LATEST STORIES

“ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် အင်တာဗျူး ကောက်နုတ်ချက်များ”

၁။ ယခင်က PDF တွေအနေနဲ့ အနှစ် ၇ဝ သက်တမ်းရှိ စစ်ကောင်စီတပ်တွေကို နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဟု ပြောကြသည်။ ယခု စစ်ကောင်စီတပ်တွေဟာ PDF တွေကိုနိုင်အောင် မတိုက်နိုင်တော့ပါ။   ၂။ PDF တပ်ရင်း...

Read moreDetails

စစ်ကောင်စီအပေါ် သြစတြေးလျ သဘောထား ဘယ်လိုလဲ

တာဝန်ပြီးဆုံးလို့ပြန်ခါနီး သြစတြေးလျ သံအမတ်ကြီးက စစ်ကောင်စီအကြီးအကဲကို တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ဆက်ဆံရေးတိုးမြှင့်လိုကြောင်း ပြောသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီကို တရားဝင်အသီအမှတ်ပြုလိုတဲ့ သဘောလား။ သြစတြေးလျရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ဘယ်လိုလဲ။ သြစတြေးလျအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူ...

Read moreDetails

စက်သုံးဆီဆိုင်အများစု အလုံအလောက်ရောင်းချဖို့ အခက်ကြုံနေဆဲ

စက်သုံးဆီဆိုင်တွေမှာ ဆီကို လိုသလောက်ဝယ်လို့ရနေတယ်လို့ စစ်ကောင်စီက အင်္ဂါနေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့်မြို့ကြီးတွေကဆီဆိုင်အများစုမှာအကန့်အသတ်နဲ့ပဲရောင်းချနေတုန်းဖြစ်ပါတယ်။ဓာတ်ဆီစျေးကလည်းသင်္ကြန်နောက်ပိုင်းမှာတလီတာကိုပျမ်းမျှကျပ်၂,၀၀၀ဝန်းကျင်ပေးဝယ်နေရပြီး တက္ကစီယာဉ်မောင်းတွေလို နေ့တိုင်း ဆီဝယ်ယူနေရတဲ့သူတွေအဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ နေ့စဉ်သုံးစက်သုံးဆီဝယ်ယူမှုအကျပ်အတည်းဖြစ်လာတဲ့နောက်ပြည်တွင်းမှာစက်သုံးဆီအလုံအလောက်ရှိပြီး ပြတ်လပ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆီဆိုင်တွေကလည်း...

Read moreDetails

ဧပြီ ၁၉၊ ၂၀၂၂။ (အင်္ဂါ)

စစ်ကောင်စီရဲ့ဒေါ်လာထိန်းချုပ်ရေးအမိန့်အကျိုးဆက်အဖြစ်ပြည်တွင်းစက်သုံးဆီလောကမှာအကြီးအကျယ်ဂရက်ရိုက်နေတယ်။နှစ်သစ်ကူးကာလအတွင်းပိတ်ထားတဲ့စက်သုံးဆီဆိုင်အတော်များများပြန်ဖွင့်ချိန်မှာဆီလက်ကျန်မရှိနည်းနေတဲ့အကြောင်းပြချက်နဲ့စျေးတွေတက်ကုန်ပြီးခွဲတမ်းနဲ့သာဝယ်ယူလို့ရတော့တယ်။ရန်ကုန်ကဆိုင်ကြီးတွေမှာတောင်ကားတစ်စီးကိုအများဆုံးကျပ်ငါးသောင်းဖိုးသာရောင်းချပေးတော့တယ်။အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ရန်ကုန်မှာခွဲတမ်းနဲ့ရောင်းနေတာကြောင့်နယ်မြို့ကြီးတွေမှာလဲခွဲတမ်းစနစ်တွေဖြစ်ကုန်တယ်။ဆီဆိုင်အသေးလေးတွေပိတ်ထားကြပြီးဆီဆိုင်ကြီးတွေမှာအလုအယက်ဆီလာဖြည့်တဲ့ကားတွေတန်းစီနေတယ်။ ဒီပြသာနာဟာအဓိကကပြည်ပကဆီဝယ်ဖို့စစ်ကောင်စီကဒေါ်လာပြန်ထုတ်ပေးမပေးမသေချာတာကစတာပဲ။စစ်ကောင်စီအနေနဲ့ကလဲလုပ်ငန်းရှင်တွေဆီကအောက်စျေးနဲ့မတရားအမိန့်ထုတ်ပြီးသိမ်းထားတဲ့ဒေါ်လာတွေကိုပြန်ထုတ်ပေးချင်မှာမဟုတ်ဘူး။ဒီပြသာနာကိုမြန်မြန်မဖြေရှင်းနိုင်ရင်အကျိုးသက်ရောက်မှုအတော်ကိုကြီးမားလာလိမ့်မယ်။အခုတော့အရင်လွတ်လပ်စွာကြိုက်သလောက်ဝယ်ယူလို့ရတဲ့စက်သုံးဆီကိုခွဲတမ်းနဲ့တန်းစီပြီးပြည်သူတွေဝယ်ယူနေရပြီ။စစ်အာဏာရှင်လက်အောက်မှာပြည်သူတွေဟာဘဏ်မှာလဲတန်းစီ၊အောက်ဆီဂျင်လဲတန်းစီ၊အခုစက်သုံးဆီကိုပါတန်းစီနေရပြီ။

Read moreDetails

တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များ၏ လူထုဆန့်ကျင်ရေး လုပ်ဆောင်မှု အကျိုးဆက်က တပ်တွင်းစည်းလုံး မှုကို ပျက်ပြားစေခဲ့သဖြင့် ယင်းအခြေအကို ပိုမိုဆိုးမသွားစေရန် ၎င်းတို့ကိုယ်တိုင်နယ်မြေခံ တပ်ရင်းများသို့ ဆင်းကာ လိုက်လံစည်းရုံးနေရသည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်...

Read moreDetails

ဧပြီ ၁၈၊ ၂၀၂၂။ (တနင်္လာ)

မနေ့ကမုံရွာမြို့ပေါ်ကလမ်းမကြီးမှာPDFတွေအစောင့်အရှောက်နဲ့သပိတ်ပွဲကျင်းပသွားတယ်။ဒါမျိုးကအရင်ရွာတွေဘက်မှာပဲလုပ်ကြတာ။အခုမုံရွာလိုမြို့ကြီးပေါ်ရောက်လာပြီ။မုံရွာဆိုတာကလဲအခုဆိုရင်PDFတွေပတ်ချာလည်ဝိုင်းထားတဲ့မြို့ဖြစ်နေပြီ။မြို့နေလူထုကလဲညီကြတယ်။မြို့ပေါ်ကစစ်တပ်ရဲ့တိုင်းဌာနချုပ်ဆိုရင်မကြာမကြာလက်နက်ကြီးနဲ့အပစ်ခံနေရတယ်။ မနေ့ကသပိတ်ပွဲပြီးလို့လူစုခွဲအပြီးမှာPDFငါးယောက်ဒလန်သတင်းပေးမှုကြောင့်အသတ်ခံလိုက်တယ်။သပိတ်ပွဲကအောင်မြင်ပေမယ့်ပေးဆပ်မှုကတော့ကြီးမားသွားတယ်။ မန္တလေးမှာလဲမြို့ပြပျောက်ကျားအဖွဲ့ဝင်တချို့အဖမ်းခံလိုက်တယ်။မန္တလေးမြို့ဟာမြို့ပုံစံကြောင့်တခြားမြို့တွေနဲ့မတူပဲUGတွေလှုပ်ရှားရတာတကယ်မလွယ်ပါဘူး။မြို့ကြီးတွေပေါ်ကUGတွေဘဝကတော့ဒီလိုပဲပိန်လိုက်ဖောင်းလိုက်ပါပဲ။

Read moreDetails

ဧပြီ ၁၇၊ ၂၀၂၂။ (တနင်္ဂနွေ)

ကိုဗစ်ကြောင့်ချမှတ်ထားတဲ့လူစုလူဝေးကန့်သတ်ချက်ကိုစစ်ကောင်စီကပယ်ဖျက်လိုက်ပြီးဒီနေ့နှစ်ဆန်းတရက်နေ့မှာတနိုင်ငံလုံးကရုပ်ရှင်ရုံတွေပြန်ဖွင့်စေတယ်။နိုင်ငံရေးမလုပ်တဲ့အနုပညာရှင်တွေနဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့အနုပညာရှင်တွေရဲ့ဇာတ်ကားတွေကိုအဓိကထားပြသခိုင်းထားတယ်။ဒါပေမယ့်ကြည့်မယ့်ပရိသတ်တော့မရှိဘူး။စစ်ကောင်စီဟာပုံမှန်အခြေအနေပြန်ရောက်နေကြောင်းအတင်းလုပ်ယူနေတဲ့အတွက်လူထုကလဲစစ်ကောင်စီလုပ်သမျှအရာအားလုံးကိုသပိတ်မှောက်လျက်ရှိတယ်။ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ဇာတ်ကားထုတ်လုပ်သူတွေလဲအကြပ်အတည်းဆိုက်နေတယ်။ရုံတွေကိုအတင်းအကြပ်ပြန်ဖွင့်စေပြီးလျှပ်စစ်မီးကိုတော့လုံလုံလောက်လောက်မပေးနိုင်၊ပရိသတ်လဲမရှိတဲ့အတွက်တင်သမျှဇာတ်ကားတိုင်းအရှုံးပေါ်မှာပဲ။သူတို့လဲကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး။စစ်ကောင်စီအတွက်ကတော့လုပ်သမျှအရာအားလုံးအရှုံးကြီးရှုံးလျက်ရှိတယ်။

Read moreDetails

ဧပြီ ၁၆၊ ၂၀၂၂။ (စနေ)

NUGကာကွယ်ရေးဝန်ကြီးPDFစခန်းတနေရာမှာရှိနေတဲ့ပုံတွေထုတ်ပြန်လိုက်တယ်။ကာဝန်ကရှေ့တန်းမှာလူလုံးထွက်ပြတဲ့သဘောပေါ့။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့လက်အောက်ကစစ်သားတွေကိုသာအသေခံထိုးကျွေးနေပြီးလူလုံးပြဖို့နေနေသာသာခရီးစဉ်တွေတောင်သိပ်မထွက်ရဲဘူး။စစ်သားတွေအတွက်တွေးတတ်ရင်နာဖို့ကောင်းတယ်။ NUGကထုတ်ပြန်ချက်ထဲမှာတနိုင်ငံလုံးဧရိယာရဲ့၃၀%ကိုEAOတွေကထိန်းချုပ်ထားပြီး၁၅%ကိုတော့PDFထိန်းချုပ်နိုင်ပြီလို့ဆိုတယ်။စုစုပေါင်းနိုင်ငံတဝက်လောက်ကိုထိန်းချုပ်ထားနိုင်တဲ့သဘောပေါ့။မကြာမီမှာခံစစ်ကတိုက်စစ်ကိုကူးပြောင်းတော့မယ်တဲ့။စစ်ပွဲဟာပိုမိုပြင်းထန်လာတော့မယ်။

Read moreDetails

ဧပြီ ၁၅၊ ၂၀၂၂။ (သောကြာ)

သင်္ကြန်အကြတ်နေ့မှာတော့ပတ်ဝန်းကျင်ကိုစက်ဘီးလေးတစီးနဲ့လျှောက်ကြည့်ဖြစ်တယ်။ရပ်ကွက်ထဲမှာကလေးတချို့ကလွဲပြီးရေကစားသူမရှိဘူး။ခါတိုင်းတွေ့နေကျအုန်းလက်မဏ္ဏပ်လေးတွေတောင်မတွေ့ပဲခြောက်ကပ်လျက်ရှိတယ်။ရပ်ကွက်ထဲတင်လားဆိုရင်တောမဟုတ်။တမြို့လုံး၊တနိုင်ငံလုံးမြို့ကြီးမြို့ငယ်အသွယ်သွယ်မှာတိတ်ဆိတ်ငြိမ်သက်လို့ပေါ့။ရပ်ကွက်ထဲမှာတချို့ကတော့ရိုးရာမပျက်စတုဒီသာကျွေးကြတယ်။ဒီလိုကြပ်တည်းနေတဲ့အချိန်ကြီးမှာအလှူလုပ်ကြတာချီးကျူးဖို့ကောင်းတယ်။စက်ဘီးလေးနဲ့ရောက်တက်ရာရာလျောက်သွားခဲ့ပေမယ့်ဒီသကြန်မှာတော့ရေမစိုခဲ့ပါဘူး။

Read moreDetails

မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်

မည်သည့်အာဏာရှင်မျှ ၎င်းတို့ကိုယ်၎င်းတို့ အာဏာရှင်ဟု မခံယူကြပေ။ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် သူ၏ လုပ်ရပ်များ၊ အများပြည်သူမြင်တွေ့နေရသည့် အပြုအမူများနှင့် လူအများမသိသေးသည့်သူ၏ ပြုမူဆောင်ရွက်ချက်များကို ပေါင်းစပ်ပြီးသုံးသပ်လျှင်မူ မင်းအောင်လှိုင် သည် ယခင်...

Read moreDetails
Page 159 of 230 1 158 159 160 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist