Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး

February 19, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များအကြား ယမန်နေ့ကတည်း တိုက်ပွဲပြင်းထန်နေရာ အရပ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး အိမ်အများ အပြားလည်း ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် ၃ နာရီခန့်မှစ၍ ဇရပ်ကြီးမြို့အခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်းနှင့် ရဲစခန်းအပါအဝင် စစ်တပ်စခန်း များကို KNLA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း ယနေ့ညနေပိုင်းအထိ လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများပေးကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ပိတ်မိနေသူများအား ယနေ့တွင် တောင်ငူ၊ အုတ်တွင်းနှင့် ဇရပ်ကြီးဒေသခံ ကူညီကယ်ဆယ်ရေးများက စုပေါင်းကယ်ထုတ်မှုများလုပ်နေပြီး မိမိတို့အစီစဉ်ဖြင့် မြို့ကို စွန့်ခွာသူအချို့လည်းရှိကြောင်း သိရသည်။

ဒေသခံတဦး အဆိုအရ“ ၄ နာရီခွဲလောက်က လေယာဉ်နဲ့လာပစ်သွားသေးတယ်၊ ရွှေတဆောင်း၊ နောင်ကုလားနဲ့ ကြို့ပင်သာကွက်သစ်ဘက်ကို ပစ်တာ၊ နောက်ပြီး လယ်ခလေးရွာက စစ်ရှောင်တွေခိုလှုံတဲ့ သရက်တောကျောင်းကို လေယာဉ်နဲ့ပစ်လို့ သီလရှင် သုံးပါးနဲ့ ကျနော့သူငယ်ချင်းယောက်ျားလေး ၂ ဦး ဆုံးတယ်၊ အဲဒီမှာက စစ်ရှောင်များတယ်၊ အဲဒါကိုသိလို့ လေယာဉ်နဲ့ ပစ်တာ” ဟု ပြောသည်။

သရက်တောဘုန်ကြီးကျောင်းအား လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သည်မှာ ယမန်နေ့ ညနေ ၃ နာရီခန့်က ဖြစ်ပြီး၊ သေသူနှစ်ဦးမှာ အသက် ၁၅ နှစ်ခန့်နှင့် ၂၁ နှစ်ခန့်အရွယ်သာ ရှိသေးကြောင်း၊ ဘုရားများလည်း ထိမှန် ပျက်စီးမှုရှိကြောင်း ၎င်းက ပြော သည်။

ထို့ပြင် ယမန်နေ့က ခလရ-၇၃ အနီးရှိ အင်ကြင်းသာရွာမှ အိမ်တလုံးပေါ်သို့ လက်နက်ကြီးကျသဖြင့် အမျိုးသမီးတဦး သေဆုံးကာ အမျိုးသားဖြစ်သူနှင့် ၅ နှစ်ခန့်အရွယ် ကလေးငယ် ထိခိုက် ဒဏ်ရာရခဲ့သည့်အပြင် အင်ကြင်းသာရွာ မြောက်ဘက်တွင်နေထိုင်သည့် အသက် ၁၃ နှစ်ခန့်အရွယ် အမျိုးသမီးငယ် တဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။

အလားတူ အင်ကြင်းသာရွာတောင်ပိုင်းတွင် နေသည့် ဒေါ်ဥမ္မာဆိုသူမှာ ယမန်နေ့တိုက်ပွဲအတွင်း သေဆုံးခဲ့ရပြီး ထိုတရွာ တည်းပင် သေဆုံးသူ ၆ ဦးအထိ အတည်ပြုနိုင်ကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဇရပ်ကြီးမြို့ခံတဦးက ပြောသည်။

၎င်းက “ လက်ရှိ အင်ကြင်းသာမှာ သေဆုံး ၆ ဦးအထိ အတည်ပြုလို့ရတယ်၊ ဒါက ဘေးရွာတွေ မပါသေးဘူး။ ဒေါ်ဥမ္မာ ဆိုရင် ဗိုက်ကိုထိထားပြီး မြေချဖို့အဆင်မပြေလို့ သူ့နေအိမ်ရှေ့မှာပဲ စောင်နဲ့အုပ်ထားခဲ့ရတယ်” ဟု ပြောသည်။

ယနေ့နံနက် ၇နာရီခန့်က လေကြောင်းတိုက်ခိုက်မှု ရှိခဲ့ပြီး ကျုံပါရပ်ကွက်အတွင်း အမျိုးသမီးအလောင်း ၃ လောင်း တွေ့ကြောင်း၊ ယမန်နေ့ကလည်း ဇရပ်ကြီးမြို့ လမ်းပေါ်တွင် အမျိုးသားတဦး သေဆုံးနေသည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း ဇရပ်ကြီးမှ တောင်ငူမြို့သို့ စစ်ရှောင်လာသူအမျိုးသမီးတဦးက ဧရာဝတီသို့ပြောသည်။

၎င်းက “တယောက်က မြောင်းထဲမှာ မှောက်ခုံကြီး၊ နှစ်ယောက်ကဈေးဆိုင်ရှေ့မှာ၊ တယောက်က ခေါင်းတောင် မရှိတော့ ဘူး။ နေရာ သိပ်မကွာကြဘူး သူတို့သုံးယောက်က၊ မနက်ကအထိ အလောင်း မကောက်သေးဘူး၊ မြို့ကရစရာကို မရှိတော့ဘူး၊ တချို့ အိမ်တွေဆို မီးလောင်နေတုန်း၊ မနက်က ပစ်ခတ်တာလည်း ဆက်ဖြစ်နေ တယ်” ဟုပြောသည်။

လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေသည့် ဇရပ်ကြီးမြို့တွင် အရပ်သားထိခိုက်သေဆုံးမှုများ ယခုထက် များပြားဖွယ်ရှိနေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် လေကြောင်းရန်ကြောင့် သေဆုံးနေသည့် အလောင်းများကို စိစစ်ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း၊ ဒဏ်ရာရထားသူများလည်းရှိကြောင်း စစ်ဘေးရှောင်များအား ကယ်ထုတ်ပေးနေ သူများက ပြောသည်။

တောင်ငူမှ လာ၍ စစ်ဘေးရှောင် ကူညီကယ်ဆယ်နေသူတဦးက “ ကျနော်တို့တော့ သေဆုံးတာ အမျိုးသား တယောက်ပဲ တွေ့ရသေးတယ်၊ ကောက်လို့ မရသေးတော့ မကောက်နိုင်ခဲ့ဘူး။ မနက်က ကယ်ခဲ့တဲ့သူတွေထဲ ဆီးခုံမှာ လက်နက်ကြီး အစမှန်ထားသူနဲ့ ဒဏ်ရာရထားတဲ့ ကလေး၊ လူကြီး ၆ ဦးလောက်ပါတယ်၊ ဆီးခုံထိထားသူက စိုးရိမ်ရတယ်၊ အခုလည်း တောင်ငူက လေယာဉ်တက်လာတယ်ဆိုလို့ ဇရပ်ကြီးမရောက်ခင်မှာ ရပ်စောင့်နေရတယ်၊ လေယာဉ်တက်လာရင် မြို့ထဲ မဝင်ရဲဘူး” ဟု ယနေ့ ညနေ ၄ နာရီခွဲခန့်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် ယနေ့ညနေပိုင်းအထိ ကူညီကယ်ထုတ်ပေးခဲ့သူဦးရေမှာ ၃,၅၀၀ ခန့်ရှိပြီဖြစ်ကြောင်းနှင့် ဒဏ်ရာ ရထားသူများအား တောင်ငူဆေးရုံပို့ပေးထားကြောင်းလည်း ပြောသည်။

ဇရပ်ကြီးမြို့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၂ ထိန်းချုပ်နယ်မြေ တောအူးခရိုင် (တောင်ငူခရိုင်) အတွင်း ပါဝင်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တွင်တည်ရှိသည်။ ဇရပ်ကြီးမြို့သည် စစ်ကောင်စီလေတပ် အခြေစိုက်စခန်းတည်ရှိသည့် တောင်ငူမြို့နှင့် မျဉ်းဖြောင့်အတိုင်းဆိုပါက ၁၆ မိုင်ကျော် ကွာဝေးသည်။

KNLA ပူးပေါင်းအဖွဲ့များ၏ ယမန်နေ့ကထိုးစစ်ဆင်မှုတွင် ခလရ-၇၃ တပ်ရင်း၊ ရဲစခန်းနှင့် မြို့ဆိုးတံတား လုံခြုံရေးစခန်း၊ နှစ်တန့်ကူး တံတားစခန်းတို့အား တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇရပ်ကြီးမြို့ကိုလည်း ယာယီ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးသော်လည်း BPLA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် Spring Warriors စစ်ကြောင်းက တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များထံမှ သိရသည်။

ထိုတိုက်ပွဲ၌ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် တိုက်ခိုက်ခံရသည့် တပ်ရင်းဌာနချုပ်သို့ စစ်ကူများပူးပေါင်းနိုင်ခဲ့ကြောင်းနှင့် တပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရမှုရှိကြောင်း စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။

SOURCE – Irrawaddy

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English