LATEST STORIES

မတ် ၁၈၊ ၂၀၂၂။ (သောကြာ)

ဒီရက်ပိုင်းအတွင်း သတင်းခပ်စိပ်စိပ်တွေ့လာရတာက စစ်တပ်ရဲ့ယုတ်မာမှုအစွမ်းကုန်လုပ်နေတဲ့ကိစ္စပဲ။ သူတို့ဟာ ရွာတွေကိုမီးရှို့ပြီးရွာသူရွာသားတွေကိုသတ်ဖြတ်တယ်။ PDF စခန်းတွေ၊ သူတို့နဲ့တိုက်ပွဲဖြစ်ပွား နေတဲ့ပြည်သူတွေကို လေကြောင်းကနေတစ်ဆင့် ဗုံးကြဲတယ်။ ဒီနှစ်ခုပဲ။ လေကြောင်းစစ်နဲ့ထိုးနှက်နေ တော့ ပြည်သူတွေအလူးအလဲခံကြရတယ်။

Read moreDetails

မတ် ၁၇၊ ၂၀၂၂။ (ကြာသပတေး)

အသက် (၃) နှစ်အရွယ်သာရှိတဲ့ ကလေးကို သတ်ပြီး မိခင်ဖြစ်သူကို မုဒိန်းကျင့်တဲ့ စစ်ကောင်စီအဖွဲ့ ဝင်တွေအကြောင်းကို သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတော့ တော်တော်လေးဒေါသထွက်မိသွားတယ်။ ဘယ်ဘုရားမှ မကယ်နိုင်တော့ဘူးလား။ တစ်နိုင်ငံလုံးကို ဒီလောက်ယုတ်မာနေတာ ဘာလို့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို ဘုရားကအပြစ်မပေးရတာလဲ။ သည်းမခံနိုင်လောက်အောင်ကိုရက်စက်ယုတ်မာလွန်း...

Read moreDetails

မတ် ၁၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မန္တလေးမြို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးပြောက်ကျားအဖွဲ့တေတွ တိုက်ခိုက်နေကြတယ်။ ဒီရက်ပိုင်းကတော့ မန္တလေးသတင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့လာတယ်။ နှစ်ဖက်စလုံးကထိခိုက်မှု တွေရှိကြတယ်။ စစ်ကောင်စီကစစ်ကိုင်းတိုင်းအပါအဝင်နေရာအနှံ့မှာ သူတို့ရဲ့ယုတ်မာမှုတွေကို အစွမ်း ကုန်ပြသနေတယ်။ ရွာတွေကို မီးရှို့တယ်၊ အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။ ရက်ရက် စက်စက်သတ်ပစ်လိုက်တယ်။ နေရာအနှံ့မှာ အဲဒီလိုလုပ်နေတာပါ။

Read moreDetails

ယင်းမာပင်တွင် စစ်တပ်ကပြည်သူ ၃ဦးကို ပစ်သတ်ပြီး ဘန့်ဘွေးထန်းရွာကိုမီးရှို့ဖျက်ဆီး ရွာလုံးကျွတ် နီးပါးပြာကျ၊ ခင်ဦး ကုလားလူးရွာနှင့် ရှားလွင်ရွာကိုလည်း စစ်တပ်က မီးရှို့နေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စစ်တပ်က ပြည်သူ ၃ဦးကို ပစ်သတ်ကာ ဘန့်ဘွေးထန်းဇင်ရွာကို ယနေ့ မတ်လ ၁၆ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်...

Read moreDetails

ရန်ကုန်သူရန်ကုန်သားများ၏ ဘဝခါးခါး

“လူနေမှု ပုံစံတွေဟာ မထင်မှတ်ထားဘဲ ကိုယ်ရည်ရွှယ်ထားခဲ့တာတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တယ်။ အာဏာမသိမ်းခင်ကဆိုရင် ကိုယ့်ရဲ့ဘဝကို လက်ရှိအခြေအနေကနေ ပြောင်းလဲပစ်ဖို့ ကြိုးစားနေသူ တစ်ယောက်ပါ။ ဂျပန်စာတွေ လေ့လာတယ်၊ ဒီပလိုမာသင်တန်းတွေ တက်တယ်။ ဂျပန်စာကို N3 လောက်အထိ တက်ပြီး...

Read moreDetails

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက် ၂၅ နှစ် မောင်ငြိမ်းချမ်း ကို စစ်ကောင်စီခန့်ရာအိမ်မှူးနှင့်အဖွဲ့ ၀ိုင်းရိုက်မှု ဦးခေါင်းကျေမွ သေဆုံး၊ မန္တလေးတွင်လည်း ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆၈ ရပ်ကွက်တွင် အသက် ၂၅ နှစ်အရွယ် မောင်ငြိမ်းချမ်းကို စစ်ကောင်စီခန့် ရာအိမ်မှူး ထွန်းနိုင်နှင့်အဖွဲ့က ၀ိုင်းရိုက်သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ဦးခေါင်းကျေမွ သေဆုံးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ မတ်လ...

Read moreDetails

မတ် ၁၅၊ ၂၀၂၂။ (အင်္ဂါ)

NUGကာကွယ်ရေးဝန်ကြီးဌာနကခုခံတော်လှန်စစ်ခြောက်လပြည့်အစီရင်ခံစာထုတ်ပြန်တယ်။စာထဲမှာပြည်သူတွေရဲ့ပျောက်ကျားစစ်အောင်မြင်နေတယ်ပြောတယ်။ပြည်ပကနေအကူအညီတပြားတချပ်မှမရသေးဘူးတဲ့။ပြည်တွင်းပြည်ပကပြည်သူတွေရဲ့အလှူငွေဒေါ်လာသန်းသုံးဆယ်ခန့်နဲ့အသက်ဆက်နေရပုံပဲ။ထိုငွေတွေနဲ့PDFတွေလိုအပ်နေတဲ့အနည်းဆုံးလက်နက်ခဲယမ်းပမာဏကိုဖြည့်စီးပေးနိုင်တော့မယ်လို့ဆိုတယ်။ အနှစ်ချုပ်သုံးသပ်ရရင်NUGဟာမနိုင်ဝန်ထမ်းနေရတုန်းပဲ။တော်လှန်ရေးကိုဘယ်နိုင်ငံမှမကူညီတာဟာအတော်ဆိုးတယ်။ဒီပုံစံတိုင်းဆိုတော်လှန်ရေးကာလဟာရှည်လျားထွေပြားမယ့်ပုံပဲ။ပြည်သူတွေလဲအတော်ကိုပန်းနေကြပြီ။ဘာပဲဖြစ်ဖြစ်ဒီမိုးမတိုင်ခင်တော့NUGကဦးဆောင်ပြီးစစ်ရေးလှုပ်ရှားမှုကြီးတစ်ခုခုအကောင်အထည်ဖော်သင့်တယ်။မဟုတ်ရင်ဒီနှစ်ကုန်ထိဇာတ်မြောသွားလိမ့်မယ်။ဒီနှစ်ကုန်မှဘာမှဖြစ်မလာဘူးဆိုရင်တော့တော်လှန်ရေးဟာအခြေအနေကောင်းမှာမဟုတ်ဘူး။

Read moreDetails

မတ် ၁၄၊ ၂၀၂၂။ (တနင်္လာ)

KNUတပ်မဟာခြောက်နယ်မြေမှာတိုက်ပွဲတွေဖြစ်နေဆဲမှာပဲတပ်မဟာငါးနယ်မြေဖာပွန်မှာလဲငြိမ်မနေခဲ့ဘူး။စစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုအလစ်တိုက်ခိုက်ခံလိုက်ရလို့သေဆုံးဖမ်းဆီးခံလိုက်ရသူတွေတော်တော်များတယ်။လက်နက်အစုံအလင်များစွာကိုလဲသိမ်းဆည်းရမိတယ်။တပ်ရင်းတစ်ရင်းလုံးပြုတ်တဲ့အနေအထားထိဖြစ်သွားတယ်။ဒါကိုလဲအမှတ်မရှိပဲစစ်တပ်ဖက်ကအင်အားတွေတိုးချဲ့နေဆဲပဲ။ ဒီရက်ပိုင်းနိုင်ငံတကာမှာရေနံစိမ်းစျေးနှုန်းတွေပြန်လည်ကျဆင်းလာပေမယ့်ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကတော့သိသိသာသာကျဆင်းမလာသေးဘူး။အခုထိတစ်လီတာနှစ်ထောင်အထက်မှာရှိနေတုန်းပဲ။ရန်ကုန်ကဆီနဲ့မောင်းတဲ့တက္ကစီတချို့တော့နားကုန်ကြပြီ။GASနဲ့မောင်းတဲ့တက္ကစီတွေဟာလဲလျှပ်စစ်မီးပြတ်တောက်မှုကြောင့်GAS ဆိုင်တွေမှာအချိန်ကြာမြင့်စွာတန်းစီနေရတယ်။

Read moreDetails

မတ် ၁၃၊ ၂၀၂၂။ (တနင်္ဂနွေ)

ပြောလို့မဆုံးခင်ပဲKNUတပ်မဟာခြောက်နယ်မြေကော့ကရိတ်မြို့အာရှလမ်းမကြီးပေါ်မှာတိုက်ပွဲတွေစဖြစ်နေပြီ။ဒီနေ့မနက်ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ထိုလမ်းမကြီးပေါ်မှာကုန်ကားနှစ်စီးနဲ့မှန်လုံယာဥ်တစ်စီးမီးလောင်နေတယ်။ထိုင်းနိုင်ငံနဲ့ဆက်သွယ်ထားတဲ့အာရှလမ်းမကြီးကိုလဲပိတ်ထားလိုက်ပြီ။KNU စစ်ကောင်စီကိုတပ်တွေဆုတ်ပေးဖို့စာထုတ်ထားတာကိုမဆုတ်ပေးတဲ့အပြင်အင်အားတွထပ်တိုးလာလို့အခြေအနေတွေအတော်တင်းမာနေတယ်။ အာရှလမ်းမကြီးကိုပိတ်လိုက်တဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်စည်စီးဆင်းမှုတွေခတ္တပြတ်တောက်သွားလိမ့်မယ်။နဂိုကတည်းကတရုတ်နိုင်ငံဖက်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်နေရာကနေအခုထိုင်းနိုင်ငံဖက်ပါပိတ်ပြီဆိုရင်ပြည်တွင်းမှာကုန်စျေးနှုန်းတွေထပ်တက်လာဖို့ပဲရှိတယ်။  

Read moreDetails

မတ် ၁၂၊ ၂၀၂၂။ (စနေ)

မြစ်ငယ်မှာတမြို့လုံးနီးပါးကိုစစ်ကောင်စီကဖျက်စီးပြီးနောက်အနီးအနားကရွာတွေကိုပါဖျက်ဖို့စာလိုက်ကပ်နေတယ်။မြို့နေပြည်သူတွေလဲအထိတ်တလန့်ဖြစ်နေကြပြီ။ဒါ့အပြင်မြစ်ငယ်ကဖျက်စီးခံလိုက်ရတဲ့အိမ်ထောင်စုတွေကိုအိမ်မငှားဖို့၊ငှားရင်အိမ်ရှင်ကိုပါအရေးယူမယ်လို့ကြေငြာနေတယ်။စစ်တပ်ဟာအစွမ်းကုန်ယုတ်မာရိုင်းစိုင်းနေပြီ။ ကရင်ပြည်နယ်၊KNUတပ်မဟာခြောက်နယ်မြေမှာတော့KNUကစစ်ကောင်စီတပ်တွေလေးကေကော်ဒေသကဆုတ်ခွာဖို့စာထုတ်ထားတယ်။စစ်သူပုန်တွေရှိနေတာကြောင့်ဒေသခံတွေဟာဒီဇင်ဘာလကစပြီးအခုထိအိမ်မပြန်နိုင်ကြသေးဘူး။စစ်သူပုန်တွေမဆုတ်ခွာရင်တိုက်ပွဲတွေအကြီးအကျယ်ဖြစ်မယ့်သဘောရှိတယ်။

Read moreDetails
Page 169 of 235 1 168 169 170 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist