Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီသတ်သည့် ရခိုင်အရပ်သား ၁၇၉ ဦးတွင် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူလည်း ပါဝင်

လွန်ခဲ့သော လေးလအတွင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်ကောင်စီတပ်များ၏ အငြင်းပွားဖွယ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၈၀ ခန့် သတ်ဖြတ်ခံရပြီး ၄၆၀ ကျော် ဒဏ်ရာရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းရေးရုံး (HDCO) က ပြောသည်။

April 11, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

လွန်ခဲ့သော လေးလအတွင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်ကောင်စီတပ်များ၏ အငြင်းပွားဖွယ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၈၀ ခန့် သတ်ဖြတ်ခံရပြီး ၄၆၀ ကျော် ဒဏ်ရာရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းရေးရုံး (HDCO) က ပြောသည်။

ULA ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝတွင် လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ကြီးမားသော ထိုးစစ်ဆင်နွှဲကာ ကွပ်ကဲရေး စခန်းများအပါအဝင် စစ်ကောင်စီစခန်းပေါင်း ၁၇၀ ခန့်နှင့် မြို့ပေါင်း ၁၀ မြို့ခန့်ကို သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီတပ်များက ပဋိပက္ခဒေသများတွင် အရပ်သားပစ်မှတ်များကို သိမ်းကျုံးကာ အသေအကြေ ပစ်ခတ် တုံ့ပြန်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အတွင်း အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီ ၆၄ ဦး စုစုပေါင်း အရပ်သာ ၁၇၉ ဦး သတ်ဖြတ်ခံရကြောင်း HDCO က မကြာသေးမီက လူသားချင်းစာနာမှု အခြေအနေ အစီရင်ခံစာတွင် ဖော်ပြသည်။ စစ်ကောင်စီ၏ တိုက်ခိုက်မှုအတွင်း အခြားအရပ်သား ၄၆၈ ဦး ဖမ်းဆီးခံရသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် အလားတူကာလအတွင်း အမျိုးသား ၄၂၄ ဦး အပါအဝင် အရပ်သား ၄၇၁ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သော လေးလအတွင်း စစ်ကောင်စီတပ်များနှင့် AA တိုက်ပွဲများအကြား လူပေါင်း ၂၉၅,၈၆၈ ဦး နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝမှ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) အရေအတွက်သည် ယခုအခါ ၃၅၈,၂၀၀ ကျော်လာကြောင်း ထိုအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

ထို IDPs များ၏ ၈၀ ရာခိုင်နှုန်းသည် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြောင်း HDCO က ပြောသည်။

တချိန်တည်းတွင် နေရပ်စွန့်ခွာ အရပ်သားများကို တည်ငြိမ်သော ရခိုင်ပြည်နယ် အလယ်ပိုင်း ဒေသတွင်ပင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ အမြောက်များဖြင့် ပစ်ခတ်မှုများဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု အထက်ပါရုံးက ဖော်ပြသည်။

မတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်တစင်းက မင်းပြားမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၂၁ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရသည်။ ထိုရွာကို AA က ယခင်ကပင် သိမ်းပိုက်ထားပြီး ဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း မင်းပြားမြို့နယ်တွင် AA နှင့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များက အရပ်သား ၃၀ ကို သတ်ဖြတ်ခဲ့သည်ဟု HDCO က ဖော်ပြသည်။

စစ်ကောင်စီတပ်များသည် မင်းပြားတွင် ကျေးရွာသူတဦးကို အုပ်စုဖွဲ့ အတင်းအဓမ္မ မပြုကျင့်မီ သူ၏ မိဘများကို သတ်ဖြတ်ပြီး ထို့နောက် ထိုကျေးရွာသူကိုလည်း သတ်ဖြတ်သည်ဟု AA က ဖမ်းမိထားသည့် စစ်ကောင်စီ စစ်သားတဦး၏ ဖြောင့်ချက်အရ သိရသည်။

ဖမ်းဆီမိထားသည့် စစ်ကောင်စီအရာရှိများကလည်း အရပ်သား ဖမ်းဆီးထားသူများကို အငြင်းပွားဖွယ် သတ်ဖြတ်ခြင်းနှင့် ပြည်နယ်အတွင်း အခြေခံအဆောက်အအုံများ ဖျက်ဆီးခြင်းများကိုလည်း ဝန်ခံခဲ့သည်။

Source-ဧရာဝတီ

Link- https://burma.irrawaddy.com/news/2024/04/11/382178.html

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English