LATEST STORIES

ဇူလိုင် ၃၊ ၂၀၂၁။ (စနေ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မွေးနေ့အဖြစ်တနိုင်ငံလုံးကပြည်သူတွေကျင်းပပေးကြတယ်။ကျင်းပပုံတွေကတော့အခေါင်းမီးရှို့ခြင်း၊သူ့ဓာတ်ပုံကိုဖျက်စီးခြင်း၊ပန်းခွေချခြင်းတို့နဲ့မွေးနေ့ပွဲလုပ်ပေးကြတယ်။ဆိုရှယ်မီဒီယာပေါ်မှာဆိုမင်းအောင်လှိုင်နာမည်တပ်ပြီးအဆဲသပိတ်ပါရှိသေးတယ်။သူအာဏာရူးလို့ငါးလအကြာမှာကျဆုံးပြည်သူစုစုပေါင်းကိုးရာနီးပါးရှိလာပြီဖြစ်ပါတယ်။

Read more

ဇူလိုင် ၂၊ ၂၀၂၁။ (သောကြာ)

ဒီမနက်စောစောပိုင်းလောက်ကရန်ကုန်မြို့ရဲ့အချက်အခြာမြေနီကုန်းဂုံးကျော်တံတားပေါ်မှာရဲကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားတယ်။တံတားပေါ်မှာကပ်ထားတဲ့အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းကိုလာဖြုတ်တဲ့အချိန်မှာပေါက်ကွဲသွားတာ။ပြောရရင်တော့ထောင်ဖမ်းတဲ့သဘောပေါ့။ပျောက်ကျားစနစ်ကတဖြည်းဖြည်းနဲ့အဆင့်မြင့်လာပြီ။မနေ့ကလဲအဲ့ဒီတံတားအောက်ကယာဥ်ထိန်းရဲကင်းမှာတစ်လုံးပေါက်သွားသေးတယ်။နယ်ဘက်တွေမှာတော့PDFတိုက်ပွဲတွေဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကိုရောက်သွားပြီ။မနေ့ကကောလင်းမှာစဖြစ်တဲ့တိုက်ပွဲတွေဟာဝင်းသို၊ထီးချိုင့်၊ကသာဘက်တွေပါပြန့်နှံလာတယ်။PDFတွေနဲ့အတူKIAကပါပူးပေါင်းပေးတယ်လို့ကြားပေမယ့်သီးခြားအတည်မပြုနိုင်သေးပါဘူး။ထိုတိုက်ပွဲတွေမှာစစ်သူပုန်တွေဘက်က၄၀ ကျော်သေဆုံးသွားတယ်လို့သိရတယ်။ အတည်ပြုလို့ရတဲ့စာရင်းတွေအရပြီးခဲ့တဲ့ဇွန်လတစ်လလုံးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်သူပုန်ခြောက်ရာကျော်သေဆုံးခဲ့တယ်။

Read more

ဇူလိုင် ၁၊ ၂၀၂၁။ (ကြာသပတေး)

NUGဟာနိုင်ငံတကာနယ်ပယ်မှာအတော်ခရီးရောက်နေပါတယ်။ပြင်သစ်မှာဆိုဒေါက်တာဆာဆာဟာပါလီမန်အမတ်တွေနဲ့ဆွေးနွေးပြီးသူတို့လွှတ်တော်မှာNUGကိုတရားဝင်အသိအမှတ်ပြုဖို့ပြင်သစ်အစိုးရကိုအဆိုတင်သွင်းမယ်ပြောတယ်။ပြီးခဲ့တဲ့တပတ်ကဂျပန်လွှတ်တော်မှာလဲNUGရဲ့ကြိုးပမ်းမှုကြောင့်စစ်ကောင်စီကိုလုံးဝမထောက်ခံကြောင်းကြေငြာခဲ့တယ်။အမေရိကန်နိုင်ငံခြားရေးဌာနကလဲဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံပြီးမြန်မာပြည်မာဒီမိုကရေစီပြန်ရဖို့ကူညီပေးမယ်လို့ပြောတယ်။သြစတေးလျအမတ်တွေကလဲသူတို့အစိုးရကိုစစ်ကောင်စီကိုပိတ်ဆို့မှုတွေထပ်လုပ်ဖို့တိုက်တွန်းနေပြီ။ဒါNUGကြောင့်နိုင်ငံကြီးတွေအားလုံးရဲ့အရွှေ့တွေပါ။ဘယ်နိုင်ငံကအရင်တရားဝင်အသိအမှတ်ပြုမလဲဆိုတာကတော့စောင့်ကြည့်ရမယ်။ မနေ့ကနိုင်ငံရေးအကျဥ်းသားအနည်းငယ်ကိုအပြသဘောစစ်ကောင်စီကလွှတ်ပေးလိုက်ပေးမယ့်ဘယ်သူကမှအဖတ်မလုပ်ကြဘူး။အဖက်မလုပ်တဲ့အပြင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ကဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထပ်တောင်းဆိုလိုက်တယ်။အခုလွှတ်ပေးလိုက်တဲ့သူတွေထဲမှာနာမည်ကြီးပုဂ္ဂိုလ်တွေတစ်ယောက်မှမပါဘူးလေ။လွှတ်ပေးလိုက်တာပဲအဖတ်တင်သွားတယ်၊စစ်ကောင်စီရဲ့ရာ်ရွယ်ချက်ဟာမအောင်မြင်ပါဘူး။

Read more

ဂျပန် သံတမန်တွေ နေထိုင်တဲ့ တိုက်ခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံတမန်တွေနဲ့ JICA ဂျပန်ဝန်ထမ်းတွေ နေထိုင်တဲ့ ကွန်ဒိုမီနီ တိုက်ခန်းတွေကို အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းလောက်က ဝင်ရောက်စီးနင်းခဲ့ တယ်လို့ ဂျပန်အခြေစိုက် အဆာဟိသတင်းဌာနမှာ ဇူလိုင်လ ၄ ရက်နေ့က ရေးသားထားပါတယ်။ ဂျပန်သံတမန်တွေနဲ့...

Read more

အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ ကြိုးစားတာလို့ AAPP ပြော

အာဏာသိမ်းစစ်ကောင်စီဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာ မဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှုကို လက်ခံလာစေဖို့ ကြိုးစားနေတာဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောလိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ...

Read more

ဇွန် ၃၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ချင်းပြည်နယ်၊မင်းတပ်မှာတိုက်ပွဲတွေမရှိတော့ပေမယ့်ဟားခါးနဲ့ဖလမ်းဘက်ကတိုက်ပွဲတွေကြောင့်ဒီရက်ပိုင်းမှာတင်စစ်သူပုန်တွေဘက်က၄၀လောက်မြေသြဇာဖြစ်ကုန်တယ်။ချင်းပြည်နယ်နဲ့ကလေးမြို့ဘက်မှာတိုက်ပွဲတွေရှိနေတုန်းပဲ။ စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ဒီနေ့လွှတ်ပေးမယ်လို့ပြောပြန်တယ်။မနက်ကတည်းကအင်းစိန်ထောင်ရှေ့မှာလာစောင့်နေတဲ့လူအုပ်ကြီးကြောင့်ကားလမ်းမတစ်ခုလုံးပြည့်သွားတယ်။ကိုဗစ်တွေပြန့်နှံနေတဲ့ဒီလိုအချိန်ကြီးမှာလူတွေကိုတနေကုန်အောင်ဒုက္ခခံစောင့်ခိုင်းပြီးညနေစောင်းမှလွှတ်ပေးတယ်။မနေ့ညကလဲဖမ်းမမိသေးတဲ့အနုပညာရှင်တချို့ကို၅၀၅ဝရမ်းစာရင်းကပယ်ဖျက်လိုက်တယ်။တကယ်တော့နှစ်ထောင်ဆိုတဲ့အရေအတွက်ကသူတို့မတရားဖမ်းဆီးထားတာတွေနဲ့စာရင်ဘာမှမပြောပြလောက်ပါဘူး။နည်းနည်းလောက်အလွှတ်ပြပြီးနိုင်ငံတကာဖိအားကိုရှောင်ချင်ပုံပဲ။

Read more

ဇွန် ၂၉၊ ၂၀၂၁။ (အင်္ဂါ)

ရန်ကုန်မှာဟိုနေ့ကစစ်ကားဗုံးခွဲခံရတဲ့တာမွေမြို့နယ်မှာပဲဘဏ်ရှေ့မှာလုံခြုံရေးယူနေတဲ့ရဲတစ်ဉီးပစ်သတ်ခံလိုက်တယ်။ပစ်သွားတဲ့လူကိုလိုက်ဖမ်းပေမယ့်မမိလိုက်ဘူး။အဲ့ဒီနောက်တော့စစ်သူပုန်ရမ်းသမ်းပစ်ခတ်လို့လမ်းသွားလမ်းလာကားတစ်စီးကိုထိမှန်ပြီးအပစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတယ်။ အွန်လိုင်းပေါ်မှာလဲမနက်ဖြန်D DAYဆိုပြီးကောလဟာလသတင်းတွေပြန့်နေတယ်။ဒီအချိန်မှာမှ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကDDAYမကြာမှီလာမည်လို့တင်လိုက်တော့ပိုပြီးပွဲစည်ကုန်တာပေါ့။သူ့အနေနဲ့NUGကဝန်ကြီးတစ်ယောက်ဖြစ်ပြီးအချိန်ကိုက်ဒီလိုမပြောသင့်ဘူး။လူတွေကြားမှာဇဝေဇဝါတွေဖြစ်ကုန်တယ်။

