LATEST STORIES

ဧပြီ ၂၉၊ ၂၀၂၂။ (သောကြာ)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်နဲ့မကွေးတိုင်း၊ရေစကြိုမြို့နယ်တွေကရဲစခန်းတွေတစ်နေ့ထဲတိုက်ခိုက်ခံလိုက်ရတယ်။ထိုမြို့နယ်နှစ်ခုဟာနယ်မြေအနေအထားအရသိပ်မဝေးလှဘူး။ဒေသခံPDF အဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်တာဖြစ်တယ်။စခန်းတွေကိုရခါနီးမှာစစ်သူပုန်တွေဘက်ကစစ်ကူတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရပေမယ့်စခန်းထဲကစစ်သူပုန်တွေအထိခိုက်အကျဆုံးများတယ်။အခုဆိုရင်ထိုဒေသကရဲစခန်းတွေဟာဘန်ကာတွေ၊ဆက်သွယ်ရေးမြောင်းတွေနဲ့တကယ့်ရှေ့တန်းကစစ်စခန်းတွေလိုပြင်ဆင်ထားကြရတယ်။သူတို့ကိုယ်တိုင်ကျီးလန့်စာစားနေနေရပြီ။ နေပြည်တော်မှာလဲဘီယာဆိုင်ထိုင်နေတဲ့ဒုဗိုလ်မှုးကြီးနဲ့အပေါင်းအပါတွေဆိုင်ထဲထိဝင်ရောက်ပစ်ခတ်ခံရလို့ငရဲရောက်ကုန်ကြတယ်။နောက်ဆိုစစ်အုပ်စုကလူတွေနေပြည်တော်လိုနေရာမျိုးမှာတောင်အေးအေးလူလူနေရဲကြတော့မှာမဟုတ်ဘူး။

Read moreDetails

စစ်ကိုင်းတိုင်းမှာ သုံးရက်အတွင်း ရွာငါးရွာက အိမ် ၅၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်းထဲက အင်တာနက် ဖြတ်တောက်ခံထားရတဲ့မြို့တွေကို စစ်ကောင်စီက လက်ရှိအချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်အတွင်းမှာတင် မင်းကင်း၊ ခင်ဦးနဲ့ ရွှေဘိုနယ်ထဲမှာရှိတဲ့ ရွာငါးရွာက နေအိမ် ၅၀၀ ကျော်ကို...

Read moreDetails

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်၊ မြို့ပြပျောက်ကျားလူငယ်များ ဖြစ်ဖွယ်ရှိဟုဆို

ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်ကဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှသိရှိရသည်။ ဧပြီလ ၂၇ ရက်နေ့ နံနက်...

Read moreDetails

မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန်

မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကို ကျနော်မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော်လုပ်ခဲ့ပါ တယ်။ အောက်ခြေကအဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကိုမပြတ်...

Read moreDetails

ဧပြီ ၂၈၊ ၂၀၂၂။ (စနေ)

စစ်အုပ်စုဟာဒီကာလမှာဖေ့ဘုတ်လိုဆိုရှယ်မီဒီယာတွေပေါ်မှာရီပို့လုပ်ခံရတာကြောင့်ရှင်သန်လို့မရတော့ဘူး။ဒါကြောင့်သူတို့ဟာတယ်လီဂရမ်လိုဆက်သွယ်ရေးချန်နယ်တွေပေါ်မှာသတင်းမှားမျိုးစုံဖြန့်ဝေနေကြတယ်။တယ်လီဂရမ်မှာဆိုရင်ဟန်ငြိမ်းဦးနာမည်နဲ့ဂရုတစ်ခုဟာတော်လှန်ရေးဘက်တော်သားတွေကိုရှာဖွေသတင်းပေးနေတယ်။ခက်တာကဘာလှုပ်ရှားမှုမှမလုပ်တဲ့သူတွေလဲသတင်းပေးခံနေရတယ်။စစ်ကောင်စီဘက်ကလဲထိုဂရုမှာတင်သမျှလူတွေကိုမဲမဲမြင်ရာလိုက်လံဖမ်းဆီးနေတယ်။ ဒီရက်ပိုင်းမှာနာမည်ကြီးအနုပညာရှင်တွေပါဖမ်းဆီးခံနေရတယ်။အဆိုတော်အောင်လနဲ့ဝိုင်းစုခိုင်သိန်း၊သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့အမျိုးသားတို့ကိုဘာသက်သေအထောက်အထားမှမပြနိုင်ပဲဖမ်းဆီးသွားတယ်။ဒါဟာနာမည်ကြီးတဲ့သူတွေမို့သိရတာ။သာမန်လူတွေဆိုလူမသိသူမသိမတရားဖမ်းဆီးခံရတာမနည်းဘူး။စစ်တပ်ဟာထောက်လှမ်းရေးစနစ်မရှတော့ပဲတယ်လီဂရမ်လိုအကောင့်ကတင်သမျှသူတွေကိုအစစ်ဆေးမရှိဖမ်းဆီးနေတာတော်တော်ရွံဖို့ကောင်းနေပြီ။

Read moreDetails

ဧပြီ ၂၇၊ ၂၀၂၂။ (သောကြာ)

အကြီးစားခရိုနီတစ်ဦးဖြစ်တဲ့ဧဒင်ကုမ္မဏီနဲ့MABဘဏ်ဥက္ကဌဦးချစ်ခိုင်ကိုစစ်ကောင်စီကဖမ်းဆီးသွားပြီးအဂတိလိုက်စားမှုနဲ့အမှုတပ်လိုက်တယ်။၊ဦးချစ်ခိုင်ဟာအရင်စစ်အစိုးရလက်ထက်ကတည်းကစစ်ခေါင်းဆောင်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးပဲ။အခုမှစစ်ကောင်စီကဘာကိုမကျေနပ်လို့ဖမ်းဆီးတယ်ဆိုတာသေသေချာချာမသိရသေးဘူး။သူ့မတိုင်ခင်ကလဲခရိုနီတစ်ဦးဖြစ်တဲ့ဇေကမ္ဘာဦးခင်ရွှေတို့သားအဖကိုဖမ်းဆီးသွားသေးတယ်။စစ်ကောင်စီကိုကြောက်လို့ဒီကာလမှာခရိုနီတော်တော်များများဟာပြည်တွင်းမှာမရှိပဲနိုင်ငံရပ်ခြားမှာသွားရောက်နေထိုင်နေကြတယ်။ အရင်စစ်အစိုးရအပါအဝင်အစိုးရအဆက်ဆက်သာသာယာယာနေနိုင်ကြတဲ့ခရိုနီအသိုင်းအဝိုင်းဟာအခုမင်းအောင်လှိုင်လက်ထက်ရောက်မှမျက်ခုံးလှုပ်နေရပြီ။သူတို့မကျေနပ်ရင်အချိန်မရွှေးအမှုဆင်ဖမ်းဆီးခြင်းကိုကြုံတွေ့ရနိုင်တယ်။မြန်မာပြည်မှာဘယ်လူတန်းစား၊ဘယ်အသိုင်းအဝိုင်းမှမလုံခြုံတော့ဘူး။  

Read moreDetails

ဧပြီ ၂၆၊ ၂၀၂၂။ (ကြာသပတေး)

KNUကသူ့နယ်မြေတွေထဲကစစ်သူပုန်စခန်းတွေကိုရုတ်သိမ်းပေးဖို့ရာဇသံပို့ထားတယ်။မလိုက်နာရင်တကယ်ဝင်တိုက်မယ့်ပုံပဲ။စစ်ကောင်စီကလဲငြိမ်းချမ်းရေးဆွေးနွေးပွဲမှာKNUကိုမဖိတ်ဘူးတဲ့။နှစ်ဖက်လုံးကပြတ်သားနေတော့ရှေ့လျောက်ကရင်ပြည်နယ်မှာတိုက်ပွဲတွေပိုပြင်းထန်လာဖို့ရှိမယ်။ ချင်းပြည်နယ်မှာလဲစစ်ကောင်စီတပ်တွေမင်းတပ်၊မတူပီနဲ့ဟားခါးကိုစစ်ယာဥ်တန်းတွေနဲ့ကူးလူးသွားလာနေတယ်။အရင်ကလဲဒီလိုသွားလာတိုင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချုံခိုတိုက်ခိုက်မှုကိုအမြဲခံရတယ်။အခုလဲတိုက်ခိုက်ခံရလို့လုံးပါးပါးနေပြီးမိုင်တစ်ရာခန့်ခရီးကိုတပတ်လောက်အချိန်ယူသွားလာနေရတယ်။ဒါပေမယ့်လဲစစ်ကောင်စီအတွက်ချင်းပြည်နယ်ကိုတပ်တွေ၊ရိက္ခာတွေပို့ဖို့တခြားရွှေးချယ်စရာနည်းလမ်းများများစားစားမရှိဘူး။ချင်းပြည်နယ်မှာလဲစစ်သူပုန်တွေအခြေအနေမကောင်းဘူး။  

Read moreDetails

ဧပြီ ၂၅၊ ၂၀၂၂။ (တနင်္လာ)

မန္တလေးမှာNLDထောက်ခံသူလက်ဖက်ရည်ပိုင်ရှင်တစ်ဦးအသတ်ခံလိုက်ရတယ်။အလောင်းကိုတွေ့တဲ့နေရာမှာစွန့်ပစ်ပြီးကျူးလွန်သူတွေဟာသွေးသောက်အဖွဲ့ဆိုပြီးပေါ်တင်ကြေငြာသွားတယ်။ထိုအဖွဲ့ကိုစစ်တပ်ကဖွဲ့စည်းထားတာဖြစ်ပြီးဒီမိုကရေစီဘက်တော်သားအရပ်သားတွေကိုလက်တုံ့ပြန်သတ်ဖြတ်သွားမယ်လို့လဲပြောသွားသေးတယ်။လက်ရှိအချိန်မှာစစ်တပ်ထောက်ခံသူဒလန်အကြီးစားတွေ၊အရပ်ဝတ်ထောက်လှမ်းရေးသမားတွေဆက်တိုက်အသတ်ခံနေရတာတွေကိုတန်ပြန်ဖို့စစ်တပ်ကအောက်လမ်းနည်းတစ်ခုသုံးလိုက်တာပဲ။အခုချိန်မှာတော့ဘယ်ဖက်မှာပဲနေနေ၊ဘယ်ပြည်သူမှမလုံခြုံတော့ဘူး။ဒါတွေအားလုံးဟာစစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတာပဲ။

Read moreDetails

ဧပြီ ၂၄၊ ၂၀၂၂။ (တနင်္ဂနွေ)

KNUကတော့စစ်တပ်ဟာနိုင်ငံရေးကနေလုံးဝမထွက်သ၍ငြိမ်းချမ်းရေးမဆွေးနွေးဘူးလို့ပြောလိုက်ပြီ။ကချင်ကKIA၊ကယားကKNPP၊ချင်းကCNFတို့ကလဲအလားတူပုံစံမျိုးပြောကြားထားတယ်။ထိုအဖွဲ့တွေကတော့စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ဘူး။မြေပြင်မှာလဲထိုဒေသတွေဟာစစ်တပ်ရဲ့အကြမ်းဖက်မှုဒဏ်ကိုအများဆုံးခံနေရတာလေ။ စစ်ဘေးသင့်ဒေသတွေကစစ်တပ်ရဲ့အပေါင်းအပါတွေနဲ့မိသားစုဝင်တွေထိုဒေသတွေမှာသူတို့အတွက်လုံခြုံမှုမရှိတော့လို့နေပြည်တော်ကိုအလုံးအရင်းနဲ့ပြောင်းရွှေ့နေကြတယ်။စစ်ကောင်စီကထိုသူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေUNကိုတောင်းထားတယ်ဆိုပဲ။နယ်တွေကရွာလုံးကျွတ်မီးရှို့ခံရတဲ့ပြည်သူတွေသိရင်အော့နှလုံးနာစရာပဲ။အခုလောလောဆယ်တော့နေပြည်တော်ကစစ်တပ်အနွယ်ဝင်စစ်ဘေးရှောင်တွေစားစရိတ်ပေးပြီးခိုလှုံနေရတယ်။စစ်တပ်ဟာဒုက္ခရောက်နေတဲ့သူ့လူတွေကိုတောင်အပြည့်အဝအထောက်ပံမပေးချင်ဘူး။

Read moreDetails

ဧပြီ ၂၃၊ ၂၀၂၂။ (စနေ)

NUGကာဝန်ကသူ့အင်အားနဲ့မကြာမီPDFတွေထိုးစစ်စတော့မယ်လို့ထုတ်ပြောရုံနဲ့တင်စစ်ကောင်စီဖက်မှာအကြီးအကျယ်သွေးပျက်နေပြီ။ပြီးခဲ့တဲ့ရက်ကသူ့တပ်တွေကိုအရေးပေါ်အခြေအနေကြေငြာရုံတင်မကသေးပဲအခုဆိုရင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်EAOခေါင်းဆောင်တွေနဲ့တွေ့ပြီးငြိမ်းချမ်းရေးဆွေးနွေးပါမယ်လို့ထုတ်ပြောလာတယ်။သူ့အကြံကEAO တွေနဲ့အပစ်ရပ်ပြီးPDF တွေကိုအမြစ်ဖျက်ချေမှုန်းချင်တဲ့ပုံပဲ။ဒါပေမယ့်တနိုင်ငံလုံးကိုဗုံးကြဲ၊မီးရှို့၊လူသတ်ပြီးထင်တိုင်းကြဲနေတဲ့စစ်သူပုန်တပ်ကပြောတဲ့ငြိမ်းချမ်းရေးဆိုတာကိုဘယ်သူမှအယုံအကြည်မရှိကြတော့ဘူး။ပြည်ထောင်စုနေ့ကလဲမည်ကာမတ္တဆွေးနွေးပွဲတစ်ခုလုပ်သေးတယ်လေ။ဒါပေမယ့်ဘာမှဖြစ်မလာဘူးတာလက်တွေ့ပဲ။အခုတော့သူကိုယ်တိုင်ထွက်တွေ့မယ်လို့မျက်စိပျက်မျက်နှာပျက်နဲ့ရုပ်သံကနေပြောသွားတယ်။စစ်တပ်ဟာအခြေအနေမကောင်းတော့ဟာအတော့်ကိုပေါ်လွင်နေပြီ။

Read moreDetails
Page 163 of 235 1 162 163 164 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist