LATEST STORIES

မေ ၀၈၊ ၂၀၂၂။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နေအိမ်ကိုNUGကဒေါ်လာဆယ်သန်းနဲ့ရောင်းချနေတယ်။နှစ်ရက်အတွင်းမှာဒေါ်လာတစ်သန်းရရှိသွားပြီ။ပြည်သူတွေရဲ့နေအိမ်တွေကိုလိုက်လံချိတ်ပိတ်ခဲ့သမျှအခုတော့သူတို့ခံလိုက်ရတာပဲ။ချိတ်ပိတ်ထားတဲ့အိမ်တွေကိုစစ်ကောင်စီကရောင်းချဖို့ကြိုးစားနေပေမယ့်လဲဘယ်သူမှမဝယ်ကြဘူး။ တနိုင်ငံလုံးကရွာတွေမှာလဲစစ်တပ်ကမီးရှို့လို့ပျက်စီးသွားတဲ့အိမ်ခြေပေါင်းတစ်သောင်းကျော်သွားပြီ။အထူးသဖြင့်စစ်ကိုင်းတိုင်းမှာပေါ့။ခိုကိုးရာမဲ့ပြည်သူတွေအတွက်ထိရောက်တဲ့အကူအညီဆိုတာဘာမှမရှိသေးဘူး။နယ်ဘက်ကပြည်သူတွေဟာတော်လှန်ရေးအတွက်တက်နိုင်သမျှတောင့်ခံနေကြတယ်။

Read moreDetails

မေ ၀၇၊ ၂၀၂၂။ (စနေ)

အာဆီယံရဲ့မြန်မာ့အရေးဆွေးနွေးပွဲပြီးဆုံးသွားပါပြီ။ထုံးစံအတိုင်းမြန်မာပြည်သူတွေအတွက်ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့လူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကတဆင့်ပေးဖို့ဆုံးဖြတ်လိုက်ကြလို့ပဲ။ဒီလိုသာဆိုရင်ပေးသမျှအကူအညီတွေဟာနာဂစ်တုန်းကလိုစုံးစုံးမြုပ်သွားမှာပဲ။ထိုအစည်းအဝေးဟာထင်ထားတဲ့အတိုင်းဟန်ပြအစည်းအဝေးပါ။UNအထူးကိုယ်စားလှယ်ကိုလဲစစ်ကောင်စီကန့်ကွက်လို့မဖိတ်ဘူးဆိုတော့အာဆီယံဟာစစ်ကောင်စီကိုကြောက်နေရတာလား။သူတို့ပေးတဲ့အကူအညီဆိုတာကလဲသူတို့ရဲ့လိပ်လိုလှုပ်ရှားပုံမျိုးနဲ့ဆိုနောက်နှစ်လောက်မှရောက်လာလိမ့်မယ်။

Read moreDetails

မေ ၀၆၊ ၂၀၂၂။ (သောကြာ)

ရန်ကုန်၊လှည်းတန်းမှာဖြစ်သွားတဲ့လူသတ်မှုဟာအတော်တရားကျစရာကောင်းတယ်။ပြီးခဲ့တဲ့နေ့ကလှည်းတန်းလမ်းဆုံမှာခါးပိုက်နှိုက်တစ်ယောက်ကိုနီးစပ်ရာလူတွေဝိုင်းဖမ်းပေးကြတယ်။အနားမှာဂိတ်ထိုးကြတဲ့ဆိုက်ကားသမားတွေလဲပါမှာပေါ့။ခါးပိုက်နှိုက်ဖမ်းတဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းပေါ်ရောက်သွားပြီးနောက်နေ့မှာထိုဗီဒီယိုဖိုင်ထဲမှာပါတဲ့ဆိုက်ကားသမားကိုခါးပိုက်နှိုက်တွေအုပ်စုဖွဲ့ပြီးလူမြင်ကွင်းမှာပဲလာသတ်သွားတယ်။အနားမှာလူတွေအများကြီးရှိပေမယ့်ဘယ်သူမှမကူညီကြဘူး။ရဲတိုင်လဲအရေးယူမှာမဟုတ်ဘူး။ထိုသူခိုးဂျပိုးတွေကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ထောင်ထဲကလွှတ်ပေးထားတာလေ။ ထိုဖြစ်ရပ်ကြောင့်နောက်ဆိုမတရားမှုတွေတွေ့ရင်၊ကိုယ်နဲ့မဆိုင်ရင်ဘယ်သူမှကူညီကြတော့မှာမဟုတ်ဘူး။ဒီနိုင်ငံမှာရိုင်းပင်းကူညီစိတ်နဲ့ကိုယ်ချင်းစာတရားပါပျောက်ဆုံးသွားတော့မယ်။ အခုဆိုရင်လမ်းလျှောက်ရင်း၊လိုင်းကားစောင့်ရင်းနဲ့တောင်ဓားထောက်လုယက်မှုတွေဖြစ်နေပြီ။နယ်မြို့တွေမှာဆိုဆိုင်ကယ်မောင်းရင်းနဲ့တောင်ဓားနဲ့လိုက်ခုတ်ပြီးလုယက်မှုတွေဖြစ်နေပြီ။တရားဥပဒေဆိုတာမရှိတော့ဘူး။အခြေအနေတွေဟာကြာလေလေပိုဆိုးလေလေပဲ။

Read moreDetails

ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှ ဒေသခံ ၄၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကင်းလှည့်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ငှက်အော်စမ်းကျေးရွာမှ ဒေသခံ အမျိုးသား ၄၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို...

Read moreDetails

မေ ၀၅၊ ၂၀၂၂။ (ကြာသပတေး)

ရန်ကုန်မှာ Dark Shadowအဖွဲ့ဖမ်းဆီးခံရပြီးနောက်ကျန်တဲ့UGအဖွဲ့တစ်ဆယ်ကျော်ပူးပေါင်းပြီးမြေအောက်လှုပ်ရှားမှုတွေဆက်လုပ်မယ်လို့ကြေငြာလိုက်တယ်။အခုရက်ပိုင်းလဲရန်ကုန်မှာလှုပ်ရှားမှုတွေသိပ်မရှိပဲငြိမ်နေတယ်။ထိုအဖွဲ့ပေါင်းစုံပူးပေါင်းလိုက်ရင်တော့ရန်ကုန်ကိုစစ်ကောင်စီထိန်းချုပ်ဖို့ဆက်လက်ခက်ခဲနေဦးမယ်။ မန္တလေးမှာတော့စိတ်မကောင်းစွာပဲUGအဖွဲ့သုံးဖွဲ့ခန့်မြို့ကိုစွန့်ခွာသွားကြပြီ။မြို့ခံပြည်သူတွေပူးပေါင်းပါဝင်မှုအားနည်းတယ်လို့ပြောထားတယ်။တခြားနေစရာ၊ရှောင်စရာ၊ပြေးစရာစသဖြင့်အခက်အခဲတွေကတော့အများကြီးပဲ။မြို့အနေအထားအရလဲလုပ်ရကိုင်ရခက်ခဲတယ်။ဒီပုံတိုင်းဆိုရင်တော့မန္တလေးဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကျရောက်သွားလိမ့်မယ်။

Read moreDetails

မေ ၀၄၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မြန်မာ့အရေးဟာအာဆီယံမှာဒီလထဲအနည်းငယ်လှုပ်ရှားမှုရှိလာလိမ့်မယ်။သဘက်ခါမှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေစုဝေးပြီးမြန်မာကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့တိုင်ပင်ကြလိမ့်မယ်။အဲ့ဒီအတွက်မလေးရှားနိုင်ငံနဲ့ကုလအထူးကိုယ်စားလှယ်တို့ဟာNUGနဲ့တရားဝင်တွေ့ဆုံသွားတယ်။NUGနဲ့လူသိရှင်ကြားတွေ့ဆုံတာဒါပထမဆုံးအကြိမ်ပဲ။စစ်ကောင်စီဘက်ကတော့အပြင်းအထန်ကန့်ကွက်နေလေရဲ့။ ဒီကိစ္စဟာမပြောပလောက်ပေမယ့်တိုးတက်ဖြစ်ထွန်းမှုတစ်ခုပဲ။ ဒီလလယ်လောက်မှာလဲအမေရိကန်အာဆီယံထိပ်သီးအစည်းအဝေးရှိသေးတယ်။အဲ့ဒီမှာမြန်မာ့အရေးလဲကျိန်းသေပေါက်ပါမှာပဲ။သဘက်ခါအာဆီယံအစည်းအဝေးကအမေရိကန်ကိုအပြကောင်းအောင်လုပ်တဲ့အစည်းအဝေးလဲဖြစ်နိုင်တယ်။ပီးရင်လကုန်လောက်မှာအာဆီယံအထူးကိုယ်စားလှယ်လဲလာဦးမယ်။အဲ့ဒါတွေပီးရင်လောက်လောက်လားလားဘာတွေတိုးတက်လာမလဲဆိုတာစောင့်ကြည့်ရမယ်။  

Read moreDetails

မေ ၀၃၊ ၂၀၂၂။ (အင်္ဂါ)

မြို့ကြီးတွေကတော်လှန်ရေးUGတွေလဲဒီရက်ပိုင်းအထိနာနေတယ်။ရန်ကုန်မှာနန်းထိုက်အောင်စစ်ဆင်ရေးရဲ့တစိတ်တပိုင်းအဖွဲ့ဖြစ်တဲ့Dark Shadow အဖွဲ့တဖွဲ့လုံးနီးပါးအဖမ်းခံလိုက်ရတယ်။သူတို့ခိုလှုံနေတဲ့ရန်ကုန်တဖက်ကမ်းကရွာထဲအထိဝင်ဖမ်းသွားတာ၁၅ဦးခန့်ခွေးဆွဲခံလိုက်ရပြီးတစ်ဦးပစ်သတ်ခံရတယ်။အဖမ်းခံလိုက်ရတဲ့အဖွဲ့ဝင်တွေအားလုံးကိုစစ်သူပုန်တွေသတ်ပစ်လိုက်ပြီလို့သတင်းတွေထွက်လာပေမယ့်အတည်ပြုလို့တော့မရသေးပါဘူး။ မန္တလေးမှာလဲမြို့ပြပျောက်ကျားအဖွဲ့ဝင်တွေခိုလှုံဆေးကုနေတဲ့တည်းခိုခန်းတစ်ခုစီးနင်းခံရတယ်။အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးထိုကလေးတွေအားလုံးကျဆုံးသွားတယ်။ အဖမ်းခံရတဲ့သူတွေ၊ကျဆုံးသွားတဲ့သူတွေဟာတကယ်တော့တက်သစ်စလူငယ်လေးတွေပါ။တိုင်းပြည်ရဲ့အနာဂတ်လေးတွေပါ။မင်းအောင်လှိုင်သာအာဏာမရူးခဲ့ရင်သူတို့လေးတွေဟာအေးအေးဆေးဆေးပညာသင်နေရမှာ။အခုတော့တိုင်းပြည်ရဲ့အနာဂတ်တွေအကုန်ပျက်စီးကုန်ပြီ။

Read moreDetails

မေ ၀၂၊ ၂၀၂၂။ (တနင်္လာ)

လက်နက်ကိုင်တော်လှန်ရေးကိုပထမဆုံးစခဲ့တဲ့စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်။စစ်ကောင်စီတပ်တွေဟာအရင်ကတည်းကကလေးမြို့တောင်ပိုင်းနတ်ချောင်းရွာဘက်ကိုစစ်ကြောင်းထိုးနေကြပါ။အခုကအရင်ထက်အခြေအနေတွေပိုမိုဆိုးရွားလာနေတယ်။သုံးရက်ဆက်တိုက်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်နေပြီးမြစ်သာမြစ်ကမ်းနဘေးကအိမ်ခြေကိုးရာခန့်ရှိတဲ့အရှေ့စည်းရွာကြီးကိုစစ်သူပုန်တွေမီးတင်ရှို့သွားတယ်။အရင်နတ်ချောင်းရွာတုန်းကလဲရွာလုံးကျွတ်မီးရှို့ခံလိုက်ရသေးတယ်။ ရွာထဲကစစ်ဘေးရှောင်ပြည်သူအချို့မြစ်ကိုကူးရင်းတံတားကျိုးကျလို့ဆယ်ယောက်ခန့်သေဆုံးသွားတယ်။စစ်သူပုန်တွေဘက်ကလဲအကျအဆုံးများတယ်။ဒါပေမယ့်ဒေသခံပြည်သူတွေရဲ့ဆုံးရှုံးမှုကအတော်များနေပြီ။  

Read moreDetails

မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းကဏ္ဍတွင် တရုတ်၏ ခြိမ်းခြောက်မှု ပိုကြီးထွားလာနေ

By လမ်းသစ် တရုတ်အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းများမှစ၍ ပြည်ပရောက် တိဗက်အစိုးရ၏ အွန်လိုင်းပလက်ဖောင်းများနှင့် website များအား တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်။ အဆိုပါ တိုက်ခိုက်မှုများကို တရုတ်အစိုးရ လက်အောက်ရှိ ဟက်ကာအုပ်စုများနှင့် နည်းပညာရှင်များက လုပ်ဆောင်နေကြခြင်း...

Read moreDetails

ခင်ဦးမှာ တစ်လအတွင်း နေအိမ် ၄၅ဝ နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီးနောက် မတ်လ တစ်လအတွင်းမှာတင် ရွာပေါင်း ခုနစ်ရွာလောက်က နေအိမ် ၄၅ဝ နီးပါးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၃၅ဝဝ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃...

Read moreDetails
Page 148 of 221 1 147 148 149 221

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist