LATEST STORIES

ဧပြီ ၀၇၊ ၂၀၂၂။ (ကြာသပတေး)

မသွားကြာပြီဖြစ်တဲ့ရုံးချုပ်ကိုဒီနေ့သွားရတယ်။Work from Home ဖြစ်တဲ့အတွက်ရုံးပုံမှန်မသွားဖြစ်တာလဲတော်တော်ကြာနေပြီပေါ့။အိမ်မှာကားရှိပေမယ့်လက်ရှိအချိန်မှာကိုယ့်ကားလေးမောင်းပြီးမသွားနိုင်တော့ဘူး။အသွားအပြန်ကိုကားဆီဖိုးကတစ်သောင်းလောက်ကုန်ပြီးကားပါကင်ကြေးကငါးထောင်လောက်ကျလိမ့်မယ်။ဒီကာလအကုန်အကျတွေများလို့ရုံးသွားဖို့တစ်ခုထဲအတွက်နဲ့အဲ့ဒီလောက်မသုံးနိုင်တော့ဘူး။အဲ့ဒီတော့ကားရှိပြီးလိုင်းကားနဲ့ရုံးသွားရတဲ့ဘဝပြန်ရောက်သွားတယ်။ ဒါဟာရန်ကုန်ကလူလတ်တန်းစားတစ်ယောက်ရဲ့အခြေအနေပဲ။အထက်တန်းလွှာတွေလဲသက်သာမယ်မထင်နဲ့။စစ်ကောင်စီရဲ့ဒေါ်လာထိန်းချုပ်ရေးအမိန့်ကြောင့်နေရင်းထိုင်ရင်းကိုယ့်လက်ထဲကငွေတွေခိုးယူခံလိုက်ရတယ်။ ကြပ်တည်းနေတဲ့ခေတ်ကြီးမှာလူတိုင်းရဲ့နေ့စဥ်လူနေမှုဘဝဟာဖရိုဖရဲဖြစ်နေတယ်။  

Read moreDetails

စစ်ကောင်စီ ကျင်းပသည့်သင်္ကြန်ကို ပြည်သူလူထု မကြိုဆို

ဧပြီလ ၁၃ ရက် မြန်မာတို့၏နှစ်ကူးဖြစ်သည့် အတာသင်္ကြန်အကြိုနေ့ ကျရောက်လာသော်လည်း အာဏာသိမ်းစစ် ကောင်စီကကျင်းပသည့်သင်္ကြန်ပွဲအား နိုင်ငံအနှံ့မှပြည်သူလူထုက မကြိုဆိုကြောင်း ဓာတ်ပုံအထောက် အထားများအရ သိရသည်။ ယခင်က ကြက်ပျံမကျစည်ကားခဲ့သည့် ဆူးလေတဝိုက်၊ ပုဂ္ဂလိကမဏ္ဍပ်များဖြင့်ပြည့်ကြပ်နေသည့် ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊...

Read moreDetails

ဧပြီ ၀၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

USကထောက်ပံတဲ့ဒေါ်လာသန်း၁၃၀ကျော်ကိုလက်ခံယူဖို့NUGကိုယ်စားလှယ်အဖွဲ့အမေရိကန်ကိုရောက်ရှိနေပြီ။ထိုငွေတွေကိုစစ်ရေးအတွက်အသုံးပြုလို့မရဘူးဆိုပေမယ့်လူသားချင်းစာနာမှုအကူအညီတွေမှာကောင်းကောင်းသုံးနိုင်မယ်ဆိုရင်တော့မဆိုးပါဘူး။ပြည်တွင်းမှာစစ်ပြေးဒုက္ခသည်တွေကလဲနည်းတာမဟုတ်ဘူးလေ။ထိုပြည်သူတွေကိုထောက်ပံနိုင်ရင်တော့NUGအတွက်အတိုင်းအတာတစ်ခုအထိဖိအားတွေလျော့သွားနိုင်တယ်။ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုပြန်လည်တိုက်ခိုက်နိုင်ဖို့အလှူငွေကောက်ခံနေတဲ့ Dragon Fly Projectကတော့ရက်တိုတိုအတွင်းလျာထားချက်ကိုကျော်လွန်ပြီးဒေါ်လာတစ်သန်းခန့်ရရှိနေပြီ။လေယာဉ်ပစ်တွေများများဝယ်နိုင်ရင်စစ်ရေးမှာပြည်သူတွေဖက်ကတဖြည်းဖြည်းနဲ့ချိန်ခွင်သာလာလိမ့်မယ်။

Read moreDetails

ဧပြီ ၀၅၊ ၂၀၂၂။ (အင်္ဂါ)

ကရင်ပြည်နယ်၊KNUတပ်မဟာ၆နယ်မြေကော့ကရိတ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KNUဘက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပီးတစ်ခုတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလဲအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။အကျိုးဆက်အဖြစ်ထိုဒေသကအာရှလမ်းမကြီးကတော့ပိတ်လျက်ရှိနေဆဲပဲ။လမ်းမကြီးပေါ်ဿားတစ်ချို့လဲနေ့တိုင်းနီးပါးဖျက်စီးခံနေရတယ်။KNUဘက်ကထိုလမ်းကိုမသုံးဖို့စာထုတ်ထားပေမယ့်အရဲစွန့်ပြီးသွားတဲ့သူကသွားနေတုန်းပဲ။ ထိုလမ်းကိုပိတ်ထားတဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုကရပ်တန့်သလောက်ဖြစ်နေတယ်။တရုတ်နယ်စပ်ကကုန်သွယ်မှုဟာလဲအခုထိကောင်းကောင်းမပွင့်သေးတဲ့အတွက်ရေရှည်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်။

Read moreDetails

ဧပြီ ၀၄၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီကဒေါ်လာအပါအဝင်နိုင်ငံခြားငွေကိုင်ထားသူတွေအားလုံးကိုတစ်ရက်အတွင်းမြန်မာကျပ်ငွေနဲ့လဲလှယ်ကြဖို့အမိန့်ထုတ်လိုက်တယ်။ဒါဟာစစ်ကောင်စီဆီမှာနိုင်ငံခြားငွေလက်ကျန်သိပ်မရှိတော့ဘူးဆိုတာပြသလိုက်တာပဲ။ထိုအမိန့်ကြောင့်ပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုတွေရှိလာတယ်။အထူးသဖြင့်ပို့ကုန်သွင်းကုန်သမားတွေအပေါ်မှာပေါ့။ VISA card Master Card တွေသုံးလို့မရတော့တာကတော့လူလတ်တန်းစားတွေအပေါ်မှာထိခိုက်စေတယ်။Digital Marketing လုပ်ငန်းတွေကတော့ရပ်ဆိုင်းလုနီးပါးဖြစ်သွားပြီ။စစ်ကောင်စီဟာနိုင်ငံကိုတဖြည်းဖြည်းနဲ့အမှောင်ချနေတယ်။

Read moreDetails

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော သတင်းသမားများနှင့်ပတ်သက်၍ နောက်ဆုံးရ အခြေအနေ

ဖူးအိအိနွယ် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးသည့် ယမန်နှစ် ဖေဖော်ဝါရီလမှစတင်၍ ယခုနှစ် မတ်လ ၂၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၃၅ ဦးရှိပြီး ၅၅ ဦးမှာ ထိန်းသိမ်းခံထားရပြီး အသတ်ခံရသူ သုံးဦးရှိကြောင်း ဖမ်းဆီးခံရသည့်...

Read moreDetails

တောင်ပျောက် တိုက်နယ်ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် စစ်ရှောင်များရှိရာ နေရာနှင့် ရွာထဲသို့ ကျရောက်ပြီး ပြည်သူ ၁ဦး ထိမှန် စိုးရိမ်ရ၊ မယ်ကဲရွာသား ၇ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း...

Read moreDetails

ဧပြီ ၃၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကောင်စီကျင်းပမယ့် အတုအယောင်သင်္ကြန်ပျော်ပွဲရွှင်ပွဲမှာ ပြည်သူတွေပါဝင်ဆင်နွှဲခြင်းမပြုဖို့ အထွေထွေပေါင်းစပ် ညှိနှိုင်းရေး အင်အားစု- GSCB က ထုတ်ပြန်လိုက်ပါတယ်။ ကျွန်တော်ကတော့ လုံးဝ ပါဝင်ဖို့အစီအစဉ်မရှိဘူး။ ကျွန်တော့်လိုပဲ ပြည်သူတော်တော်များများလည်း မပါဝင်ကြဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ တစ်ချို့တွေက ပွဲငတ်နေကြတော့ ပြောလို့မရဘူးလေ။ မန္တလေးကျုံးပတ်လည်...

Read moreDetails
Page 166 of 235 1 165 166 167 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist