LATEST STORIES

မေ ၂၁၊ ၂၀၂၂။ (စနေ)

ရှမ်းကယားနယ်စပ်ဖယ်ခုံမြို့မှာလဲတိုက်ပွဲတွေဖြစ်နေတာတပတ်လောက်ရှိနေပြီ။မိုးဗြဲအင်းအရှေ့ဘက်ကရွာတွေကိုလဲစစ်တပ်ကမီးရှို့လိုက်တယ်။တိုက်ပွဲကာလကြာလာတာနဲ့အမျှKNDFဘက်ကကျဆုံးမှုတွေ၊ကျည်မလုံလောက်မှုတွေများလာပြီးရသလောက်ခုခံနေရတယ်။ကယားမှာဖေဖော်ဝါရီလလယ်လောက်ကစပြီးစစ်တပ်ကအကြီးအကျယ်ထိုးစစ်ဆင်တာကြောင့်တချို့နယ်မြေတွေကိုပြန်လည်လက်လွှတ်ပေးလိုက်ရတယ်။နေ့စဉ်ဆိုသလိုပဲပျောက်ကျားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတာကြောင့်တပြည်နယ်လုံးစစ်ဘေးသင့်နေတယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်ရိက္ခာပို့လမ်းကြောင်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတာကြောင့်ရှမ်းကယားနယ်စပ်လမ်းကြောင်းပြန်ပွင့်အောင်ကာကွယ်ရေးအဖွဲ့တွေကြိုးစားနေကြတယ်။

Read moreDetails

မေ ၂၀၊ ၂၀၂၂။ (သောကြာ)

စစ်ကိုင်းတိုင်းထဲကမြို့နယ်၁၅ခုမှာNUGကတရားစီရင်ရေးစနစ်စတင်ကြောင်းကြေငြာလိုက်တယ်။တတိုင်းလုံးကပြည်သူတွေစစ်သူပုန်တွေရန်ကလွှတ်အောင်ပြေးနေရချိန်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံကူညီပေးတယ်ဆိုတဲ့သတင်းမျိုးတော့မကြားမိသေးဘူး။ဟိုတလောကလဲနာမမည်ကြီးဗိုလ်နဂါးတို့အဖွဲ့ကိုလက်နက်ထောက်ပံပေးမယ်ဆိုပြီးဘာမှရောက်မလာဘူးလို့ဆိုရှယ်မီဒီယာတွေပေါ်မှာတွေလိုက်ရသေးတယ်။NUGကစစ်ကိုင်းတိုင်းမှာမယောင်ရာဆီလူးနေပြီ။အဆုံးစွန်သောင်းကျန်းနေတဲ့စစ်တပ်ကိုတန်ပြန်ရင်ဆိုင်ဖို့ဘာမဟာဗျူဟာ၊နည်းဗျူဟာမှမတွေ့ရသေးဘူး။NUGအနေနဲ့စစ်ကိုင်းတိုင်းကိုဖိဖိစီးစီးကိုင်တွယ်ဖို့သင့်ပြီ။စစ်ကိုင်းတိုင်းတစ်ခုထဲတင်မကတခြားဒေသတွေမှာလဲNUGရဲ့စစ်ရေးလှုပ်ရှားမှုတွေခုထိသိသိသာသာမတွေ့ရသေးဘူး။တော်လှန်ရေးကာလတစ်နှစ်ခွဲပြည့်တော့မယ်။ရံပုံငွေလဲဒေါ်လာသန်းငါးဆယ်ခန့်ရနေပြီ။အခုထိသိသာထင်ရှားတဲ့စစ်ရေးရလဒ်ကောင်းတစ်ခုကိုNUG အနေနဲ့မဖော်ဆောင်နိုင်သေးဘူး။အညာဒေသ၊ချင်း၊ကယားစတဲ့အရင်ငြိမ်းချမ်းတဲ့ဒေသတွေကပြည်သူတွေရဲ့ဘဝတွေကတော့လုံးပါးပါးနေပြီ။

Read moreDetails

မေ ၁၉၊ ၂၀၂၂။ (ကြာသပတေး)

လဆန်းပိုင်းကစစ်ကားရာချီစစ်ကိုင်းတိုင်းဘက်ချီတက်သွားပြီးနောက်စစ်ကောင်စီဟာစစ်ကိုင်းတိုင်းတတိုင်းလုံးကိုမြေလှန်ဖျက်စီးနေပါပြီ။အင်အားတစ်ရာကျော်ခန့်ရှိတဲ့စစ်ကြောင်းတွေဖွဲ့ပြီးရွာတိုင်းနီးပါးကိုမီးရှို့လုယက်ဖျက်စီးလျက်ရှိတယ်။ဒီတစ်ခေါက်စစ်ကိုင်းတိုင်းစစ်ဆင်ရေးဟာPDFတွေကိုနှိမ်နင်းဖို့ချည်းမဟုတ်ပဲPDFထောက်ခံတဲ့ရွာတွေကိုဖျက်စီးဖို့အဓိကဖြစ်နေတယ်။ရွာတွေဖျက်စီးခံရရင်PDFတွေလဲပျောက်ကွယ်သွားမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ အခုဆိုရင်တစ်ရက်ကိုမြို့နယ်တိုင်းမှာကျေးရွာတွေဆယ်နဲ့ချီပြီးနေ့စဉ်မီးရှို့ခံနေရတယ်။တိုက်ပွဲမဖြစ်တဲ့ဒေသတွေ၊စစ်တပ်ထောက်ခံတဲ့ရွာတွေပါမချန်ပဲမဲမဲမြင်ရာအကုန်ဖျက်စီးနေတယ်။တချို့ရွာတွေဆိုရွာထဲမှာပိတ်မိနေတဲ့သက်ကြီးရွယ်အိုတွေနဲ့အိမ်မွေးတရိစ္ဆာန်တွေပါအရှင်လတ်လတ်မီးလောင်သေဆုံးကုန်တယ်။ဖက်ဆစ်စစ်တပ်ရဲ့လုပ်ရပ်တွေဟာဖော်ပြစရာစကားလုံးတောင်ရှာမတွေ့တော့ဘူး။

Read moreDetails

အနစ်နာခံ စစ်ကိုင်း

စစ်ကိုင်းစစ်ရေးကို NUG အနေနဲ့အသေးစိတ်ကြိုတင် တွက်ချက်ပြီးပြင်ဆင်နိုင်ဖို့ လိုအပ်လာတယ်မြင်မိလို့ စစ်ကိုင်းတိုင်းထဲ စစ်တပ်ရဲ့ လက်ရှိလုပ်နေတဲ့ပုံစံ ကိုယ်မြင်မိတာလေးနည်းနည်းလေးသုံးသပ်ကြည့်ချင်တယ်   ဒေသအများစုမှာ LDF PDF တွေကို စုံစမ်းထောက်လှမ်းလို့မရတဲ့နောက်မှာPDFLDFတွေချေမှုန်းတိုက်ခိုက်လို့ မရတဲ့နောက် စစ်တပ်ဟာ ဒီနောက်ပိုင်းသူ့ရဲ့စစ်ရေးပုံစံကို ပြောင်းလိုက်ပုံရတယ်။ PDF...

Read moreDetails

မြောင်မြို့ မင်းတန်းရွာက အိမ်တစ်ရာကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာကို မေလ ၂၁ ရက် မနေ့က စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီးနောက် အိမ်အလုံးပေါင်း ၁၀၀ ကျော်နဲ့ ဘာသာရေး အဆောက်အဦးတွေ မီးရှို့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲကိုဝင်တာနဲ့...

Read moreDetails

မေ ၁၈၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်၊လေးကေကော်နားကစစ်တပ်စခန်းတစ်ခုကိုKNUပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သူပုန်ခြောက်ဦးဖမ်းဆီးရမိပြီးတချို့ဆိုထိုင်းနိုင်ငံထဲထိထွက်ပြေးသွားတယ်။ထိုတိုက်ပွဲမှာစစ်တပ်ကအကြိမ်ရေ၃၀ကျော်စံချိန်တင်လေကြောင်းပစ်ကူပေးခဲ့ပေမယ့်လဲစခန်းမကျသွားအောင်တော့မလုပ်နိုင်ခဲ့ပါ။ ထူးခြားတာကစစ်တပ်ဟာမြေပြင်မှာခြေလျင်စစ်ကူလုံးဝမပေးခဲ့ဘူး။မြဝတီမြို့နဲ့နီးပြီးအချိန်လဲရှိရဲ့သားနဲ့ခြေလျင်စစ်ကူစစ်ကြောင်းတွေလုံးဝရောက်မလာခဲ့ဘူး။အကယ်လို့စစ်ကူပေးခဲ့ရင်လဲလာသမျှစစ်ကြောင်းတွေအားလုံးလမ်းမှာတင်အစဖျောက်ခံရလိမ့်မယ်။ဒါကိုသိလို့စစ်ကူမပေးတော့တာထင်တယ်။ ဒီပုံစံအတိုင်းဆိုကရင်ပြည်နယ်ထဲကအခြားစစ်တပ်စခန်းတွေလဲသွေးပျက်နေလောက်ပြီ။စခန်းမှာနေပြီးအလကားအသေခံရမယ့်ပုံဖြစ်နေပြီ။ကိုယ်တွေသဘောကတော့KNUကသတိပေးချက်တွေထုတ်ပြန်ထားတဲ့စခန်းအားလုံးကိုတချိန်ထဲတပြိုက်နက်တိုက်ခိုက်စေချင်တယ်။အဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာလုပ်နိုင်ရင်ပိုကောင်းမယ်။

Read moreDetails

မေ ၁၇၊ ၂၀၂၂။ (အင်္ဂါ)

ရန်ကုန်သမိုင်းလမ်းဆုံကကွန်ကရစ်ဘန်ကာအဆောက်အအုံတိုက်ခိုက်ခံလိုက်ရပြီးထိခိုက်သေဆုံးမှုတွေရှိတယ်။စစ်တပ်ဟာရန်ကုန်ကအချက်အခြာကျတဲ့လမ်းဆုံတွေမှာအခိုင်အခန့်ကွန်ကရစ်ဘန်ကာတွေဆောက်လုပ်ထားတယ်။အခုတော့ထိုဘန်ကာတွေလဲတိုက်ခိုက်ခံလိုက်ရပြီ။သူတို့ဘယ်လိုပဲခံစစ်ပြင်ထားပါပေမယ့်လဲမြို့ပေါ်UGအဖွဲ့တွေကရအောင်နှောက်ယှက်တယ်။ ဒါပေမယ့်လဲမြို့ကြီးတွေပေါ်မှာUGလှုပ်ရှားမှုတွေအတော်ကြဲသွားပြီ။အဖွဲ့တွေလဲအခက်အခဲပေါင်းစုံကြောင့်ပျောက်ကုန်ပြီ။ စစ်ကောင်စီဟာမြို့ကြီးတွေကိုထိန်းချုပ်နိုင်သွားပြီ။

Read moreDetails

မေ ၁၆၊ ၂၀၂၂။ (တနင်္လာ)

NUGနဲ့AAခေါင်းဆောင်တွေပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံတယ်။ခုလောလောဆယ်ရခိုင်မှာတိုက်ပွဲတွေမရှိသလောက်ပြန်ငြိမ်နေပေမယ့်အချိန်မရွှေးတိုက်ပွဲတွေပြန်ဖြစ်နိုင်ကြောင်းAAကသတိပေးထားတယ်။ဒီတော်လှန်ရေးမှာတိုက်ရည်ခိုက်ရည်ကောင်းတဲ့AAသာအတိအလင်းပါလာခဲ့ရင်တော်လှန်ရေးကိုအတော်အရေးသာစေလိမ့်မယ်။စစ်ကောင်စီကလဲရခိုင်ကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်နေတော့ပွဲတွေကတော့အနှေးနဲ့အမြန်ဖြစ်လာမှာပဲ။ ကချင်မှာလဲစစ်ကောင်စီဘက်တော်သားဝန်ထမ်းတွေကိုနှင်ထုတ်နေသလိုကရင်မှာလဲတော်လှန်ရေးအဖွဲ့တွေပေါင်းစည်းနေကြပြီ။စစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့တွေတဖြည်းဖြည်းစုစည်းမိလာပြီးပေါ့။

Read moreDetails

မေ ၁၅၊ ၂၀၂၂။ (တနင်္ဂနွေ)

ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံလိုက်ရတယ်။ပြီးတော့ရွှေဆိုင်အားလုံးမှာရှိတဲ့ရွှေစာရင်းကိုတင်ပြဖို့အမိန့်ထုတ်လိုက်တယ်။ဒေါ်လာကိုထိန်းချုပ်ပြီးနောက်နိုင်ငံခြားသုံးငွေရှားပါးနေတဲ့စစ်ကောင်စီဟာရွှေစျေးကွက်ကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။ရွှေလုပ်ငန်းရှင်များအသင်းကလဲစစ်ကောင်စီအလိုကျလုပ်ပေးနေတယ်။သူတို့ဘယ်လိုပဲလုပ်ပေးနေပါစေ၊အဆင်မပြေမှုတွေဖြစ်လာရင်စစ်ကောင်စီကဇာတ်တူသားလဲစားမှာပဲ။ရှေ့မှာခရိုနီနှစ်ယောက်လဲထောင်ထဲရောက်နေပြီ။ ပြည်တွင်းမှာငွေသားရှားပါးမှုပြသနာကိုဖြေရှင်းဖို့အတွက်တော့ဗဟိုအာရှနိုင်ငံတွေကအဆင့်မမှီတဲ့ ငွေစက္ကူတွေကိုကုန်တင်လေယာဥ်တွေနဲ့အသုတ်လိုက်တင်သွင်းနေတယ်။ပီးရင်ငွေသားတွေကိုဆက်တိုက်ရိုက်ထုတ်တော့မယ်။ငွေဖောင်းပွမှုတွေပိုပြီးဖြစ်လာလိမ့်မယ်။စီးပွားရေးမှာလဲရင်လေးစရာပဲ။

Read moreDetails

မေ ၁၄၊ ၂၀၂၂။ (စနေ)

ပြီးခဲ့တဲ့လကတည်းကမြန်မာပြည်ကနိုင်ငံတကာလေဆိပ်တွေကိုကိုဗစ်ရောဂါလျော့ပါးသွားပြီဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကပြန်ဖွင့်ပေးလိုက်တယ်။အခုလထဲမှာအလည်အပတ်ဗီဇာကိုပါထုတ်ပေးပြီးနိုင်ငံတကာခရီးသွားတွေကိုဖိတ်ခေါ်ဖို့ကြိုးစားနေတယ်။ဒါပေမယ့်လက်ရှိနိုင်ငံရေးအခြေအနေကြောင့်ဘယ်ခရီးသွားမှမလာကြဘူး။တနိုင်ငံလုံးနီးပါးစစ်ပွဲတွေဖြစ်နေပြီးပြည်တွင်းကပြည်သူတွေတောင်မလုံခြုံတဲ့အနေအထားမှာတိုးရစ်တွေဝင်လာဖို့ဆိုတာအဝေးကြီးမှာပါ။ အလားတူအတင်းအကြပ်ပြန်ဖွင့်ခိုင်းထားတဲ့ရုပ်ရှင်ရုံအတော်များများလဲလူမဝင်လို့ပြန်ပိတ်ကုန်ကြပြီ။ရုပ်ရှင်ကြည့်ရှုသူမရှိသလောက်နည်းပါးနေတယ်လို့သိရတယ်။ကိုယ်တွေဆိုလဲဒီအချိန်မှာသွားမကြည့်ဘူး။ရုံပိုင်ရှင်တွေနဲ့ဇာတ်ကားပိုင်ရှင်တွေကတော့အရှုံးပေါ်ကြတာပေါ့။စစ်ကောင်စီဟာပုံမှန်အခြေအနေပြန်ရောက်နေပြီလို့ပြသဖို့စိတ်ကူးယဉ်နေတုန်းပဲ။

Read moreDetails
Page 160 of 235 1 159 160 161 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist