LATEST STORIES

ဧပြီ ၀၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

USကထောက်ပံတဲ့ဒေါ်လာသန်း၁၃၀ကျော်ကိုလက်ခံယူဖို့NUGကိုယ်စားလှယ်အဖွဲ့အမေရိကန်ကိုရောက်ရှိနေပြီ။ထိုငွေတွေကိုစစ်ရေးအတွက်အသုံးပြုလို့မရဘူးဆိုပေမယ့်လူသားချင်းစာနာမှုအကူအညီတွေမှာကောင်းကောင်းသုံးနိုင်မယ်ဆိုရင်တော့မဆိုးပါဘူး။ပြည်တွင်းမှာစစ်ပြေးဒုက္ခသည်တွေကလဲနည်းတာမဟုတ်ဘူးလေ။ထိုပြည်သူတွေကိုထောက်ပံနိုင်ရင်တော့NUGအတွက်အတိုင်းအတာတစ်ခုအထိဖိအားတွေလျော့သွားနိုင်တယ်။ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုပြန်လည်တိုက်ခိုက်နိုင်ဖို့အလှူငွေကောက်ခံနေတဲ့ Dragon Fly Projectကတော့ရက်တိုတိုအတွင်းလျာထားချက်ကိုကျော်လွန်ပြီးဒေါ်လာတစ်သန်းခန့်ရရှိနေပြီ။လေယာဉ်ပစ်တွေများများဝယ်နိုင်ရင်စစ်ရေးမှာပြည်သူတွေဖက်ကတဖြည်းဖြည်းနဲ့ချိန်ခွင်သာလာလိမ့်မယ်။

Read moreDetails

ဧပြီ ၀၅၊ ၂၀၂၂။ (အင်္ဂါ)

ကရင်ပြည်နယ်၊KNUတပ်မဟာ၆နယ်မြေကော့ကရိတ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KNUဘက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပီးတစ်ခုတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလဲအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။အကျိုးဆက်အဖြစ်ထိုဒေသကအာရှလမ်းမကြီးကတော့ပိတ်လျက်ရှိနေဆဲပဲ။လမ်းမကြီးပေါ်ဿားတစ်ချို့လဲနေ့တိုင်းနီးပါးဖျက်စီးခံနေရတယ်။KNUဘက်ကထိုလမ်းကိုမသုံးဖို့စာထုတ်ထားပေမယ့်အရဲစွန့်ပြီးသွားတဲ့သူကသွားနေတုန်းပဲ။ ထိုလမ်းကိုပိတ်ထားတဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုကရပ်တန့်သလောက်ဖြစ်နေတယ်။တရုတ်နယ်စပ်ကကုန်သွယ်မှုဟာလဲအခုထိကောင်းကောင်းမပွင့်သေးတဲ့အတွက်ရေရှည်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်ပေါ်လာနိုင်တယ်။

Read moreDetails

ဧပြီ ၀၄၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီကဒေါ်လာအပါအဝင်နိုင်ငံခြားငွေကိုင်ထားသူတွေအားလုံးကိုတစ်ရက်အတွင်းမြန်မာကျပ်ငွေနဲ့လဲလှယ်ကြဖို့အမိန့်ထုတ်လိုက်တယ်။ဒါဟာစစ်ကောင်စီဆီမှာနိုင်ငံခြားငွေလက်ကျန်သိပ်မရှိတော့ဘူးဆိုတာပြသလိုက်တာပဲ။ထိုအမိန့်ကြောင့်ပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုတွေရှိလာတယ်။အထူးသဖြင့်ပို့ကုန်သွင်းကုန်သမားတွေအပေါ်မှာပေါ့။ VISA card Master Card တွေသုံးလို့မရတော့တာကတော့လူလတ်တန်းစားတွေအပေါ်မှာထိခိုက်စေတယ်။Digital Marketing လုပ်ငန်းတွေကတော့ရပ်ဆိုင်းလုနီးပါးဖြစ်သွားပြီ။စစ်ကောင်စီဟာနိုင်ငံကိုတဖြည်းဖြည်းနဲ့အမှောင်ချနေတယ်။

Read moreDetails

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော သတင်းသမားများနှင့်ပတ်သက်၍ နောက်ဆုံးရ အခြေအနေ

ဖူးအိအိနွယ် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးသည့် ယမန်နှစ် ဖေဖော်ဝါရီလမှစတင်၍ ယခုနှစ် မတ်လ ၂၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၃၅ ဦးရှိပြီး ၅၅ ဦးမှာ ထိန်းသိမ်းခံထားရပြီး အသတ်ခံရသူ သုံးဦးရှိကြောင်း ဖမ်းဆီးခံရသည့်...

Read moreDetails

တောင်ပျောက် တိုက်နယ်ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် စစ်ရှောင်များရှိရာ နေရာနှင့် ရွာထဲသို့ ကျရောက်ပြီး ပြည်သူ ၁ဦး ထိမှန် စိုးရိမ်ရ၊ မယ်ကဲရွာသား ၇ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း...

Read moreDetails

ဧပြီ ၃၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကောင်စီကျင်းပမယ့် အတုအယောင်သင်္ကြန်ပျော်ပွဲရွှင်ပွဲမှာ ပြည်သူတွေပါဝင်ဆင်နွှဲခြင်းမပြုဖို့ အထွေထွေပေါင်းစပ် ညှိနှိုင်းရေး အင်အားစု- GSCB က ထုတ်ပြန်လိုက်ပါတယ်။ ကျွန်တော်ကတော့ လုံးဝ ပါဝင်ဖို့အစီအစဉ်မရှိဘူး။ ကျွန်တော့်လိုပဲ ပြည်သူတော်တော်များများလည်း မပါဝင်ကြဘူးလို့ထင်ပါတယ်။ ဒါပေမဲ့ တစ်ချို့တွေက ပွဲငတ်နေကြတော့ ပြောလို့မရဘူးလေ။ မန္တလေးကျုံးပတ်လည်...

Read moreDetails

ဧပြီ ၂၊ ၂၀၂၂။ (စနေ)

တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ စစ်ကောင်စီဟာ အငြိမ်းစားယူရမယ့် သက်တမ်းကို အရင် ၆၀ က နေ အခု ၆၂ နှစ်အထိတိုးမြှင့်လိုက်ပါတယ်။ ဒါဟာ စစ်ကောင်စီတွေရဲ့အင်အားယုတ်လျော့လာတဲ့သက်သေ တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါပေမဲ့ သူတို့မှာ လက်နက်အင်အားက အဆမတန်ရှိနေတော့...

Read moreDetails

ဧပြီ ၁၊ ၂၀၂၂။ (သောကြာ)

ဟိုးအရင်နှစ်တွေကဆို တစ်ယောက်ကိုတစ်ယောက် ဧပြီဖူးလ်လုပ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်စနောက် နေကျ။ ဒီနှစ်ကတော့ စစ်ကောင်စီကိုမကျေနပ်တဲ့အသံတွေနဲ့ပြည့်နှက်လို့နေခဲ့တယ်။ PDF ကလေးတွေ လည်း တစ်ယောက်ပြီးတစ်ယောက်ကျနေတဲ့သတင်းတွေမြင်ရတယ်၊ တွေ့ရတယ်။ စစ်ကောင်စီခွေးတွေ အယောက် ၁၀၀ လောက်သေတာနှမြောစရာမရှိပေမဲ့ PDF လေးတွေ တစ်ယောက်လောက်သေတာကပို ပြီးတန်ဖိုးရှိတယ်။...

Read moreDetails

မတ် ၃၁၊ ၂၀၂၂။ (ကြာသပတေး)

ချင်းပြည်နယ် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ် လမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ တိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်။ စစ်တပ်ဟာ လေကြောင်းတွေအကူအညီနဲ့ PDF အဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းနေတယ်။ ဒါပေမဲ့ စစ်ခွေးတွေ တော်တော်သေဆုံးမှုများနေတဲ့အကြောင်း ဆိုရှယ်မီဒီ ယာပေါ်မှာ တွေ့ရတော့...

Read moreDetails

မတ် ၃၀၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ရဲနဲ့စစ်သားတွေဟာ အညံ့ခံပြီး စခန်းကိုမစွန့်ခွာဖို့ စစ်ကောင်စီကညွှန်ကြားလိုက်တဲ့သတင်းတွေကြားနေ ရတယ်။ အခုချိန်မှာ CDM လုပ်လာတဲ့ စစ်သားတွေလည်းများလာတယ်။ PDF တွေကြောင့် သေဆုံးသွား တဲ့ စစ်ခွေးတွေလည်းများလာတယ်။ စစ်ကောင်စီဖက်က လူအင်အားချိနဲ့လာပေမယ့် လက်နက်အင်အား အားသာနေတော့ ပြည်သူတွေလည်း မလူးသာမလွန့်သာခံနေကြရတယ်။...

Read moreDetails
Page 164 of 233 1 163 164 165 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist