LATEST STORIES

ဧပြီ ၂၅၊ ၂၀၂၄။ (ကြာသပတေး)

ကရင်ပြည်နယ်၊မြဝတီမြို့ဘက်ကသတင်းတွေကိုလူအများအာရုံစိုက်နေဆဲမှာပဲကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေဘက်မှာစစ်ရေးအရှိန်သိသိသာသာလျော့ကျသွားတယ်။ရခိုင်ပြည်နယ်မှာဆိုရင်ပြီးခဲ့တဲ့မတ်လရသေ့တောင်မြို့ကိုသိမ်းပြီးကတည်းကလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ဘူး။တချို့ကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာရခိုင်ပြည်နယ်တောင်ပိုင်းကိုထိုးစစ်စဖို့အားယူနေတယ်လို့ယူဆကြသလိုတချို့ကတော့အေအေတို့စစ်ပန်းနေပြီလို့ထင်ကြေးပေးကြတယ်။ကချင်ပြည်နယ်မှာလဲKIAဟာဒီလထဲနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်ကိုသိမ်းပြီးတဲ့နောက်ဘာသံမှသိပ်မကြားရတော့ဘူး။ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့်EAOကြီးတွေတောင်စစ်တပ်ကိုတကယ်တိုက်ရင်တလထပ်ပိုပြီးတိုက်နိုင်ဖို့မလွယ်ကူဘူးလို့ကောက်ချက်ချလို့ရတယ်။ မကြာမီမိုးရာသီကိုကျရောက်လာပါတော့မယ်။မြန်မာပြည်ရဲ့မိုးရာသီဟာပြင်းထန်တာကြောင့်မိုးတွင်းမှာဘယ်ဘက်ကမှာတိုက်ပွဲတွေဖော်ဆောင်လေ့မရှိပဲအင်အားစုဆောင်းကြတယ်။ဒါ့ကြောင့်ဒီနောက်ပိုင်းလတွေထဲစစ်ရေးအခြေအနေထူးခြားမှုသိပ်ရှိ‌တော့မယ်မထင်ဘူး။  

Read moreDetails

ဧပြီ ၂၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရတယ်။ဘူးသီးတောင်မြို့မှာ စစ်ကောင်စီတပ်ရင်း ၁၂ ခု နှင့် ရဲတပ်ရင်း ၁၀ ခုကျော်ရှိပြီး တပ်မ ဗျူဟာ...

Read moreDetails

ဧပြီ ၂၃၊ ၂၀၂၄။ (အင်္ဂါ)

နယ်စပ်တံတားအောက်မှာခိုလှုံနေတဲ့မြဝတီမြို့စောင့်တပ်ခလရ၂၇၅ဟာသူတို့စွန့်ခွာခဲ့တဲ့တပ်ရင်းနေရာမှာပြန်တပ်စွဲထားတဲ့ပုံတွေထုတ်ပြန်ပြီးစစ်ကောင်စီကထိုတပ်ရင်းကိုပြန်ရပြီလို့ဝါဒဖြန့်နေတယ်။ထိုသတင်းကြောင့်တော်လှန်ရေးအဖွဲ့တွေဘက်မှာသို့လောသို့လောတွေဖြစ်ကုန်ကြတယ်။KNUကထိုတပ်ရင်းကိုအသေခံတိုက်ပြီးအလွယ်တကူပြန်ပေးလိုက်ရတယ်ဆိုတော့ခံပြင်းကြတာပေါ့။တချို့တွေဆိုKNUကိုဆဲတောင်ဆဲကြသေးတယ်။တကယ်လဲထိုတပ်ရင်းကိုစစ်ကောင်စီတပ်ဖွဲ့တွေပြန်လာခဲ့ပါတယ်။ထိုတပ်ဖွဲ့တွေကိုBGFကလုံခြုံရေးယူပြီခေါ်လာတာဖြစ်တယ်။တကယ်ကဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်အလံတင်ပြီးပြန်ဆုတ်သွားကြတာပါ။မြဝတီမြို့ရဲ့လက်ရှိအခြေအနေကအဲ့ဒီလိုပါ။ကြားထဲမှာBGFကခြံစည်းရိုးခွထိုင်ပြီးခြေရှုပ်နေတယ်။အခုလောလောဆယ်တော့မြဝတီမြို့မှာစစ်ကောင်စီရောKNUပါရှိမနေပဲBGFကပဲဆက်လက်ထိန်းချုပ်ထားတယ်။စစ်ကူတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဲအခုချိန်ထိဒေါနတောင်ခြေမှာပဲရှိနေဆဲပဲ။

Read moreDetails

ဧပြီ ၂၂၊ ၂၀၂၄။ (တနင်္လာ)

မနေ့ကမန္တလေးက တံတားဦးလေတပ်စခန်းရှော့တိုက်ဒုန်းနဲ့ အပစ်ခံရပြန်တယ်။ ဒီရက်တွေထဲ စစ်ကောင်စီရဲ့အဓိကနေရာတွေ၊ လေတပ်စခန်းတွေကိုရှော့တိုက်ဒုန်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာတာကိုတွေ့ရတယ်။ ဒါ‌တွေကိုကြည့်ခြင်းအားဖြင့်တော်လှန်ရေးမှာ နေရှင်းဝှိုက်ဗျူဟာမဟုတ်ပဲ တော်လှန်ရေးကို ရုတ်ချည်းပြောင်းလဲသွားစေနိုင်တဲ့ ဗျူဟာကျစစ်ဆင်ရေးတွေရှိနေတယ်လိုထင်မိတယ်။ NUG ERO တွေ ဒီအပိုင်းကို ဗျူဟာကျကျ ချဥ်းကပ်နေကြလားမသိဘူး။...

Read moreDetails

ဧပြီ ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)

မြဝတီမြို့၊ထိုင်းမြန်မာနယ်စပ်တံတားအနီးမှာ တပ်စွဲထားတဲ့စစ်သူပုန်တွေကို တော်လှန်‌ရေးပူးပေါင်းအဖွဲ့တွေက ဧပြီ၉ရက်နေ့ညကစပြီး တိုက်ခိုက်ခဲ့ပါတယ်။ ထိုနေ့ညက ဒရုန်းတွေနဲ့ဗုံးကြဲစတင်တိုက်ခိုက်ခဲ့ပြီးနောက် ၃၆နာရီကြာအောင် ထိုနေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်လဲ တနေကုန်လေကြောင်းကနေ ဗုံးအလုံးပေါင်းရာနဲ့ချီပြီး ကြဲချကာခုခံခဲ့တယ်။ စစ်ကောင်စီရဲ့လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်မှုကြောင့် သောင်ရင်းမြစ်သာခြားတဲ့ ထိုင်းဘက်အခြမ်းမှာ ထိုင်းစစ်တပ်ကလုံခြုံရေးအပြည့်ယူထားရတယ်။ ဒေသခံပြည်သူ၃၀၀၀ခန့်ဟာလဲ မြစ်ကိုဖြတ်ကူးကာ...

Read moreDetails

ဧပြီ ၂၀၊ ၂၀၂၄။ (စနေ)

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆုံးရှုံးလိုက်ရတာဟာစစ်ကောင်စီကို အများကြီးနစ်နာစေပါတယ်။ အခုလောလောဆယ်မှာတော့ မြန်မာပြည်မှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ကုန်သွယ်တဲ့ မူဆယ်နဲ့ထိုင်းနဲ့ ကုန်သွယ်တဲ့ မြဝတီစခန်းတို့ကို လက်လွတ်ထားရတယ်။ ထိုစခန်းနှစ်ခုဟာ စစ်ကောင်စီကို အခွန်ငွေအများအပြားရှာပေးနေတာပါ။ စစ်ကောင်စီဘက်မှာ ဝင်ငွေထိခိုက်သလိုပဲ ပြည်သူတွေဘက်မှာလဲ ထိခိုက်နစ်နာမှုတွေအများရှိနေတယ်။ တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံဟာ...

Read moreDetails

ဧပြီ ၁၉၊ ၂၀၂၄။ (သောကြာ)

‌မြန်မာပြည်ရဲ့ လက်ရှိနယ်စပ်ကုန်သွယ်ရေး အခြေအနေတွေအကြောင်းပြောရရင် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိတဲ့အနက် ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs)တွေနဲ့တော်လှန်ရေး အင်အားစု တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီဟာ တရားဝင်နယ်စပ်ကုန်သွယ်မှု ရဲ့ ၆၀ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်...

Read moreDetails

ဧပြီ ၁၈၊ ၂၀၂၄။ (ကြာသပတေး)

မြဝတီမြို့ကစစ်ကူပေးဖို့ ချီတက်လာတဲ့စစ်တပ်စစ်ကြောင်းဟာ ခန့်မှန်းထားသလိုပဲ ကော့ကရိတ်မြို့ကို မကျော်နိုင်သေးပဲဒေါနတောင်ခြေမှာတင် ရှေ့မဆက်နိုင်ပဲဖြစ်နေတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မြေပြန့်လွင်ပြင်ဒေသဖြစ်တဲ့ ကော့ကရိတ်မြို့ကဆုတ်ခွာပေးလိုက်ပြီး ဒေါနတောင်ခြေကနေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် အဆိုပါစစ်ကြောင်းဟာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတယ်။ ထိုနေရာမှာ ရပ်တန့်နေတာ တပတ်ခန့်ရှိနေပြီဖြစ်ပြီး ဒီရက်ပိုင်းတိုက်ပွဲတွေမှာ စစ်သူပုန်တစ်ရာကျော်ခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့...

Read moreDetails

မြို့ဟောင်းရွာကို စစ်တပ်ကလေယာဉ်ဖြင့်ဗုံးကြဲ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ၄ ဦးဒဏ်ရာရ·

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း၊ မြို့ဟောင်းရွာကို စစ်ကောင်စီက  ဧပြီ ၁၈ ရက် မနက် ၁၁ နာရီ ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတယောက်က "မနက် ၁၁ နာရီဝန်းကျင်က ...

Read moreDetails

ဧပြီ ၁၇၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

မြန်မာလူမျိုးတို့ရဲ့ မဟာသင်္ကြန်ကာလကြီးကတော့ ပြီးဆုံးခဲ့ပါပြီ။ ဒီနှစ်ကတော့ တော်လှန်သင်္ကြန်အဖြစ် သပိတ်မမှောက်နိုင်ကြတော့ပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေအားလုံးမှာ လူတွေအများအပြားသင်္ကြန်ပွဲကို ဆင်နွှဲခဲ့ကြတယ်။ ရန်ကုန်မှာဆိုရင် မြို့တော်ခန်းမပတ်ဝန်းကျင်နဲ့ ပြည်သူ့ရင်ပြင်မှာ၊ မန္တလေးမှာဆိုရင်တော့ ကျုံးဘေးနဲ့မင်္ဂလာမန္တလေးဘက်မှာ ခြိမ့်ခြိမ့်သဲသဲပါပဲ။ မန္တလေးမှာဆိုရင် အကျနေ့မနက်က ကျုံးဘေးမှာဗုံးပေါက်ပြီး ပြည်သူတချို့ထိခိုက်မှုတွေရှိခဲ့တယ်။...

Read moreDetails
Page 61 of 233 1 60 61 62 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist