနပ်ရိက္ခာလုယက်

မကွေးတိုင်း၊ ထီးလင်းမြို့မှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ရှိကျေးရွာများအား စစ်ကြောင်း ထိုးပြီး စားနပ်ရိက္ခာများလုယက်နေသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ထီးလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ခြင်းဆောင်ရွက်ခဲ့သည်မှာ ၁၅ လ ခန့်ရှိနေ ပြီဖြစ်ပြီး စစ်ကောင်စီတပ်များက မြို့နယ်နှင့်ငါးမိုင်ပတ်လည်ရှိကျေးရွာရှစ်ရွာသို့ လစဥ် စစ်ကြောင်းထိုး ကာ...

Read moreDetails

မတ် ၀၇၊ ၂၀၂၄။ (ကြာသပတေး)

ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့နဲ့စစ်ကောင်စီတို့အပစ်ရပ်လိုက်တာလုံးဝသေချာသလောက်ဖြစ်နေပေမယ့်လဲစစ်ကောင်စီကိုဆင်နွဲနေတဲ့‌တော်လှန်စစ်ကတော့နိုင်ငံအနှံမှာရှိနေဆဲပါပဲ။အထူးသဖြင့်ဒီလထဲစစ်ကိုင်းတိုင်းထဲမှာပြည်ကာကွယ်ရေးတပ်ပေါင်းစုတွေကစစ်ကောင်စီကိုနေရာအနှံမှာဆက်တိုက်ဆိုသလိုတိုက်ခိုက်နေတယ်။ကောလင်းနယ်ဘက်ကိုအရင်ပြောရမယ်ဆိုရင်ကောလင်းမြို့ကိုစစ်ကောင်စီကပြန်လည်ထိန််းချုပ်လိုက်နိုင်ပေမယ့်လဲမြို့ပတ်ဝန်းကျင်မှာPDFတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်။စစ်ကောင်စီတပ်တွေကမြို့ပတ်ဝန်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေသလိုPDFတွေကလဲမြို့ထဲပြန်ဝင်နိုင်ဖို့ကြိုးစားနေတယ်။ ဒါ့အပြင်ကလေးမြို့ဘက်မှာလဲတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကမြို့ကိုတောင်နဲ့မြောက်နှစ်ဖက်ပိတ်ပြီးညှပ်တိုက်နေတယ်။ကလေးမြို့ပြင်မှာအရင်ကစစ်သူပုန်တွေထိန်းချုပ်ထားတဲ့နေရာကိုစိုးမိုးနိုင်ဖို့ကြိုးစားနေတယ်။အတိုင်းအတာတစ်ခုအထိအောင်မြင်နေပြီးအခုဆိုရင်ကလေးမြို့ပတ်ဝန်းကျင်ကိုတော်လှန်ရေးအဖွဲ့တွေကထိန်းချုပ််နိုင်နေပြီးစစ်သူပုန်တွေကမြို့ပေါ်တွင်သာတပ်စွဲနိုင်တော့တယ်။စစ်ကိုင်းတိုင်းထဲကတော်လှန်စစ်ပွဲတွေကတော့NUGရဲ့ဦးဆောင်မှုအောက်မှာဆင်နွဲနေတာပါ။

Read moreDetails
Page 66 of 233 1 65 66 67 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist