ခန့်မှန်းထားတဲ့အတိုင်းပဲကယားပြည်နယ်မှာစစ်ကောင်စီဟာနန်းမယ်ခုံဒေသကိုထိန်းချုပ်ပြီးဒီမော့ဆိုဘက်ကိုစစ်ကြောင်းထိုးနေပါပြီ။စစ်ကောင်စီဟာဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနယ်မြေစိုးမိုးရာနေရာတွေကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားလျက်ရှိပါတယ်။ KNDF ဖက်ကလဲအစွမ်းကုန်ခုခံကာကွယ်နေပါတယ်။ ဒီတကြိမ်ဟာကယားပြည်နယ်မှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေပြီးနေ့စဉ်တိုက်ပွဲတွေဖြစ်နေတာနှစ်ပတ်ကျော်သွားပါပြီ။စစ်ကောင်စီဖက်ကဘယ်လောက်ထိထိုးဖောက်နိုင်မလဲတော့မသိသေးဘူး။
တနိုင်ငံလုံးကတိုက်ပွဲတွေကြောင့်အင်အားလျော့ပါးလာနေတဲ့စစ်ကောင်စီဟာရဲဌာနခြောက်ခုကိုဖျက်သိမ်းပြီးအဲ့ဒီကအင်အားတွေကိုစစ်တိုက်ခိုင်းဖို့လုပ်ဆောင်နေပါတယ်။ဒီပုံစံအတိုင်းဆိုရင်တော့CDMလုပ်မယ့်ရဲတွေပိုများလာမယ့်အနေအထားမှာရှိတယ်။