LATEST STORIES

မတ် ၁၁၊ ၂၀၂၂။ (သောကြာ)

ပြီးခဲ့တဲ့လကဖာပွန်ဒေသကနေ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ထွက်ခွာကြဖို့ KNU က သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ရေးပြင်းထန်လာတာကြောင့် မြို့ခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဖာပွန်ဟာKNUတပ်မဟာ၅နယ်မြေထဲပါဝင်ပြီးအဲဒီဒေသကိုစစ်ကောင်စီတပ်တွေထိုးစစ်ဆင်တာတွေရှိနေပါတယ်။ဖာပွန်မြို့အနီးမှာလက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေဟာနေ့စဉ်လိုလိုကြားနေရတယ်လို့သိရပါတယ်။ဒါအပြင်ပစ်ခတ်မှုတွေကြောင့်မြို့ခံတွေထိခိုက်ဒဏ်ရာရမှုလည်းရှိနေပါတယ်။ လက်ရှိဖာပွန်မြို့အခြေအနေကတော့ဝန်ထမ်းတွေရော မြို့ခံတွေပါ စွန်ခွာ ကြတာကြောင့် မြို့ဟာ တိတ်ဆိတ်ခြောက်ကပ်လို့နေတယ်လို့ သိရပါတယ်။ဆက်သွယ်ရေးဖုန်းလိုင်းလည်း ပြတ်တောက်နေတယ်လို့သိရတယ်။

Read moreDetails

မကြာခင် ပြည်သူတွေ ကြုံရတော့မယ့်အကျပ်အတည်း တစ်ခု

အခြေအနေပေါင်းစုံ ထည့်တွက်ထားတာမို့စာရှည်ပါတယ်။လာမဲ့ ၂ပတ် ကနေ ၂လ အတွင်းမှာ ဆိုးဆိုးရွားရွား အခြေအနေ တစ်ခုနဲ့ ပြည်သူတွေ ရင်ဆိုင်ရနိုင်တယ်။ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမဲ့ပြဿနာပါ။အခြေခံ စားသောက်ကုန်တွေ ပြတ်တောက်ရှားပါးလာနိုင်တာ ၊ ရှိတဲ့ ကုန်ပစ္စည်းတွေလည်း မကြုံစဖူး အဆမတန်ဖြစ်တာ...

Read moreDetails

မတ် ၁၀၊ ၂၀၂၂။ (ကြာသပတေး)

မတ်လ၁၂ကနေ၁၈ကိုတနိုင်ငံလုံးမှာ၂၄နာရီမီးဖျက်မယ်လို့စစ်ကောင်စီကကြေငြာတယ်။ကြေငြာချက်ကရှင်းရှင်းလင်းလင်းမရှိတော့ပြည်သူတွေသို့လောသို့လောဖြစ်ကုန်ကြတယ်။စစ်ကောင်စီရဲ့အကျင့်အတိုင်းဆိုရင်တကယ်ဖြစ်လာနိုင်တဲ့အတွက်အကုန်စိတ်ညစ်နေကြပြီ။ခုလိုနွေရာသီမှာ၂၄နာရီတပတ်ဆက်တိုက်မီးပျက်မယ်ဆိုရင်တော့ဘယ်နေရာမှအဆင်ပြေမှာမဟုတ်ဘူး။ ယင်းမာပင်မြို့နယ်မှာတော့စစ်သူပုန်တွေဟာစစ်ဘေးရှောင်သားအမိနှစ်ယောက်ကိုဖမ်းဆီးပြီးအမေကိုမုဒိန်းကျင့်ကာနှစ်ယောက်လုံးကိုသတ်ဖြတ်လိုက်ကြတယ်။ဒီလိုဖြစ်ရပ်မျိုးတနိုင်ငံလုံးနေရာအနှံအပြားမှာဆက်တိုက်ဖြစ်ပွားနေတယ်။အင်တာနက်တွေဖျက်တောက်ခံနေရတဲ့အတွက်တချို့ကိစ္စတွေကိုဒေသခံတွေကလွဲပြီးဘယ်သူမှမသိလိုက်ကြဘူး။

