LATEST STORIES

မေ ၃၊ ၂၀၂၄။ (သောကြာ)

ပခုက္ကူမြို့ရဲ့လေဆိပ်အနီးမှာ ရဲနဲ့ပျူစောထီး(၇) ဦးသေဆုံးတယ်လို့ သတင်းတွေမှာဖတ်ရပေမယ့် ဒေသခံ တွေကတော့ အဲဒီသတင်းကို သေသေချာချာမကြားရဘူးလို့ပြောပြတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ စစ်ပွဲရဲ့ရလာဒ်ကို ဒေသခံတွေအတော်များများခံစားကြရတယ်။ စစ်ကောင်စီကလည်းရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာမျိုးတွေဆက်တိုက်လုပ်နေတယ်။ သူတို့အာဏာတည်မြဲဖို့အတွက် ဘာမဆိုလုပ်ဖို့အဆင်သင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြတယ်။ တစ်ဖက်မှာလည်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို...

Read moreDetails

မေ ၂၊ ၂၀၂၄။ (ကြာသပတေး)

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုက မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကို ထပ်မံအံအားသင့်စေခဲ့ပါတယ်။ ပြည်ပကို အလုပ်သွားလုပ်ခွင့်ကိုပိတ်လိုက်တာဖြစ်တယ်။ မေလ ၁ ရက်နေ့နောက်ပိုင်းကနေစပြီး ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေကို သွားခွင့်မပေးတော့ဘူး။ အရင်စီစဉ်ထားပြီးဖြစ်တဲ့သူတွေသာ သွားခွင့်ရှိ တော့မယ်။ ဒီသတင်းကြောင့် နိုင်ငံခြားကိုသွားဖို့စီစဉ်ထားတဲ့သူတွေအားလုံး စိတ်ဓါတ်တွေကျကုန်တယ်။ မျှော်လင့်ချက်တွေမဲ့ကုန်တယ်။ စစ်မှုထမ်းဉပဒေကိုထုတ်ပြန်ပြီး...

Read moreDetails

မေ ၂ ရက် သုံးသပ်ချက်

အမျိုးသား ညီညွတ်ရေးအစိုးရ ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးကာလတစ်လျှောက် မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် စစ်သုံးအကြွင်းကျန်ပစ္စည်းများ အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်း လိုက်နာရမည့် သတိပေးချက်များကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IECက ထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု...

Read moreDetails

မေ ၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေကို သူတို့ရဲ့ စစ်အင်အားအတွက် အကျိုးရှိရှိအသုံးချနေတယ်။ စစ် မှုထမ်းဖို့အတွက်ခေါ်တာမျိုး၊ ဆန္ဒပြခိုင်းတာမျိုး အစရှိသဖြင့် သူတို့ရဲ့ နိုင်ငံရေးကစားကွက်တွေထဲမှာလိုအပ်သ လိုအသုံးချနေတယ်။ နောက်တစ်ခါ အေအေ ကိုတိုက်ခိုက်ဖို့၊ ဒေသတွင်းပဋိပက္ခဖန်တီးဖို့လည်း ဘက်ပေါင်းစုံကနေ ကြိုးပမ်းနေတာတွေ့ရတယ်။ ဉပမာဆိုရရင် ရခိုင်လူမျိုးတို့...

Read moreDetails

ဧပြီ ၃၀၊ ၂၀၂၄။ (အင်္ဂါ)

လတ်တလောပြင်းထန်နေတဲ့ အယ်လ်နီညို အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လူသေဆုံးထိခိုက်မှုတွေရှိလာနေပါတယ်။ အပူချိန်အမြင့်ဆုံး ချောက်မြို့မှာ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ အခုရက်ပိုင်း ရုတ်တရက် သေဆုံးမှု ပိုများလာတယ်။ သက်ကြီးရွယ်အိုတွေ ၇၅၊ ၈၀ ကျော်တွေ တစ်နေ့ကို...

Read moreDetails

ဧပြီ ၂၉၊ ၂၀၂၄။ (တနင်္လာ)

ရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်အနီးရှိတောင်ဟိန်းတောင်ဗျူဟာကုန်းကိုအေအေကသိမ်းပိုက်လိုက်ပါတယ်။ထိုဗျူဟာကုန်းဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကာပေးထားတဲ့စခန်းကြီးတစ်ခုဖြစ်ပြီးအင်အား၆၀၀ ကျော်တပ်စွဲထားတာပါ။ထိုစခန်းကျသွားပြီးနောက်အေအေဟာအမ်းမြို့နယ်ကိုကောင်းကောင်းခြိမ်းခြောက်နိုင်သွားပါပြီ။အခုနွေဦးတော်လှန်ရေးမှာစစ်တပ်ရဲ့တပ်ရင်းဌာနချုပ်တွေ၊ကွပ်ကဲမှုဌာနချုပ်တွေအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်တိုင်းစစ်ဌာနချုပ်တစ်ခုမှတော်လှန်ရေးတပ်ဖွဲ့တွေလက်အောက်မကျရောက်သေးပါဘူး။ဒီပုံအတိုင်းဆိုရခိုင်ပြည်နယ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာပထမဆုံးစျေးဦးပေါက်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့မြဝတီမြို့ဆီချီတက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေါနတောင်ပေါ်ကိုတော့ရောက်ရှိနေပါပြီ။ဒါပေမယ့်KNUရဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေမှုကြောင့်အကျအဆုံးရာဂဏန်းခန့်ရှိနေတယ်။သံချပ်ကာကားတွေအပါအဝင်အခြားစစ်သုံးယာဥ်များစွာကိုလဲဆုံးရှုံးထားသေးတယ်။ဒါပေမယ့်လဲစစ်တပ်ဘက်ကထိုစစ်ကြောင်းကိုအင်အားထပ်ဖြည့်နေတယ်လို့သိရတယ်။မြဝတီကိုရောက်ဖို့ကတော့လက်ရှိအခြေအနေအရသူတို့အတွက်မလွယ်သေးပါဘူး။

Read moreDetails

ဧပြီ ၂၈၊ ၂၀၂၄။ (တနင်္ဂ​​နွေ)

လက်ရှိနွေရာသီမှာအပူချိန်မြင့်တက်မှုတွေတနိုင်ငံလုံးတောက်လျှောက်ဖြစ်ပေါ်နေပါတယ်။ဘယ်လောက်တောင်ဆိုးနေလဲဆိုရင်တကမ္ဘာလုံးကအပူချိန်အမြင့်ဆုံးမြို့တွေမှာမြန်မာနိုင်ငံကမြို့တွေအများအပြားပါဝင်လာတယ်။​မြန်မာနိုင်ငံအလယ်ပိုင်းကချောက်မြို့နယ်ဆိုရင်အပူချိန်၄၈ဒီဂရီ​ခန့်​ဖြ်နေပြီးထိပ်ဆုံးမှာရပ်တည်နေတယ်။ဒီနှစ်ဟာအယ်နီညိုနှစ်ဖြစ်တာလဲပါတာပေါ့။ တခြားနိုင်ငံတွေမှာအပူချိန်မြင့်တက်တာသိပ်မသိသာပေမယ့်ဒီနိုင်ငံမှာတော့လျှပ်စစ်မီးပြတ်တောက်မှုကြောင့်အခြေအနေတွေပိုမိုဆိုးရွားလာနေပါတယ်။သာမန်ပြည်သူတွေမှာအပြင်မှာနေပူလို့အိမ်ထဲမှာပဲနေမယ်ဆိုရင်တောင်မီးမလာလို့အိမ်မှာလဲသက်တောင့်သက်သာမနေနိုင်တဲ့အခြေအနေပါ။မိုးရာသီဟာလဲဇွန်လလောက်မှစမှာဖြစ်တဲ့အတွက်လာမယ့်မေလတလလုံးထိုအပူအချိန်ကိုခါးစည်းခံကြရပါဦးမယ်။တကယ့်ကိုမတွေးရဲစရာအခြေအနေတစ်ခုပါပဲ။

Read moreDetails

ဧပြီ ၂၇၊ ၂၀၂၄။ (စနေ)

သင်္ကြန်ကာလအပြီး စစ်ကောင်စီက စစ်မှုထမ်းဖို့အင်အားစုဆောင်းတာတွေ အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်။ရန်ကုန်တိုင်းမှာတော့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် ဧပြီ ၁၈ ရက်က စတင်ကာ အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေ ပြန်လည်ကောက်ယူနေတယ်။ စစ်ကောင်စီဟာတပ်သားအဖြစ် စစ်မှုထမ်းဖို့ ပထမအပါတ်စဉ်အတွက် မတ်လ ၂၉ ရက်မှာ...

Read moreDetails

ရုပ်ရှင်ဆန်သည့် မြဝတီမြို့သိမ်းတိုက်ပွဲနှင့် KNU ၏ ဆုတ်ခွာမှု

ဧပြီလထဲတွင် တော်လှန်ရေးအင်အားစုက ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တပ်စခန်းအားလုံးကို သိမ်းပိုက် လိုက်ခြင်းကြောင့် မြို့ကို ထိန်းချုပ်တော့မည်လောဟု အများကစောင့်ကြည့်နေစဉ်မှာပင် မြို့စောင့် တပ်ဟုဆိုနိုင်သည့် အမှတ်(၂၇၅) ခြေလျင် တပ်ရင်းစခန်း စစ်ကောင်စီတပ်လက်အောက် အေးအေးဆေးဆေး ပြန်ရောက်သွားသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ကြရသည်။...

Read moreDetails

ဧပြီ ၂၆၊ ၂၀၂၄။ (သောကြာ)

ပူပြင်းခြောက်သွေ့တဲနွေရာသီရောက်လာပြီဆိုတော့တနိုင်ငံလုံးမှာလျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေပိုမိုဆိုးရွားလာနေပါတယ်။ဒီပြသာနာဟာအာဏာသိမ်းပြီးနောက်နှစ်တိုင်းဖြစ်နေကြပါပဲ။ဒါပေမယ့်ဒီနှစ်မှာပိုဆိုးလာတယ်။အရင်နှစ်တွေကသင်္ကြန်​ပီးမှဒီပြသာနာကိုကြုံရပေမယ့်ဒီနှစ်မှာတော့သင်္ကြန်မတိုင်ခင်မှာပဲစဖြစ်နေပြီးဒီရက်ပိုင်းမှာပိုမိုဆိုးရွားလာတယ်။ရန်ကုန်မှာဆိုညသန်းခေါင်အချိန်ကြီးတွေတောင်မီးတွေပျက်နေပြီးမန္တလေးမှာလဲတစ်နေ့မှလေးနာရီလောက်သာလျှပ်စစ်မီးရတော့တယ်။စာရင်းဇယားများအရမြန်မာနိုင်ငံမှာမဂ္ဂဝပ်၅၀၀၀ခန့်လိုအပ်နေပေမယ့်စစ်ကောင်စီလက်ထက်မှာ၂၅၀၀ခန့်သာထုတ်လုပ်ပေးနိုင်တော့တာပါ။နေ့ဘက်တွေမီးပျက်တာကနေလို့ရပေမယ့်အိပ်ချိန်တွေဖြစ်တဲ့ညသန်းခေါင်ချိန်တွေမှာပါမီးပျက်တာအတော်ဆိုးပါတယ်။အဲကွန်းဖွင့်မရ၊ပန်ကာတောင်ဖွင့်အိပ်မရပဲအတော်ဒုက္ခရောက်ကြရတယ်။တကယ့်လောကငရဲကိုရောက်နေသလိုပါပဲ။မင်းအောင်လှိုင်ပေးတဲ့ဒုက္ခတွေကတော့စာဖွဲ့မကုန်ပါဘူး။

Read moreDetails
Page 60 of 233 1 59 60 61 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist