စစ်ကိုင်းတိုင်းထဲကမြို့နယ်၁၅ခုမှာNUGကတရားစီရင်ရေးစနစ်စတင်ကြောင်းကြေငြာလိုက်တယ်။တတိုင်းလုံးကပြည်သူတွေစစ်သူပုန်တွေရန်ကလွှတ်အောင်ပြေးနေရချိန်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံကူညီပေးတယ်ဆိုတဲ့သတင်းမျိုးတော့မကြားမိသေးဘူး။ဟိုတလောကလဲနာမမည်ကြီးဗိုလ်နဂါးတို့အဖွဲ့ကိုလက်နက်ထောက်ပံပေးမယ်ဆိုပြီးဘာမှရောက်မလာဘူးလို့ဆိုရှယ်မီဒီယာတွေပေါ်မှာတွေလိုက်ရသေးတယ်။NUGကစစ်ကိုင်းတိုင်းမှာမယောင်ရာဆီလူးနေပြီ။အဆုံးစွန်သောင်းကျန်းနေတဲ့စစ်တပ်ကိုတန်ပြန်ရင်ဆိုင်ဖို့ဘာမဟာဗျူဟာ၊နည်းဗျူဟာမှမတွေ့ရသေးဘူး။NUGအနေနဲ့စစ်ကိုင်းတိုင်းကိုဖိဖိစီးစီးကိုင်တွယ်ဖို့သင့်ပြီ။စစ်ကိုင်းတိုင်းတစ်ခုထဲတင်မကတခြားဒေသတွေမှာလဲNUGရဲ့စစ်ရေးလှုပ်ရှားမှုတွေခုထိသိသိသာသာမတွေ့ရသေးဘူး။တော်လှန်ရေးကာလတစ်နှစ်ခွဲပြည့်တော့မယ်။ရံပုံငွေလဲဒေါ်လာသန်းငါးဆယ်ခန့်ရနေပြီ။အခုထိသိသာထင်ရှားတဲ့စစ်ရေးရလဒ်ကောင်းတစ်ခုကိုNUG အနေနဲ့မဖော်ဆောင်နိုင်သေးဘူး။အညာဒေသ၊ချင်း၊ကယားစတဲ့အရင်ငြိမ်းချမ်းတဲ့ဒေသတွေကပြည်သူတွေရဲ့ဘဝတွေကတော့လုံးပါးပါးနေပြီ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။