မွန်ပြည်နယ်ထဲကတစ်ခုထဲသောEAOဖြစ်တဲ့မွန်ပြည်သစ်ပါတီကခေါင်းဆောင်တချို့ဟာစစ်ကောင်စီကိုပြန်တိုက်မယ်လို့ကြေငြာလိုက်ပါတယ်။မွန်ပြည်သစ်ပါတီဟာစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးစာချုပ်NCAကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ခုဖြစ်တယ်။ဒီလထဲမှာထိုအဖွဲ့ဟာညီလာခံတစ်ခုပြုလုပ်ပြီးခေါင်ဆောင်တချို့ဟာစစ်ကောင်စီကိုပြန်တိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။ထိုခေါင်းဆောင်တွေဟာစစ်တပ်ကိုတော်လှန်နေတဲ့မည်သည့်အဖွဲ့အစည်းနဲ့မဆိုပူးပေါင်းသွားမယ်လို့ပြောထားသေးတယ်။ပြောရရင်တော့ပါတီနှစ်ခြမ်းကွဲသွားပြီးတခြမ်းကတော်လှန်ရေးဘက်ပူးပေါင်းလာတဲ့သဘောပဲ။စစ်ရေးအခြေအနေအနည်းငယ်ငြိမ်သက်နေတဲ့မွန်ပြည်နယ်ထဲကEAOအဖွဲ့တစ်ခုပူးပေါင်းလာတာဖြစ်တဲ့အတွက်စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။လောလောဆယ်မှာတော့ချက်ချင်းလက်ငင်းအကျိုးသက်ရောက်မှုတွေမရှိနိုင်ပေမယ့်တနိုင်ငံလုံးတိုက်ပွဲတွေပြန်စတဲ့အခါမွန်ပြည်နယ်ထဲမှာထင်ရှားတဲ့တိုးတက်မှုတွေမြင်လာနိုင်ပါတယ်။
၁၀၂၇စစ်ဆင်ရေးရပ်နားထားပြီးနောက်ပိုင်းမှာစစ်ကောင်စီဘက်ကဘက်ပြောင်းလာတဲ့တိုင်းရင်းသားအဖွဲ့အစည်းသုံးဖွဲ့အထိရှိလာပါပြီ။NCAလက်မှတ်ထိုးထားတဲ့ရှမ်းတောင်ကပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့PLNOနဲ့အခုမွန်ပြည်နယ်ကNMSPတို့ကNCAကနုတ်ထွက်ပြီးစစ်ကောင်စီကိုပေါ်တင်စစ်ကြေငြာလိုက်ပါပြီ။ကရင်ပြည်နယ်ထဲမှာလဲစောချစ်သူဦးဆောင်တဲ့BGFအဖွဲ့ကစစ်ကောင်စီလက်အောက်ကခွဲထွက်လိုက်ပြီးသီးခြားရပ်တည်မယ်လို့ကြေငြာထားတယ်။ထိုအဖွဲ့သုံးဖွဲ့ထဲကမှရှမ်းတောင်ကPLNOအဖွဲ့ကတော့ဆီဆိုင်မြို့နယ်မှာစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးကျန်နှစ်ဖွဲ့ကတော့အခြေအနေကိုစောင့်ကြည့်နေကြတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...