စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့်တော်လှန်ရေးအတွက်နာမည်ကြီးထောက်ပို့အဖွဲ့တွေအတော်များများလုပ်ငန်းတွေခေတ္တရပ်ဆိုင်းလိုက်ကြတယ်။စစ်ကောင်စီဟာmobile banking system တွေကနေစိစစ်ရှာဖွေနေတာဖြစ်တယ်။တချို့ဘဏ်အကောင့်တွေလဲပိတ်ခံလိုက်ရပြီ။ပိတ်ခံလိုက်ရတဲ့အကောင့်ပိုင်ရှင်တွေကိုပါလိုက်လံဖမ်းဆီးနေတယ်။
ဖမ်းဆီးခံရသူတွေထဲမှာထောက်ပို့အဖွဲ့တွေသာမကပဲမြို့ပေါ်သပိတ်အဖွဲ့တွေလဲပါဝင်နေတယ်။အဓိဿတော့ရန်ကုန်၊မန္တလေးမြို့ကြီးတွေပေါ်ကအဖွဲ့တွေပေါ့။သူတို့ဟာအစောပိုင်းကတည်းကမြေအောက်ပုံစံနဲ့လှုပ်ရှားနေရတာပါ။အခုနောက်ပိုင်းသပိတ်အဖွဲ့တွေကိုဆန္ဒပြတဲ့နေရာမှာမဖမ်းတော့ပဲနောက်ယောင်ခံလိုက်ကာသပိတ်အဖွဲ့တွေအခြေချတဲ့နေရာတွေအောင်လုပ်ပြီးဖမ်းဆီးလာတယ်။ဒီအကြောင်းတွေကိုလဲလူတော်တော်များများမသိကြဘူး။လူမသိသူမသိပါသွားတဲ့အဖွဲ့တွေလဲမနည်းတော့ဘူး။