အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်တွင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်က KNU ၊ကချင်က KIA ၊ချင်းက CNF နဲ့ကရင်နီက KNPP အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်လို့အမေရိကန်ဘက်က သတင်းထုတ်ပြန်လာတယ်။ သတိထားမိသလောက် တော်လှန်ရေးကာလမှာအမေရိကန်ဘက်က NUG လို အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှုတွေရှိခဲ့ပေမယ့် အခုလို EAO တွေနဲ့တရားဝင်တွေ့ဆုံတာတော့ ဒါပထမဆုံးဖြစ်လိမ့်မယ်။ ပြီးတော့သူတို့တွေ့ဆုံသွားတဲ့ EAO တွေဟာ တရုတ်ရဲ့လွှမ်းမိုးမှုအောက်မှာမရှိတဲ့ အဖွဲ့တွေဖြစ်တယ်။ တကယ်အကူအညီလိုအပ်နေတာလဲ တောင်ပိုင်းက EAO တွေပဲလေ။ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို သေချာမသိပေမယ့်ဟိုရက်က ဘိုင်ဒန်လက်မှတ်ထိုးခဲ့တဲ့ Burma Act နဲ့သက်ဆိုင်နေမှာတော့သေချာသလောက်ပဲ။ ဒီတွေ့ဆုံမှုရဲ့အကျိုးသက်ရောက်မှုတွေကိုတော့ ဆက်လက်စောင့်ကြည့်ရမယ်။ အရင်လိုအစည်းအဝေးတွေ၊ စာရွက်တွေပေါ်မှာပဲဇာတ်မျောမနေဖို့ မျှော်လင့်မိတာပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...