Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁ ဧပြီ ၂၀၂၄)

April 1, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေး အစိုးရ

  • တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် စစ်ဘေးရှောင်‌‌ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ကို ဆေးကုသမှုပေးနေကြောင်း ထားဝယ် ပကဖ ဥသြဆေးအဖွဲ့က အသိပေး ထုတ်ပြန်သည်။
  • အကြမ်းဖက် စစ်တပ်ကို တန်ပြန်ထိုးစစ်အရှိန်မြှင့်မည်ဖြစ်၍ အမှတ်(၈) ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းကနေ ထားဝယ်ခရိုင်သရက်ချောင်းအထိ လမ်းပိုင်းကို သတ်မှတ်အချိန်သာ သွားလာခွင့်ပြုတော့မည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်းက  ထုတ်ပြန်သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့တွင်ရှိသည့် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို မတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမပေါ်ရှိ ချောင်းဦးနှင့် မြင်းမူမြို့နယ်များ၌ မတ်လအတွင်း ၁၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင် အမှတ်(၁၁) People’s Defence Force – South Monywa က ဧပြီ လ ၁ ရက် ယနေ့ ထုတ်ပြန်သည်။
  • အာဏာသိမ်းစစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှု လုပ်ရပ်များနှင့် ပတ်သက်ပြီး တိုင်ကြား ၊စုံစမ်း၊အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာ ဝန်တောင်မှုစတင်လိုက်ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။
  • မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ဆေးရုံနှင့် မန္တလေးဂိတ်ကို PDF တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး လဝကရုံးနှင့် ဆေးရုံ အတွင်းရှိ စစ်သားများ နေထိုင်ရာ အဆောက်အအုံအချို့ကို မီးရှို့ ရှင်းလင်းနိုင်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • တနင်္သာရီတိုင်း၊ ထားဝယ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီ ယာဉ်တန်းနှင့် တပ်ရင်း တပ်ဖွဲ့တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မတ်လ ၃၁ ရက် နံနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
  • ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် မြန်မာစစ်အာဏာရှင်ကို အမြစ်ဖြတ်တွန်းလှန်နေသည့် နွေဦး တော်လှန်ရေး ကို အောင်မြင်စွာ အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် မတ်လ ၃၁ ရက်နေ့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
  • ဧရာဝတီတိုင်း ၊ ဖျာပုံအကျဥ်းထောင်၌ ပစ်ခတ်မှူဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား(၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
  • မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦး နှင့် မြင်းမူမြို့နယ်များ၌ စစ်ကောင်စီတပ်အား ဒေသတွင်း PDFများက (၃)ရက်အတွင်း (၃)ကြိမ် တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းPDFများက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၁၁ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ စစ်ရှောင် ပြည်သူ ၈၀၀၀ ကျော် စားနပ် ရိက္ခာများ လိုအပ်နေကြောင်း Black Vote Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကပြောသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ”တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ် စစ်ကြောင်းသည် ကျောင်းသားပြည်သူလူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။
  • ထားဝယ်အမြောက်တပ်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ (မတ်၃၁) မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဗထူးတပ်မတော်(BHA)က ထုတ်ပြန်သည်။
  • ဝက်လက်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီအဖွဲ့ဝင်ရဲဘော်များက ဦးဆောင်ပြီးကျောင်းသားပြည်သူလူထုကို စည်းရုံးစုစည်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် ဆန္ဒပြပွဲ ပြုလုပ်ကာ နိုင်ငံရေးဟောပြော ပွဲကျင်း ပခဲ့ကြောင်းသိရသည်။
  • ဘုတလင်မြို့နယ်တွင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး “စစ်သုံး စစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” ဆိုသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားကျူးလွန်သည့် စစ်ရာဇဝတ်မှုများကြောင့် တော်လှန် ရေးအရှိန်အဟုန် ရပ်တန့်သွားမှာမဟုတ်ကြောင်း မွန်ပြည် နယ်အခြေစိုက် တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ပြောကြားထားသည်။
  • စစ်ကောင်စီတပ် အထိုင်ချထားသည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိပြီဖြစ်သည့် စိန်လုံတောင်ဗျူဟာကုန်း ကို KIA က ယမန်နေ့ မတ်လ ၃၁ ရက် ညက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA စစ်ရေးရုံး တာဝန်ရှိသူ ထံက သိရသည်။
  • ဒေသတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် သွားကြသည့် ကျောင်း သူ၊ ကျောင်းသားများ ပညာဆက်လက် သင်ကြားနိုင်အောင် ကူညီထောက်ပံ့ရန် ကြိုးပမ်း နေ ကြောင်း ကြားကာလ ချင်းပြည်အစိုးရ ၊ ပညာရေးဝန်ကြီး ဆလိုင်း ခရော့စ်ထန်းက မဇ္ဈိမကို ပြောသည်။
  • မတ်လ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်သား ၇၀ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်အသုံးပြုခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

  • ရခိုင်ပြည်နယ် မြေပုံမြို့ ကမ်းထောင်ကြီးမြို့ရှိ ရခိုင်ကုန်း စက်လှေဆိပ်ကို စစ်ကောင်စီက လေကြောင်းမှ မီးလောင်ဗုံးကြဲချရာ စာသင်ကျောင်းတကျောင်းနှင့် လူနေအိမ် လေးလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။
  • စစ်ကောင်စီက ​လေကြာင်းမှဗုံးကြဲ တိုက်ခိုက်ခဲ့၍ မြန်မာ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှ တိမ်းရှောင်လာသည့် စစ်တပ်မိသားစုများ အပါအဝင် ၅ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
  • လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ င် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း စစ်ကောင်စီ သတင်းများတွင်ဖော်ပြထားသည်။
  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ နှင့်စားသောက်ဖွယ်ရာများဂုဏ်ပြုပေးအပ်ပွဲကို တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။

ဧပြီ ၁ သုံးသပ်ချက်

  • တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမြှင့်တက်နေပြီး မွန်ပြည်နယ်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံမှ စစ်ကောင်စီကို နေရာပေါင်းစုံမှ တိုက်ခိုက်လာသည့်အတွက် အကြမ်းဖက်စစ်တပ်၏ ထုံးစံအတိုင်း တော်လှန်ရေးအဖွဲ့များကို မနိုင်လျှင် ပြည်သူများ၏ နေအိမ်အဆောက်အဦး ရပ်ကွက်ကျေးရွာများကို ဖျက်ဆီးလေ့ရှိခြင်း ကြောင့် ယင်းဒေသမှ ပြည်သူများအနေဖြင့်လည်း စစ်ရေးသတင်းများကို နားစွင့်ကာ ဘေး လွတ်ရာကို ရှောင်တိမ်းရန် ပြင်ဆင်ထားသင့်သည်။

 

Source: Mizzima

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English