Read moreDetails

မတ် ၀၉၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မန္တလေးတိုင်း၊မြစ်ငယ်မြို့ကမီးရထားCDMဝန်ထမ်းတွေနေထိုင်တဲ့ရပ်ကွက်၁၃ခုကပြည်သူ၈၀၀၀၀ ကျော်ကိုစစ်ကောင်စီကအတင်းပြောင်းရွှေ့ခိုင်းနေတယ်။အခုဆိုရင်ထိုနေရာကပြည်သူတွေဟာကိုယ့်အိမ်ကိုဖျက်ပြီးပြောင်းဖို့ပြင်ဆင်နေကြရပြီ။မဖျက်တဲ့အိမ်တွေကိုလဲစစ်ကောင်စီကဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးနေတယ်။ကျူးကျော်အိမ်တွေသာမကအိမ်ကြီးအိမ်ကောင်းတွေပါပါဝင်နေလို့လူတွေအတိဒက္ခရောက်နေကြတယ်။စစ်ကောင်စီဟာအကြောင်းပြချက်တစုံတရာမပေးပဲချက်ချင်းဝင်ရောက်ဖျက်စီးနေတာကြောင့်မြစ်ငယ်တစ်ခုလုံးဗြောင်းဆန်နေပြီ။ကားကြီးကားငယ်အသွယ်သွယ်နဲ့ရွှေ့ပြောင်းနေကြရတယ်။ပြောင်းစရာနေရာမရှိတဲ့သူတွေကတော့ဖျက်ထားတဲ့ကိုယ့်အိမ်နေရာမှာပဲတဲထိုးပြီးဆက်နေကြရရှာတယ်။အဲဒီလိုနေတာမျိုးကလဲသိပ်တော့မသေချာဘူး။စစ်တပ်ကလက်နက်အားကိုးနဲ့လုပ်ချင်တိုင်းလုပ်နေကြတယ်။ ဒီလိုအဖြစ်အပျက်မျိုးပြီးခဲ့တဲ့လကမန္တလေးမြို့ပေါ်မှာဖြစ်ပွားခဲ့သေးတယ်။ပိုင်ဆိုင်မှုအထောက်အထားအခိုင်အမာရှိတဲ့မြို့ပေါ်ရပ်ကွက်တစ်ခုကိုလျှပ်စစ်တာဝါတိုင်နဲ့မလွတ်လို့ဆိုပြီးစစ်ကောင်စီကဝင်ရောက်ဖျက်စီးခဲ့သေးတယ်။အဲ့ဒီတုန်းကလဲဂရန်အမည်ပေါက်အိမ်ကြီးအိမ်ကောင်းတွေပါသွားတယ်။ဒီလိုတရားလက်လွတ်ပြုမူမှုတွေကိုစစ်ကောင်စီကိုယ်တိုင်ပြုလုပ်နေတော့ပြည်သူတွေဟာတိုင်စရာနေရာမရှိခါးစည်းပြီးခံနေကြရတယ်။

Read moreDetails

မတ် ၀၈၊ ၂၀၂၂။ (အင်္ဂါ)

ပြည်တွင်းမှာစက်သုံးဆီစျေးနှုန်းအဆမတန်မြင့်တက်လာတယ်။နေ့စဉ်တစ်လီတာကိုရာဂဏန်းနှုန်းနှင့်ဆက်တိုက်မြင့်တက်နေရာမှာအခုဆိုရင်တစ်လီတာ၂၅၀၀ကျပ်ခန့်အထိကိုရောက်ရှိသွားပြီ။ဒါဟာသမိုင်းတစ်လျှောက်အမြင့်ဆုံးစျေးလို့ပြောလို့ရတယ်။ယူကရိန်းစစ်ပွဲဖြစ်ပွားနေလို့ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းတွေပါတက်နေတယ်ဆိုပေမယ့်ပြည်တွင်းမှာဒီလောက်ထိတော့မမြင့်တက်သင့်ဘူး။စက်သုံးဆီစျေးနဲ့အပြိုင်ဒေါ်လာစျေးပါတက်နေတော့ပိုဆိုးသွားတယ်။ ဆီစျေးတက်ခြင်းဟာလူတန်းစားပေါင်းစုံကိုတိုက်ရိုက်ထိခိုက်တယ်။အခုလိုလျှပ်စစ်မီးတွေပျက်နေချိန်မှာပိုဆိုးတယ်။စက်ရုံတွေမလည်ပတ်နိုင်တော့ဘူး။ကုန်ကားတွေ၊တက္ကစီတွေမထွက်နိုင်တော့ဘူး။မီးစက်တွေလဲမမောင်းနိုင်တော့လို့အသေးစားလုပ်ငန်းတွေပါအကုန်ရပ်ကုန်ပြီ။အဲ့ဒီတော့ကုန်စျေးနှုန်းတွေပါထပ်တက်လာမယ်။နိုင်ငံရေးအခြေနေအရဆီစျေးဟာဒီထက်ပိုပြီးတက်ပိုပဲရှိမယ်။အခုတောင်ဒီလောက်ဒုက္ခရောက်နေရင်ရှေးဆက်မတွေးရဲစရာပဲ။

Read moreDetails

မတ် ၀၇၊ ၂၀၂၂။ (တနင်္လာ)

NUGဝန်ကြီးတွေအပါအဝင်လူပုဂ္ဂိုလ်၁၁ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရပ်စဲလိုက်တယ်။လေလှိုင်းပေါ်ကအစိုးရဆိုပြီးသူတို့ကိုယ်တိုင်အထင်သေးခဲ့တဲ့သူတွေကိုအခုတော့အိမ်ချိတ်ပိတ်ခြင်း၊နိုင်ငံသားအဖြစ်မှရပ်စဲခြင်းစသဖြင့်ရသလောက်အရေးယူနေရပြီ။စစ်ကောင်စီဘယ်လိုပဲလုပ်လုပ်ထိုပုဂ္ဂိုလ်တွေကိုအနည်းငယ်မျှထိခိုက်စေမှာမဟုတ်ဘူး။ ကယားပြည်နယ်၊ဒီမော့ဆိုမြို့ဘက်ရောက်လာတဲ့တိုက်ပွဲတွေမှာတော့စစ်သူပုန်တွေအထိနာနေပြီးနှစ်ရက်ပေါင်းရှစ်ဆယ်ကျော်သေဆုံးသွားတယ်။ဒါပေမယ့်လဲလက်နက်အင်အားမမျှတဲ့အတွက်KNDFဘက်ကအစွမ်းကုန်ခုခံနေရဆဲပဲ။စစ်သူပုန်တွေဟာခုဆနာက်ပိုင်းကယားပြည်နယ်ကတိုက်ပွဲတွေမှာအတွဲလိုက်ပစ်လို့ရတဲ့ဒုံးတွေပါသုံးလာပြီ။လေကြောင်းကနေလဲအငြိုးတကြီးနဲ့ဆက်တိုက်ဗုံးကြဲနေတဲ့အတွက်အပစ်မဲ့ပြည်သူတွေနေ့စဉ်သေဆုံးနေရတယ်။

Read moreDetails

မတ် ၀၆၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါးကိုစစ်ကောင်စီကအင်တာနက်လိုင်းတွေဖြတ်တောက်လိုက်ပါပြီ။မြို့ကြီးတွေဖြစ်တဲ့စစ်ကိုင်း၊မုံရွာ၊ကလေး၊ရွှေဘိုစတဲ့မြို့တွေကလွဲလို့ကျန်တဲ့ဒေသအများစုမှာအင်တာနက်လိုင်းတွေမရတော့ပါဘူး။လိုင်းတွေဖြတ်တောက်ပြီးပြီးချင်းပဲစစ်ကောင်စီဟာဒီပဲယင်း၊ကနီကတဲ့ဒေသတွေမှာစစ်ကြောင်းထိုးပြီးစစ်ရာဇဝတ်မှုတွေကိုစိတ်ကြိုက်ကျူးလွန်နေပါတယ်။သတင်းစီးဆင်းမှုနည်းသွားတဲ့အတွက်ထိုဒေသအများစုကသတင်းတွေအချိန်နဲ့တပြေးညီမတက်လာတော့ဘူး။စစ်ကောင်စီဟာစစ်ကိုင်းတိုင်းတစ်ခုလုံးကိုဖြတ်လေးဖြတ်ဗျူဟာကျင့်သုံးနေပြီ။သတင်းတွေအရတော့ဒီလ၂၇ရက်နေ့တပ်မတော်နေ့မတိုင်ခင်အပြီးနှိမ်နှင်းမယ်ကြားတယ်။စစ်ကိုင်း၊ချင်း၊ကချင်စတဲ့မြန်မာပြည်အထက်ပိုင်းဒေသတော်တော်များများဟာလဲအင်တာနက်ဖြတ်တောက်ခံနေရပြီ။

Read moreDetails

နိုင်ငံတစ်ဝန်း မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ

လာမည့်မတ်လ၁၂ရက်နေ့မှမတ်လ၁၈ရက်နေ့အထိတစ်ပတ်လျှပ်စစ်မီး၂၄နာရီပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂...

Read moreDetails

ဒန်းကုန်းရွာကို စစ်တပ်က မီးရှို့လိုက်ကြောင်း ခင်ဦးဒေသခံများပြော

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဒန်းကုန်းရွာ ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း အာဏာသိမ်းမှုဆန့်ကျင်သူတို့နှင့် စုစည်းထားသည့် ခင်ဦးမြို့ ပြန်ကြားရေးကော်မတီက ယနေ့ (မတ် ၅) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ ဒေသခံတို့ကလည်း စစ်သားများ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့လျက်ရှိကြောင်း Myanmar Now...

Read moreDetails

မတ် ၀၅၊ ၂၀၂၂။ (စနေ)

ဒီလဆန်းပိုင်းကစလို့တနိုင်ငံလုံးမှာလျှပ်စစ်မီးပျက်တောက်မှုတွေဆိုးဆိုးရွားရွားဖြစ်ပေါ်နေတယ်။အရင်ကတစ်ခါမီးပျက်ရင်နှစ်နာရီလောက်သာကြာပေမယ့်အခုတော့ငါးနာရီခန့်ထိဖြစ်လာတယ်။အရင်တုန်းကညဘက်တွေမီးမပျက်ပေမယ့်အခုဆိုပြည်သူတွေအပန်းဖြေချိန်ဖြစ်တဲ့ညဦးပိုင်းတွေမှာဆက်တိုက်မီးတွေပျက်နေတယ်။နွေရာသီရောက်လာတော့မီးသုံးစွဲမှုပိုလာပေမယ့်စစ်အာဏာသိမ်းမှုကြောင့်သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတွေပြန်ထွက်ကုန်တာကြောင့်အခြေအနေဟာပိုမိုဆိုးရွားလာနေတယ်။ဒီထက်ပိုပြီးဓာတ်အားပြတ်တောက်မှုတွေလဲဖြစ်လာနိုင်တယ်။အခုမှနွေရာသီအစပဲရှိသေးတာလေ။စစ်ကောင်စီမှာဒါကိုဖြေရှင်းဖို့နည်းလမ်းရှိမှာမဟုတ်ဘူး။သူတို့အာဏာတည်မြဲဖို့ပဲဆက်လက်ကြိုးစားနေတယ်။        

Read moreDetails
Page 170 of 235 1 169 170 171 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist