ဒီနေ့နေ့လည်ပိုင်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များစစ်ကိုင်းတိုင်း ခင်ဦးမြို့နှင့် လေးမိုင်ခန့်အကွာ ကံကြီးကုန်း၊ မြို့သစ်၊ တပင်ကောင်းစသည့် ကျေးရွာများအနီးတွင် တိုက်ပွဲစတင်ဖြစ်ခဲ့တယ်။
မြို့သစ်ရွာ ဘုရားဝန်းထဲမှာ စစ်တပ်က နေရာယူထားပြီး ဒေသခံ ကာကွယ်ရေး အဖွဲ့တွေကလည်း အလုံးအရင်းနဲ့ဆိုတော့ နေရာအသီးသီးယူပြီးချီတက်ကြတယ်။ အစက စစ်ကောင်စီတပ်တွေက မပစ်သေးဘူး။ ဒီဘက်ကလည်း ကျည်တစ်မီ လောက် အထိတက်ကြတယ်။ အဲ့ဒီမှာသူတို့ ပစ်ကွင်းထဲရောက်သွားရင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ စပစ်တယ်။ ပြီးတော့ စက်သေနတ်နဲ့ မောင်းပြန်နဲ့ တောက်လျှောက်ပစ်တယ်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်အင်အားသာလွန်သည် သာမကနေရာ အနေအထားပါ သာလွန်ခြင်း ဖြစ်တယ်။
စစ်ကောင်စီတွေနေရာယူတဲ့ နေရာကလွဲရင် ကျန်တဲ့နေရာအကုန်လုံး လယ်ကွင်းပြင် ချည်းဖြစ်နေတယ်။ သူတို့အနားကို ဘယ်လိုမှ ကပ်လို့မရဘူး။ နောက်က ကာပစ်ပေးဖို့ရာလည်း တစ်တောင့်ထိုး သေနတ်တွေက သူတို့နေရာကို မရောက်ဘူး။ ရဲဘော်တွေကလည်း ပြန်ဆုတ်ပြီး ထပြေးလို့မရတဲ့ အခြေအနေ ဖြစ်သွားတယ်။ သူတို့ဘက်ကတော့ တိုက်ပွဲဖြစ်နေတဲ့သုံးနာရီကြာချိန်လောက်ကို တစ်ချက်ကလေးတောင်မနားဘူး။ တောက်လျှောက်ပစ်တာ။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အကျအဆုံး များကုန်တယ်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှလည်း သုံးဦး သေဆုံးတယ်။
အဆိုပါ ခင်ဦးနယ်မှ သုံးနာရီကြာ တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးဘက်မှ သင်တန်းမှူးတစ်ဦး အပါအဝင်စုစုပေါင်း ၂၀ ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ရှစ်တန်းကျောင်းသား တစ်ဦးနှင့် အသက် ၅၀ အရွယ် ကျေးရွာခေါင်းဆောင် တစ်ဦးလည်း ပါဝင်တယ်။
ထိုသို့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်တွင်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရတယ်။