ရှမ်းကယားနယ်စပ်ဖယ်ခုံနဲ့လွှိုင်ကော်မှာ UNHCR နဲ့ WFP တို့ပေါင်းပြီးစစ်ဘေးရှောင်တွေကိုဆန်အိတ်တွေဝေတယ်။ ဒါပေမယ့် ထိုနယ်တွေက တကယ့်စစ်ဘေးရှောင်ဒေသတွေမဟုတ်သေးဘူး။ တောထဲတောင်ထဲမှာအများကြီးကျန်သေးတယ်။ ထိုနေရာတွေအထိသွားဖို့ကျတော့စစ်ကောင်စီကခွင့်မပြုဘူး။ UN အောက်ကအဖွဲ့အစည်းတွေဟာစစ်ကောင်စီအလိုကျလိုက်လုပ်ပေးနေရတယ်။
အာဆီယံကပေးမယ့် စစ်ကောင်စီမှတဆင့်သွားဖို့ဆောက်ရွက်နေတယ်။ ဒါဆိုရင်တော့လာသမျှအကူအညီတွေဟာတကယ်လိုအပ်တဲ့နေရာကိုမရောက်ပဲစစ်ကောင်စီအိတ်ထဲပဲရောက်သွားလိမ့်မယ်။ နာဂစ်မုန်တိုင်းတုန်းကထင်ရှားတဲ့သာဓကတွေရှိခဲ့တာပဲလေ။