စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာကိုစစ်သူပုန်တွေရုတ်တရက်လေကြောင်းကနေရဟတ်ယာဉ်တွေနဲ့ဝင်စီးလျက်ရှိတယ်။တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးနဲ့ရွာထဲကိုပစ်ခတ်နေပြီးနောက်နှစ်စီးနဲ့စစ်သားတွေချသွားတယ်။ရုတ်တရက်လေကြောင်းကဝင်ရောက်လာတာကြောင့်ရွာသားတွေပြေးချိန်မရပဲတစ်ရာကျော်ရွာထဲမှာပိတ်မိနေတယ်။ထိုဒေသကစစ်ကောင်စီအာဏာသက်ရောက်မှုလုံးဝမရှိတော့ပဲလွတ်မြောက်နယ်မြေလိုဖြစ်နေပြီ။မြေပြင်ကနေစစ်ကြောင်းထိုးလို့မရတော့တာကြောင့်လေကြောင်းကနေဝင်စီးတာဖြစ်တယ်။
ထိုရွာမှာချင်းပြည်နယ်ကPDFလေးတွေလက်နက်သယ်ဖို့ရောက်ရှိနေပြီးထိုသတင်းကိုစစ်တပ်သတင်းပေးတစ်ဦးကမုံရွာကိုအကြောင်းကြားလိုက်လို့ရုတ်တရက်ဝင်စီးခံလိုက်ရတာပါ။ချင်းပြည်နယ်ကPDFတချို့လွတ်မြောက်သွားပေမယ့်တချို့ကတော့ပျောက်ဆုံးနေဆဲပဲ။လက်နက်ခဲယမ်းတချို့လဲဆုံးရှုံးသွားတယ်။ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကတော့ရွာကိုပြန်လည်ရယူဖို့ပြင်ဆင်လျက်ရှိတယ်။