Read more

ဇွန် ၂၈၊ ၂၀၂၁။ (တနင်္လာ)

ကိုဗစ်တွေ့ရှိမှုနှုန်းကဒီနေ့မှာတစ်ထောင်ကျော်သွားခဲ့ပါပြီ။၁၃၂၅ယောက်ပါ။ရာခိုင်နှုန်းနဲ့တွက်ရင်၁၈ရာခိုင်နှုန်းလောက်ရှိပါတယ်။ပထမလှိုင်း၊ဒုတိယလှိုင်းကစလို့တစ်နေ့တာမှာအဲ့လောက်ရာခိုင်နှုန်းတစ်ခါမှမရောက်ဖူးပါဘူး။စံချိန်ချိုးသွားပါပြီ။ချင်းပြည်နယ်မှာဆိုတော်တော်ပြန့်နှံနေပါတယ်။အောက်ဆီဂျင်တွေတောင်မလောက်တော့ဘူးတဲ့။ ဒါပေမယ့်လဲစစ်ကောင်စီဟာအရေးမလုပ်ပါဘူး။ကျောင်းတွေလဲဆက်လက်ဖွင့်ထားဆဲပါ။လူကယ်ပြန်ဝန်ကြီးမကတော့ထုတ်ဆီးတိုးနေပါတယ်။စစ်ကောင်စီဟာကိုဗစ်ကိုလက်နက်တစ်ခုအသုံးချနေပါတယ်။

Read more

ဇွန် ၂၇၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်း၊ပုလဲမြို့လေးကိုစစ်ပုန်တွေဝင်သောင်းကျန်းသွားတယ်။အဲ့ဒီဘက်မှာမနေ့ကနဲ့တနေ့ကစစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရလို့အကောင်၄၀ကျော်သေကြတယ်လေ။အဲ့တော့မဲမဲမြင်ရာမြို့လေးထဲဝင်သောင်းကျန်းတယ်။ဘာမှမဆိုင်တဲ့NLDရုံးကိုဖျက်စီးသွားတယ်။လမ်းဘေးမှာအမှိုက်ကောက်တဲ့ကလေးနှစ်ယောက်ကိုလဲဗုံးထောင်တယ်ဆိုပြီးဖမ်းသွားသေးတယ်။နယ်မြေခံရဲတွေကအမှိုက်ကောက်တဲ့ကလေးတွေပါလို့ပြောတာတောင်မလွှတ်ပေးဘူးတဲ့။ ရန်ကုန်မှာလဲလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူငယ်တွေကိုဘာမှမလုပ်ပဲဖမ်းဆီးသွားပါတယ်။ချီးဉီးနှောက်တွေနဲ့တိရိစ္ဆာန်သာသာအလုပ်လုပ်နေကြတယ်။အိမ်ထဲမှာပဲနေနေ၊အပြင်ပဲသွားသွား၊ဘာလုပ်လုပ်မလုံခြုံတော့ပါဘူး။

Read more

ဇွန် ၂၆၊ ၂၀၂၁။ (စနေ)

ဒီမနက်ကတည်းကစစ်ကောင်စီမှာမင်းအောင်လှိုင်နေရာကိုစိုးဝင်းကအာဏာပြန်သိမ်းသွားပြီဆိုပြီးအသံတွေထွက်နေတယ်။တကယ်တော့ဘာမှမဟုတ်ဘူး။သူတို့ဘက်ကဆိုက်ဝါးလွှင့်တာပဲနေမှာ။ ဒီနေ့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးမယ်လို့လဲကြားပေးမယ့်ဘာမှဖြစ်မလာခဲ့ပါဘူး။ဒီရက်ပိုင်းတော့ဆိုက်ဝါးတွေအမျိုးမျိုးကြားနေရတယ်။တော်လှန်ရေးကိုအာရုံလွဲအောင်လုပ်နေကြတာပဲဖြစ်မယ်။  

Read more
Page 173 of 201 1 172 173 174 201

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist