မိတ္ထီလာမှာသမီးရည်းစားနှစ်ယောက်ချိန်းတွေ့ရင်းလုယက်ခံရလို့ကောင်လေးကလက်တဖက်ပြတ်သွားတယ်။မန္တလေးမှာလဲထိုနည်းတူဆိုင်ကယ်ကိုဓားနဲ့လုယက်တာကြောင့်တယောက်အသက်ပေးလိုက်ရတယ်။ရန်ကုန်အင်းစိန်မှာတော့လမ်းမလယ်ခေါင်မှာကောင်မလေးတယောက်ကိုအုပ်စုဖွဲ့ရမ်းကားနေတာကြောင့်ရပ်ကွက်ကဝိုင်းဖမ်းပေးရတယ်။မိတ္ထီလာဆိုတာစစ်တပ်မြို့၊မန္တလေးကဖြစ်ရပ်ကလဲရဲစခန်းနားမှာြဖစ်သွားတာ၊ရန်ကုန်မှာတော့ဝိုင်းဖမ်းပေးသူတချို့ထိခိုက်ဒဏ်ရာရကုန်တယ်။အရင်ကလုယက်မှုလောက်ပဲကျူးလွန်ကြတာ၊အခုကထိခိုက်ဒဏ်ရာရမှုတွေ၊လူသေဆုံးမှုတွေပါြဖစ်လာပြီ။မလုံခြုံမှုတွေဟာတနိုင်ငံလုံးနေရာအနှံအပြားမှာဖြစ်နေပြီ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...