LATEST STORIES

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ရန်ကုန်မှာYBSလိုင်းကားပေါ်ဓားပြတိုက်မှုတွေတောင်ဖြစ်ပွားလာပြီ။မြောက်ဥက္ကလာပမြို့နယ်၊YBS 42 ပေါ်မှာနေ့ခင်းကြောင်တောင်ဓားပြတိုက်သွားခဲ့တာပါ။နေ့လည်ဘက်ဆိုတော့ကားပေါ်မှာခရီးသည်သိပ်မပါလာဘူး။ဓားပြစုစုပေါင်းသုံးယောက်လို့သိရပြီးယာဉ်မောင်းကိုကားတံခါးတွေအသေပိတ်ခိုင်းကာခရီးသည်တစ်ဦးချင်းဆီကရသမျှအကုန်ယူဆောင်သွားတယ်လို့သိရတယ်။ကားပေါ်မှာလူနည်းနေတဲ့အတွက်ပြန်ခုခံဖို့လဲအခွင့်မသာခဲ့ဘူး။ ဒီလိုဖြစ်ရပ်မျိုးအရင်ကကြားတောင်မကြားဖူးဘူး။အခုချိန်ကလမ်းသွားလဲမလုံခြုံ၊လိုင်းကားပေါ်မှာတောင်မလုံခြုံတော့ဘူး။ရဲတပ်ဖွဲ့ဆိုတာကလဲစစ်တပ်ရဲ့လက်ကိုင်တုတ်မျှသာပဲ။မင်းမဲ့စရိုက်ဆန်တဲ့အခြေအနေတွေဟာတနေ့တခြားပိုမိုဆိုးရွာလာနေပါပြီ။

Read moreDetails

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂။ (အင်္ဂါ)

ဒီနေ့ဟာတနိုင်ငံလုံးကပြည်သူအများစုလမ်းမတွေပေါ်ထွက်ဆန္ဒထုတ်ဖော်ကြတဲ့ပြည်လုံးကျွတ်အထွေထွေသပိတ်တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တယ်။ဒီနေ့မှာကြားရတဲ့သတင်းကောင်းတစ်ခုကတော့စစ်ကောင်စီရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကိုEUကဆန်ရှင်ချမှတ်လိုက်တယ်။တိုတယ်နဲ့ရှဗရွန်ကုမ္မဏီတို့ထွက်ခွာသွားပြီးနောက်ပိုင်းစစ်ကောင်စီရဲ့အဓိကဝင်ငွေရလမ်းအပေါ်အမြင့်ဆုံးဆန်ရှင်ချမှတ်မှုဖြစ်တယ်။ဒါပေမယ့်အခုအချိန်ထိEUကသာအရေးယူခြင်းဖြစ်ပြီးအမေရိကန်လဲဆက်လက်ပါဝင်ဖို့လိုအပ်နေသေးတယ်။သူလဲအနှေးနှင့်အမြန်အရေးယူလိမ့်မယ်လို့ယူဆရတယ်။ ဒါနဲ့တင်မလုံလောက်သေးပဲနောက်ထပ်အရေးကြီးတဲ့ပိတ်ဆို့မှုတွေဆက်လုပ်ဖို့လိုသေးတယ်။အနီးစပ်ဆုံးကတော့လေယာဉ်ဆီကိုပိတ်ဆို့မှုတွေလုပ်ပေးဖို့ပဲ။သို့မှသာစစ်ကောင်စီရဲ့နိုင်ထက်စီးနင်းလေကြောင်းတိုက်ခိုက်မှုတွေကိုတားဆီးနိုင်လိမ့်မယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂။ (တနင်္လာ)

ဂမ်ဘီယာကမြန်မာကိုတရားစွဲထားတဲ့အမှုကိုICJကစစ်ကောင်စီကိုယ်စားလှယ်ကိုလက်ခံစစ်ဆေးခဲ့တယ်။NUGကကုလသံအမတ်ဦးကျော်မိုးထွန်းကိုကိုယ်စားလှယ်အဖြစ်တင်ပြခဲ့ပေမယ့်ICJကလက်မခံခဲ့ဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီအမှုကိုစစ်ကောင်စီကတာဝန်ခံရမှာပဲ။နိုင်ငံတကာတရားရုံးကစစ်ဆေးတဲ့အတွက်အနည်းဆုံးနှစ်နှစ်လောက်တော့ကြာဦးမယ်။ မနက်ဖြန်တော့၂ခြောက်လုံးပြည်သူတွေစုရုံးသပိတ်လုပ်ဖို့ဆော်သြနေကြတယ်။အင်တာနက်လိုင်းတွေလဲဖျက်မယ်လို့သတင်းတွေထွက်နေတယ်။တနိုင်ငံလုံးပြည်သူတွေစုရုံးသပိတ်လုပ်ဖို့ဆော်သြနေကြတယ်။

Read moreDetails

NUG အထနှေးနေတုန်းပဲလား

ယူကရိန်းနိုင်ငံကို ကမ္ဘာကလက်နက်တွေဝိုင်းဝန်းထောက်ပံ့၊ လိုအပ်တာတွေ အင်တိုက်အားတိုက် ကူညီတာမြင်ရတော့ စိတ်ထဲမှာ တွေးစရာတွေ၊ ပြောပြစရာတွေ အများကြီးရှိလာတယ်။ မချီးကျူးဘဲမနေနိုင်တာက ယူကရိန်းသမ္မတရဲ့အရည်အချင်းဖြစ်ပြီး၊ NUG နဲ့ပတ်သက်ပြီးလည်း ဝေဖန်ထောက်ပြစရာတွေ တစ်ပုံကြီးပေါ်လာတယ်။တချို့က မေးကြတာရှိတယ်။ ကမ္ဘာက ယူကရိန်းကိုကျတော့ ဘာဖြစ်လို့ လက်နက်တွေထောက်ပံ့တာလဲ၊...

Read moreDetails

ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ် အန္တရာယ်ကင်းစွာ ချီတက်ခြင်း

ချုံခိုတိုက်ခိုက်ခံရမှုများကြောင့် အထိနာရသော စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း လမ်းပိုင်းတစ်ခုကို စိုးရိမ်ပူပန်မှု နည်းပါးစွာ ချီတက်နိုင်သည့်အခြေအနေ ရှိခဲ့သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေသော စစ်သားများက အရပ်သားများကို ဖမ်းဆီးပြီး ၎င်းတို့၏ရေယာဉ်များတွင် ဓားစာခံအဖြစ် ခေါ်ထားခဲ့ကြခြင်းပင်။ ဓားစာခံများမှာ ဇန်နဝါရီ...

Read moreDetails

ဝါရီဆူးဖလိုင်ရွာ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့

ကရင်နီပြည်နယ် မိုးဗြဲမြို့ တောင်ဘက် သုံးမိုင်ခန့် အကွာရှိ ဝါရီဆူးဖလိုင်ရွာ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နေအိမ် ၁၅ လုံးခန့် မီးရှို့ ဖျက်ဆီးထားသည်ဟု  ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF)...

Read moreDetails

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ရန်ကုန်ကစစ်ကောင်စီရဲ့မှော်ဘီလေတပ်စခန်းဌာနချုပ်မှာဗုံးခွဲခံရလို့တိုက်လေယာဥ်နှစ်စီးပျက်စီးသွားတယ်။တိုင်းရင်းသားပြည်သူတွေကိုလေကြောင်းကနေအကြမ်းဖက်မှုတွေလုပ်နေတဲ့စစ်ကောင်စီအတွက်တော့ဒါဟာသတင်းဆိုးပဲ။PDFတွေဘက်ကအဲ့လောက်ထိလုပ်နိုင်တယ်ဆိုတာအတော်ချီးကျူးဖို့ကောင်းတယ်။ ချင်းပြည်နယ်မင်းတပ်မြို့ကဒုတိယအကြီးဆုံးဆေးရုံကိုPDFတွေနဲ့ပတ်သက်တယ်ဆိုပြီးစစ်တပ်ကဝင်ရောက်ဖျက်စီးပစ်လိုက်လို့ဒေသခံတွေရဲ့ကျန်းမာရေးစောက်ရှောက်မှုကိုထိခိုက်သွားစေတယ်။ဆေးရုံးတစ်ခုလုံး X ray စက်တွေ၊ဓာတ်ခွဲခန်းတွေပါမကျန်ဖျက်စီးသွားတာပါ။စစ်ကောင်စီဟာသူတို့သံသယရှိရင်ဆေးရုံကြီးတွေပါမကျန်တရားလက်လွတ်ဖျက်စီးနေကြပြီ။

Read moreDetails

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၂။ (စနေ)

မိုးဗြဲမှာဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဒီနေ့KNDFဘက်ကအယောက်၂၀ကျော်ကျဆုံးသွားတယ်။ကျဆုံးသွားတယ်သူတွေထဲမှာတိုက်ပွဲအတွင်းဆေးအကူပေးနေတဲ့ဆရာဝန်ကြီးတစ်ဦးအပါအဝင်ဆေးတပ်သားတွေလဲပါသွားတယ်။တနေကုန်တိုက်ပွဲပြင်းထန်နေပြီးညနေပိုင်းရောက်မှစစ်တပ်ကပစ်တဲ့လက်နက်ကြီးတွေနဲ့လေကြောင်းပစ်ကူဒဏ်တွေကြောင့်ကျဆုံးသွားရတာလို့ပြောတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကတော့စစ်တပ်ရဲ့သံချပ်ကာကားနှစ်စီးကိုဖျက်စီးလိုက်နိုင်တယ်။ဒါပေမယ့်လဲဒါကိုကျဆုံးသွားတဲ့ရဲဘော်လေးတွေရဲ့အသက်နဲ့တော့မလဲနိုင်ဘူး။တိုက်ပွဲဟာဆက်လက်ပြင်းထန်နိုင်ပြီးကျည်ဆံအကူအညီအတွက်အားချင်းအလှူခံနေကြရတယ်။တကယ်တန်းရင်ဆိုင်တိုက်ကြတဲ့အခါပြည်သူတွေဘက်ကလက်နက်ခဲယမ်းအင်အားချို့တဲ့နေတုန်းပဲ။ ဒီနေ့စစ်ကိုင်တိုင်းရေဦးမှာလဲလက်နက်အင်အားမမျှလို့PDFငါးယောက်ထပ်ပြီးကျဆုံးသွားသေးတယ်။သူတို့လေးတွေဟာတကယ်တမ်းတော့မသေသင့်ပဲသေသွားကြရတဲ့သူတွေချည်းပဲ။တော်လှန်ရေးကာလကြာလေလေရင်နာစရာတွေပိုဖြစ်လာလေလေပဲ။

Read moreDetails

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂။ (သောကြာ)

ကယားပြည်နယ်မှာတိုက်ပွဲတွေအပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြန်ပြီ။ပြီးခဲ့တဲ့လကမြို့တော်လွိုင်ကော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာမြောက်ဘက်ကရှမ်းကယားနယ်စပ်မိုးဗြဲမြို့ကိုရောက်ရှိလာတယ်။အကြောင်းရင်းကတော့စစ်ကောင်စီဟာကယားကနေနေပြည်တော်သွားတဲ့လမ်းပေါ်မှာရှိတဲ့မိုးဗြဲမြို့ကိုသံချပ်ကာကားတွေအပါအဝင်အင်အားနှစ်ရာခန့်သုံးပြီးထိန်းချုပ်ဖို့ကြိုးစားလာတယ်။နေပြည်တော်နဲ့လေးနာရီခန့်သာခရီးဝေးတာကြောင့်မိုးဗြဲဟာသူတို့အတွက်အရေးပါတယ်။ ပီးရင်KNDFစိုးမိုးနယ်မြေတွေဖြစ်တဲ့ဒီမော့ဆိုကိုပါစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာကြောင့်ကယားပြည်နယ်ကလက်နက်ကိုင်တပ်ဖွဲ့တွေစုပေါင်းပြီးခုခံနေကြတယ်။စစချင်းနေ့မှပဲစစ်တပ်ဖက်ကအကျအဆုံးတွေများလို့ညနေပိုင်းမှာထုံးစံအတိုင်းလေကြောင်းပစ်ကူတွေသုံးလာတယ်။ပြည်သူတချို့လဲမြို့ထဲမှာပိတ်မိနေကြတယ်။ကယားပြည်နယ်တစ်ခုလုံးလဲစစ်မြေပြင်ဖြစ်နေပြီ။

Read moreDetails

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂။ (ကြာသပတေး)

ဒီနေ့နေ့လည်ပိုင်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သားများ၊ ပျူ‌စောထီးများပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များစစ်ကိုင်းတိုင်း ခင်ဦးမြို့နှင့် လေးမိုင်ခန့်အကွာ ကံကြီးကုန်း၊ မြို့သစ်၊ တပင်ကောင်းစသည့် ကျေးရွာများအနီးတွင် တိုက်ပွဲစတင်ဖြစ်ခဲ့တယ်။ မြို့သစ်ရွာ ဘုရားဝန်းထဲမှာ စစ်တပ်က နေရာယူထားပြီး ဒေသခံ...

Read moreDetails
Page 172 of 235 1 171 172 173 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist