Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

PDF ထဲကိုသွားဖို့ အစီအစဉ်ရှိရင် ဒါလေးဖတ်ထားစေချင်

ကိုယ်သဘောကျတဲ့ တပ်တစ်ခုတွေ့ပြီဆိုရင် အဲဒီအထဲကိုဝင်ဖို့ဘယ်လိုလမ်း ကြောင်းတွေရှိသလဲဆိုတာတစ်ဆင့်ချင်းထပ်ပြီးစုံစမ်းရမှာပေါ့။ ဒီအတွက်လိုအပ်တဲ့အကူအညီကိုပေး မယ့်သူတွေလည်းအများကြီးပါ။

February 15, 2024
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

ဘယ်လိုအနေအထားလဲ

တော်လှန်ရေးတပ်တွေထဲမှာ အခြေအနေလေးတွေက တစ်နေရာနဲ့တစ်နေရာမတူပါဘူး။ ဒါပေမဲ့ အကြမ်းဖျင်းအားဖြင့် အခုလိုသတ်မှတ်ပါတယ်။ ဘယ်နေရာဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့ အားသာတဲ့အပိုင်း ဝင်လို့ရပါတယ်။ တပ်ရင်း စစ်ကြောင်းတိုင်းမှာ စစ်ကြောင်း (၆) ခု ရှိတယ်လို့ ယေဘုယျသတ်မှတ်နိုင် တယ်။ အဲဒါတွေကတော့ (၁) ဦး၊ (၂) ရေး၊ (၃) ထောက်၊ (၄) လှမ်း၊ (၅) လုံ နဲ့ (၆) အခြား တို့ဖြစ်တယ်။

(၁) ဦးဆိုတာက  စစ်ဦးစီးပိုင်းကိုဆိုလိုတာ။ တိုက်ခိုက်ရေးပိုင်းပေါ့။ (၂) ရေးကကျတော့ တပ်ရေးပိုင်းပါ။ စာရင်းဇယားဆိုင်ရာလိုအပ်ချက်ဖြည့်ဆည်းမှုအပိုင်းပေါ့။ ကုမ္ပဏီမှာဆိုရင် Admin & Finance ဌာနနဲ့ နီးစပ်မယ်လို့ ထင်တယ်။ (၃) ထောက်ကတော့ ထောက်ပို့။ ကိုယ်တိုင်ထောက်ပို့လုပ်တာဖြစ်ဖြစ်၊ မြေပြင်မှာရှိတဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကိုလိုက်ပြီးထောက်ပို့လုပ်တာဖြစ်ဖြစ်၊ ပစ္စည်းပို့တာ၊ နောက်တန်းမှာလိုအပ် တဲ့ ပစ္စည်းရိက္ခာရှာဖွေတာပဲဖြစ်ဖြစ်ပေါ့။ (၄) လှမ်းကတော့ ထောက်လှမ်းရေးပိုင်းပါ။ (၅) လုံကတော့ ပြည်သူလူထုလုံခြုံရေးပိုင်းပါ။ စစ်ဘေးအန္တရာယ်ဇုန်မှာရှိတဲ့ ပြည်သူလူထုကိုဘယ်လိုလုံခြုံအောင်ထား မလဲ၊ ထိခိုက်သွားရင်ဘာလုပ်ပေးရမလဲ၊ ဘယ်လိုနေရာရွှေ့ရမလဲဆိုတဲ့အပိုင်းကိုတာဝန်ယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ (၆) အခြား ဆိုတာကတော့ ထုတ်လုပ်ရေး၊ ဒရုန်းတပ်ဖွဲ့၊ ဆိုက်ဘာပိုင်း စတာတွေဖြစ်တယ်။

ကိုယ်က ရောက်လာပြီဆိုရင် ဘယ်အပိုင်းကိုမှ မဝင်သေးခင်မှာအရင်ဆုံး စစ်သင်တန်းအခြေခံ တစ်လတက်ရမယ်။ အဲဒီတစ်လအတွင်းမှာ ကိုယ်ဘယ်နေရာကိုအားသန်သလဲဆိုတာကိုကြည့် ပြီးမှ ကိုယ်နဲ့ကိုက်ညီတာကိုရွေးချယ်နိုင်မှာ။ အရည်အချင်းပိုင်း၊ ယုံကြည်စိတ်ချရမှုအပိုင်းတွေကို သုံးသပ် ပြီး သက်ဆိုင်ရာဆီကိုသွားနိုင်မယ်။ ဆိုတော့ မှတ်ထားရမှာက ဘယ်ဖက်ပဲသွားသွား၊ ရောက် ရောက်ချင်းဆိုရင်တော့ ဗျုဟာအလိုက်စုဖွဲ့ထားတဲ့သင်တန်းကို အရင်ဆုံးတစ်လတက်ရတယ်။ အဲဒီ သင်တန်းမှာတော့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေကို အောင်မြင်သွားပြီး သက်ဆိုင်ရာ အပိုင်း အားသန်ရာအပိုင်းကို ရွေးချယ်ခံကြရတာပေါ့။

ဘာတွေဆင်ခြင်ရမလဲ

သေချာဆုံးဖြတ်ပြီးမှဝင်ပါ။ ကိုယ်လေ့လာရသလောက်ကတော့ ခဏတစ်ဖြုတ်သော်လည်းကောင်း၊ မြို့ပြ အခြေအနေကိုရှောင်လွှဲဖို့သော်လည်းကောင်း ယာယီအဆင်ပြေလိုစိတ်နဲ့ဝင်ရင်ပိုအဆင်မပြေ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအထဲကိုဝင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ စိတ်ကိုသူတို့ကအရင်ဆုံး ရိုက်ချိုးတယ်။ အိမ်မှာဘော်ကြော့နေလာတာမျိုး၊ ပတ်ဝန်းကျင်မှာဆရာကြီးလုပ်လာတာမျိုး၊ ပိုက်ဆံ ရှိပြီးလူတန်းစေ့ကျော့ကျော့မော့မော့နေလာတာမျိုးအရေခွံကိုခွာချပြီး အားလုံးနဲ့တစ်သားတည်းဖြစ် အောင်၊ ဒေါင့်ကျိုးအောင်အရင်လုပ်ပေးတယ်။ အဲဒါကိုခံနိုင်ရည်ရှိဖို့လိုတယ်။ ဝင်ပြီးမှ ပြန်လာဖို့က ပိုပြီးစိတ်မချရတဲ့အခြေအနေမို့ပါ။

လမ်းကြောင်းဘယ်လိုရှိလဲ

ဆုံးဖြတ်ပြီးပြီဆိုရင်လမ်းကြောင်းတွေကတော့ အများကြီးရှိပါတယ်။ ပြည်တွင်းထဲကဆိုရင်တော့ နီးစပ်ရာမြို့ကိုသွားလို့ရတယ်။ ပြည်ပကိုရောက်နေတယ်ဆိုရင်တော့ သွားလို့အရမ်းလွယ်တယ်။ တောင်ပိုင်းကဆိုရင် မြဝတီ၊ ဘုရားသုံးဆူ၊ ဘားအံတို့ဆိုရင်တော့ မြို့ပြင်ထွက်လိုက်တာနဲ့ရပြီ။ နယ်ခြားမြို့တွေဆိုရင်တော့ မော်လမြိုင်တို့ သထုံတို့ ရေး၊ မုဒုံတို့ဆိုရင်တော့ နယ်ခြားဖက်မြို့ ပြင်ထွက်လိုက်တာနဲ့ရပြီ။ ရန်ကုန်ဆိုရင်တော့ ပဲခူး၊ စစ်တောင်းဖက်ကိုသွားလိုက်ရင်ရပြီ။ မြန်မာ ပြည်အပေါ်ပိုင်းဆိုရင်လည်း ပုဂံလောက်အထိသွားလိုက်ရင်ရပြီ။ ထိုင်းဖက်ဆိုရင် မဲဆောက်၊ ချင်းမိုင်တို့ကိုရောက်ပြီ ဆိုတာနဲ့ တော်လှန်ရေးနယ်မြေကြိုက်တဲ့ဖက်ကိုသွားလို့ရတယ်။ ထိုင်းဖက်က လုပ်ပေးထားတဲ့ ပစ္စည်း ပို့တဲ့ လမ်းကြောင်းတွေ ဝန်ကြီးဌာနက ဝန်ကြီးတွေ သွားတဲ့လမ်းကြောင်းတွေအများကြီးရှိတယ်။

ဘယ်နေရာဝင်သင့်လဲ

ကျွန်တော့်တစ်ကိုယ်တည်းအကြံဆိုရင်တော့ NUG အောက်မှာရှိတဲ့ တပ်ရင်းတစ်ရင်းထဲကိုဝင်စေချင်တယ်။ ဘာလို့လည်းဆိုတော့ စည်းစနစ်တစ်ခုကန့်သတ်ထားတယ်လို့ မြင်ရတယ်။ ကိုယ်ကအပြစ်တစ်ခုခုလုပ်ခဲ့ရင်လည်း အပြစ်ဒဏ်ကိုခံရမယ်။ ကိုယ့်အတွက်လည်း လုံခြုံမှု တစ်ခုခုရှိတယ်ပေါ့။ သူတစ်လူငါတစ်မင်းဖြစ်နေတဲ့ပုံစံမဟုတ်တော့ တရားမျှတမှုရှိတယ်။ ဒီကာလက ကိုယ့်လုံခြုံမှုကလည်းအရေးကြီးတယ်လေ။

စဉ်းစားစရာများ

ဝင်မယ်ဆိုရင် သက်ဆိုင်ရာ တပ်ဖွဲ့ဖေ့စ်ဘုတ်ပေ့ချ်တွေရှိတယ်။ အဲဒီပေ့ချ်တွေကိုလေ့လာပြီးဝင်မယ် မဝင်ဘူးဆုံးဖြတ်ပေါ့။ ကိုယ်သဘောကျတဲ့ တပ်တစ်ခုတွေ့ပြီဆိုရင် အဲဒီအထဲကိုဝင်ဖို့ဘယ်လိုလမ်း ကြောင်းတွေရှိသလဲဆိုတာတစ်ဆင့်ချင်းထပ်ပြီးစုံစမ်းရမှာပေါ့။ ဒီအတွက်လိုအပ်တဲ့အကူအညီကိုပေး မယ့်သူတွေလည်းအများကြီးပါ။

Page တွေ စုထားတဲ့ Link

https://www.facebook.com/peopledefenseforcepdf/posts/pfbid02po4LdweKyDwfSij4wdSamPWL7JJmJT21pjh7g7vZrqaNbyU7QgwRWor52fPqjizTl

 

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English