စီးပွါးရေး ဆူဆိုက်ဒ်လုပ်ခြင်းနဲ့ ရွေးချယ်စရာပေါတဲ့တော်လှန်ရေးခရီး
အစိုးရနဲ့ပြည်သူဆိုတာစျေးရောင်းစျေးဝယ်သဘောပဲ။ ပြည်သူက အစိုးရကို အခွန်အခပေးတယ်။ အစိုးရက ပြည်သူ့ကိုပေးရတဲ့အခွန်အခနဲ့ထိုက်တန်တဲ့ဝန်ဆောင်မှုပေးတယ်ပေါ့။၁၉၈၈ မတိုင်မီကတော့ ပြည်သူက အစိုးရကို အလွန်အမင်းမှီခိုထားရတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ့။ အဲဒါကြောင့် အရေးအခင်းဖြစ်တော့ အစိုးရရဲ့ပုံမှန်ဝန်ဆောင်မှုတွေ၊သမဝါယမတွေရပ်သွားပြီးပြည်သူတွေဒုက္ခတွေ့ကုန်တယ်။အရေးတော်ပုံမတိုင်မီကလည်းငွေကြေးဝန်ဆောင်မှုဖြစ်တဲ့၇၅ကျပ်တန်တွေဘာတွေဖျက်သိမ်းတော့ပြည်သူပဲဒုက္ခရောက်ကြရတာ။ နိုင်ငံရေးအခင်းအကျင်းကိုက အစိုးရက လုပ်ချင်တိုင်းလုပ်လို့ရတဲ့အခင်းအကျင်းကိုး။ ၂၀၁၀နောက်ပိုင်းဖားတပိုင်းငါးတစ်ပိုင်းခေတ်တွေမှာတော့ဟုတ်တာမဟုတ်တာအပထားစျေးကွက်စီးပွါးရေးစနစ်ကလူတစုရဲ့လက်ဝါးကြီးအုပ်ရာကနေအတန်အသင့်ရုန်းထွက်လာနိုင်တယ်။ပရိုက်ဗိတ်တိုက်စျေးရှင်းနဲ့အတူဝန်ဆောင်မှုတွေဟာအစိုးရဆီကတိုက်ရိုက်လာတာမျိုးမဟုတ်တော့ဘူး။အော်တာနိတ်တစ်ဆားဗစ်တွေ ရလာတယ်။...
Read more