LATEST STORIES

ဇန်နဝါရီ ၂၄၊ ၂၀၂၂။ (တနင်္လာ)

ဒီလအစပိုင်းမှာတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ကယားပြည်နယ်ကPDFတွေဟာကျည်မလုံလောက်မှုကြောင့်တိုက်ပွဲဖော်ဆောင်မှုတွေနားထားရတယ်လို့ကြားတယ်။ထိုဒေသကတပ်ဖွဲ့တွေဟာအခြားနယ်တွေထပ်စာရင်လက်နက်အင်အားအတော်အသင့်ပြည့်စုံနေပြီ။မြို့တော်လွိုင်ကော်ကိုတောင်ခြိမ်းခြောက်နိုင်နေပြီ။ဒါပေမယ့်ငွေကြေးမလုံလောက်မှုကြောင့်ကျည်ပြသာနာတက်နေတယ်။စစ်သူပုန်တွေကတိုက်ပွဲတွေမှာကျည်ဆံတွေပေါများစွာသုံးနေချိန်မှာPDFတွေကတော့ကျည်တစ်တောင့်ငါးထောင်နှုန်းပေးဝယ်နေရတယ်။ရင်ဆိုင်တိုက်ပွဲတွေများလာတာနဲ့အမျှတနိုင်ငံလုံးမှာဒီပြသာနာဟာကြီးထွားလာလိမ့်မယ်။NUG အနေနဲ့ကြိုပြင်ဆင်ထားရမယ့်အရာတစ်ခုပဲ။ ကယားကမြို့ကြီးနှစ်ခုဖြစ်တဲ့လွိုင်ကော်နဲ့ဒီမော့ဆိုကတော့အတော်ပျက်စီးသွားပြီ။ပြည်နယ်လူဦးရေရဲ့သုံးပုံနှစ်ပုံလောက်စစ်ဘေးရှောင်တွေဖြစ်ကုန်ပြီ။အရင်ကအေးချမ်းတဲ့ပြည်နယ်လေးအမြန်ပြန်လည်အဆင်ပြေပါစေလို့ဆုတောင်းမိတယ်။

Read moreDetails

ဇန်နဝါရီ ၂၃၊ ၂၀၂၂။ (တနင်္ဂနွေ)

ပြည်သူတွေကိုသတင်းအချက်အလက်ပိတ်ဆို့ဖို့အမိန့်ကြေငြာချက်တစ်ခုမနေ့ကစတင်အသက်ဝင်တယ်။အဲ့ဒီမှာဆင်းကဒ်တစ်ကဒ်ကျပ်၁၅၀၀ကနေနှစ်သောင်းဖြစ်သွားတယ်။တော်လှန်ရေးတပ်ဖွဲ့တွေအဝေးထိန်းမိုင်းတွေခွဲရာမှာဆင်းကဒ်တွေကိုပေါပေါများများအသုံးပြုနေလို့အဲ့ဒီလိုကန့်သတ်လိုက်တာပဲ။အရင်လိုဆင်းကဒ်တစ်ခုငါးသိန်းခေတ်ကိုတဖြည်းဖြည်းနဲ့ပြန်သွားနေပြီ။ ပိုဆိုးတာကမကြာမှီကစျေးတက်ထားတဲ့ မိုဘိုင်းဒေတာအသုံးပြုခတွေကိုအခွန်၁၅ရာခိုင်နှုန်းထပ်ကောက်ပစ်တယ်။ဒီတခါတော့အိမ်သုံးဖိုင်ဘာအင်တာနက်ဆားဗစ်တွေပါအကြုံးဝင်လာတယ်။ဖုန်းမိုဘိုင်းဒေတာစျေးနှုန်းဟာအခြေခံလူတန်းစားတွေအတွက်အတော်အခက်အခဲဖြစ်သွားပြီ။ဖိုင်ဘာအင်တနက်လုံးဝမရှိတဲ့နယ်မြို့လေးတွေကပြည်သူတွေဆိုအင်တာနက်ကိုသုံးမရတော့သလောက်ဖြစ်သွားပြီ။သတင်းအချက်အလက်စီးဆင်းမှုနှေးလာရင်ပြည်သူတွေပါဝင်နှုန်းနည်းလာမယ်။ဒါဟာတော်လှန်ရေးကိုထိခိုက်နိုင်တယ်။မြန်မြန်မနိုင်ရင်တနိုင်ငံလုံးအမှောင်လောကထဲမှာအကျဉ်းကျလောက်တယ်။

Read moreDetails

ဇန်နဝါရီ ၂၂၊ ၂၀၂၂။ (စနေ)

မတရားဖမ်းဆီးခံထားရသောလူသိများတဲ့နိုင်ငံရေးသမားနှစ်ယောက်ဖြစ်တဲ့ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကိုစစ်တပ်ကသေဒဏ်ချမှတ်လိုက်တယ်။လူလတ်ပိုင်းတွေဖြစ်တဲ့သူတို့နှစ်ယောက်ဖမ်းဆီးခံလိုက်ရတာတော်လှန်ရေးအတွက်အတော်နစ်နာတယ်။စစ်တပ်ကမတရားသေဒဏ်ချမှတ်ခံလိုက်သူအရေအတွက်ဟာလဲအတော်များနေပြီ။ဥပဒေမရှိတော့ပဲလုပ်ချင်တိုင်းလုပ်နေကြတယ်။ တော်လှန်ရေးအားကောင်းတဲ့မြိုင်မြို့နယ်လေးမှာလဲဒေသခံတွေရဲ့လက်လုပ်ရေနံတွင်းတွေကိုစစ်တပ်ကမီးတင်ရှို့နေတယ်။တိုင်းမှူးကိုယ်တိုင်မီးရှို့ခိုင်းတာလို့ကြားတယ်။အဲ့ဒီဒေသရဲ့အဓိကစီးပွားရေးကရေနံတွင်းတွေပေါ်မှာမှီခိုနေတာဆိုတော့ဒေသခံတွေစီးပွားပျက်အောင်တမင်လုပ်နေတာပဲ။ဆုံးရှုံးမှုတန်ဖိုးသိန်းပေါင်းသောင်းကျော်နေပြီ။ကိုယ့်ရဲ့ရေနံတွင်းတွေမီးလောင်တာကိုဘာမှလုပ်မရပဲဒီတိုင်းထိုင်ကြည့်နေရတယ်။ခံစားရခက်လိုက်ပါဘိ။

Read moreDetails

ဇန်နဝါရီ ၂၁၊ ၂၀၂၂။ (သောကြာ)

မြန်မာပြည်မှာလာရောက်ရင်းနှီးမြုပ်နှံနေတဲ့ကမ္ဘာ့အကြီးဆုံးရေနံကုမ္မဏီကြီးတွေဖြစ်တဲ့ပြင်သစ်ကတိုတယ်နဲ့အမေရိကန်ကရှက်ဗရွန်တို့ထွက်ခွာတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာစစ်ကောင်စီကိုဝင်ငွေအများဆုံးရှာပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။အဲ့ဒီကရတဲ့ငွေတွေနဲ့ပြည်သူတွေကိုသတ်ဖြတ်နှိပ်ကွက်နေတာပါ။အာဏာသိမ်းကတည်းကအဲ့ဒီကဏ္ဌကိုပိတ်ဆို့အရေးအယူပေးဖို့ဆော်သြနေတာကြာပြီ။အခုမှအနည်းငယ်လှုပ်လာတာဖြစ်တယ်။ သူတို့ထွက်ခွာဖို့ဆုံးဖြတ်ချက်ကြောင့်စစ်ကောင်စီကိုအတိုင်းအတာတစ်ခုအထိတော့အထိနာစေလိမ့်မယ်။ ဒါပေမယ့်ပြည်တွင်းမှာကိုရီးယားနဲ့ထိုင်းကုမ္မဏီတွေကျန်သေးတော့စစ်ကောင်စီအတွက်အလုံးစုံထိခိုက်မှုတော့မရှိသေးဘူး။ဒါနဲ့တင်မလုံလောက်သေးပဲMOGEကိုပါဆန်ရှင်ချမှတ်နိုင်ဖို့လိုသေးတယ်။သို့မှသာရေနံနဲ့သဘာဝဓာတ်ငွေ့ကဝင်ငွေရလမ်းတစ်ခုလုံးကိုပိတ်ဆို့နိုင်မှာဖြစ်တယ်။ထိုကုမဏ္ဏီကြီးနှစ်ခုထွက်ခွာခြင်းဟာနောက်ပိုင်းလာမယ့်ဆန်ရှင်တွေရဲ့အစဖြစ်မယ်လို့ယူဆရတယ်။

Read moreDetails

ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ

ကယား စစ်ဘေးရှောင် ပြည်သူများသည်အနေဖြင့် ကယားပြည်နယ်တွင်းပင် လှည့်လည် တိမ်းရှောင်နေထိုင်မှုမှာ လူဦးရေ တသိန်းနှစ်သောင်းခန့်ရှိပြီး ဒီမောဆိုမြို့နယ်အတွင်းမှာ တိမ်းရှောင်နေထိုင်ကြသူ အများဆုံး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ဆီဆိုင်၊...

Read moreDetails

ဇန်နဝါရီ ၂၀၊ ၂၀၂၂။ (ကြာသပတေး)

စက်သုံးဆီစျေးတွေတကျော့ပြန်တက်လာပြန်ပြီ။အရင်အစိုးရလက်ထက်ကတစ်လီတာလေးရာပဲရှိခဲ့တဲ့စျေးဟာအခုဆိုရင်တစ်လီတာ၁၆၀၀ရောက်နေပြီ။လေးဆခန့်ထိုးတက်သွာတဲ့သဘောပဲ။ဒေါ်လာစျေးလဲအဲ့လောက်မတက်ပဲနဲ့ဆီစျေးတွေထိုးတက်နေတာဖြစ်တယ်။ဆီသွင်းတဲ့ကုမ္မဏီကြီးတွေမှာလက်ကျန်နည်းနေတယ်လို့ကြားတယ်။ဆီဝယ်စရာဒေါ်လာမရှိကြတော့ဘူးလား။ စက်သုံးဆီစျေးဟာစီးပွားရေးအပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတယ်။၂၀၀၇တုန်းကစက်သုံးဆီစျေးတွေတက်လို့ပြည်သူတွေစီးပွားရေးကြပ်တည်းပြီးရွှေဝါရောင်အရေးအခင်းဖြစ်ခဲ့တာပါ။အခုလဲနိုင်ငံကတဖြည်းဖြည်းနဲ့ပျက်စီးနေပါပြီ။မြန်မြန်ပျက်စီးမှပဲတော်လှန်ရေးမှာလူတိုင်းပါဝင်လာကြလိမ့်မယ်။

Read moreDetails

ဇန်နဝါရီ ၁၉၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ကယား​ပြည်နယ်၊ ဖရူဆိုရှိ စစ်​ဘေး​ရှောင်စခန်းကိုစစ်တပ်က ​လေယာဉ်ဖြင့်လာရောက် ဗုံးကျဲလို့ ၁၂  နှစ်နှင့် ၁၅ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် စစ်​ဘေး​ရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီး​သေဆုံးသွားတယ်။တိုက်ပွဲမရှိပဲစစ်ဘေးရှောင်စခန်းကိုသက်သက်လာရောက်ဗုံးကြဲသွားတာပါ။အခုဆိုရင်ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်အတိုင်ပင်ခံကောင်စီတွေပူးပေါင်းပြီးအရေးပေါ်သတိပေးချက်တွေ၊ဗုံးခိုကျင်းတွေတူးထားဖို့ကြေငြာချက်တွေထုတ်ပြန်ထားရတယ်။တဖက်မှာလဲလေယာဥ်မပျံသန်းရဇုန်သတ်မှတ်ဖို့တောင်းဆိုထားတယ်။No Fly Zoneကတော့ဝေးပါသေးတယ်။နိုင်ငံတကာအနေနဲ့အနည်းဆုံးIDP Camp တွေလောက်တော့လုပ်ပေးသင့်တယ်။အခုလိုပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေပြောင်ပြောင်တင်းတင်းကျူးလွန်နေတာတောင်ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းမှမလှုပ်ကြဘူး။ဒေါ်လာတွေလှူလိုက်တယ်သာကြားရပြီးအဲ့ဒီပိုက်ဆံတွေဘယ်ရောက်နေလဲ၊ဘယ်မှာသုံးနေလဲဘာမှမသိရဘူး။မြေပြင်မှာအပစ်မဲ့ပြည်သူတွေပေးဆပ်နေတယ်။...

Read moreDetails

ဇန်နဝါရီ ၁၈၊ ၂၀၂၂။ (အင်္ဂါ)

NUGကငွေတိုက်စာချုပ်တွေကိုပြန်လည်ရောင်းချနေပြီ။နိုဝင်ဘာလထဲကရောင်းချနေတာဖြစ်ပေမယ့်အနှောက်အယှက်အခက်အခဲမျိုးစုံကြောင့်ရောင်းချမှုကိုတလလောက်နားလိုက်ရတယ်။အခုပြန်ရောင်းနေတဲ့နှစ်ပတ်အတွင်းဒေါ်လာ၃.၆သန်းထပ်ရောင်းရတယ်လို့သိရတယ်။စာချုပ်ရောင်းတဲ့ကိုယ်စားလှယ်တစ်ယောက်ကတော့နာရီဝက်ကိုနှစ်ဦးနှုန်းဝယ်ယူနေတယ်လိုပြောတယ်။အခုလက်ရှိအချိန်ထိဒေါ်လာ၁၅သန်းဖိုးလောက်ရောင်းပြီးပြီလို့ခန့်မှန်းရတယ်။ပထမအဆင့်မှာအရေးပေါ်၂၅သန်းလောက်လိုတယ်တဲ့။ဒါတွေမြန်မြန်ရောင်းရမှာတော်လှန်ရေးဟာမြန်မြန်ရှေ့ရောက်မယ်။ကိုယ်တိုင်လဲဝယ်နိုင်ဖို့ကြိုးစားရဦးမယ်။

Read moreDetails

ဇန်နဝါရီ ၁၇၊ ၂၀၂၂။ (တနင်္လာ)

မျှော်လင့်ချက်ပျောက်ဆုံးသွားကြတဲ့အကြောင်းကိုဆက်ပြောရရင်စစ်အာဏာမသိမ်းခင်ကလခစားဝန်ထမ်းပဲဖြစ်ဖြစ်၊ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ်၊လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်လူတိုင်းမှာရှေ့ဆက်အကောင်အထည်ဖော်မယ့်အိမ်မက်ကိုယ်စီရှိကြတယ်။ကိုယ့်အိမ်မက်ကိုလဲလွတ်လွတ်လပ်လပ်ဖန်တီးပိုင်ခွင့်ရှိကြတယ်။နိုင်ငံဟာရှေ့ဆက်သွားဖို့ပဲတာဆူနေတဲ့အတွက်လူတိုင်းဟာအလိုက်သင့်လိုက်ပါစီးမျောသွားရုံပဲ။ စစ်အာဏာသိမ်းလိုက်တော့အဲ့ဒါတွေအကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။သိကြတဲ့အတိုင်းဘာမှလုပ်မရတော့ဘူး။ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ်၊ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်အနာဂတ်စီမံကိန်းတွေပျောက်ဆုံးကုန်တယ်။ဘယ်သူ့မေးမေးဒီအဖြေပဲထွက်တယ်။ အာဏာသိမ်းပီးတစ်နှစ်ပြည့်တဲ့အချိန်မှာအခြေအနေတွေကပိုမိုဆိုးရွားလာတယ်။တချို့တွေကစီးပွားပျက်သွားကြတယ်။တချို့တွေကမိသားစုဘဝပျက်သွားကြတယ်။တချို့တွေဆိုအသက်ပါပျောက်သွားကြတယ်။နိုင်ငံရဲ့အခြေအနေဟာစောက်ထိုးဆင်းလာတယ်။ဒီတော်လှန်ရေးမအောင်မြင်မချင်းလူတိုင်းဟာအနည်းနဲ့အများတော့ဒုက္ခရောက်နေကြမှာပဲ။

Read moreDetails

ဇန်နဝါရီ ၁၆၊ ၂၀၂၂။ (တနင်္ဂနွေ)

နိုင်ငံရေးအခြေအနေမကောင်းလို့နိုင်ငံခြားထွက်အလုပ်လုပ်ဖို့စိတ်ကူးမိပါတယ်။ပထမဆုံးပတ်စပို့လုပ်တဲ့အဆင့်မှာပဲစိတ်ကုန်သွားတယ်။ပတ်စပို့ရုံးမှာနိုင်ငံကူးလက်မှတ်လာလျှောက်တဲ့လူအုပ်ကြီးကထောင်နဲ့ချီတယ်။ပွဲစားတွေကခြေချင်းလိမ်နေတယ်။ရုံးထဲမှာလဲအဆင့်တိုင်းမှာလာဒ်ထိုးနေရတယ်ကြားတယ်။ပတ်စပို့ရုံးကအရင်ထဲကစစ်တပ်လက်အောက်မှာဆိုတော့ပိုဆိုးတယ်။ဒါတောင်လူအုပ်ကြီးကမနက်အစောကြီးကတည်းကလာရောက်ဒုက္ခခံပြီးတန်းစီနေကြတယ်ဆိုတော့လူတိုင်းကနိုင်ငံခြားထွက်ဖို့ပဲကြိုးစားနေကြလားမသိဘူး။ဒါလဲသူတို့ကိုအပြစ်မပြောသာဘူး။စစ်အာဏာသိမ်းထားတဲ့ဒီနိုင်ငံမှာအလုပ်အကိုင်အခွင့်အလမ်းဆိုတာရှိမှမရှိ​တော့ပဲ။ အောက်လမ်းကထွက်ဖို့ကြိုးစားတဲ့သူတွေလဲအများကြီးပဲ။ထိုင်းနယ်စပ်မှာဆိုနေ့စဉ်ထိုင်းနိုင်ငံထဲခိုးဝင်တဲ့မြန်မာတွေဖမ်းမိနေတာဆိုတနေ့တနေ့ရာဂဏန်းရှိနေတယ်။လူတိုင်းဟာမျှော်လင့်ချက်ကင်းမဲ့နေကြတယ်။

Read moreDetails
Page 171 of 230 1 170 171 172 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist