LATEST STORIES

ဩဂုတ် ၁၈၊ ၂၀၂၂။ (ကြာသပတေး)

မနက်သုံးနာရီကတည်းကမရပ်မနားရွာနေတဲ့မိုးကြောင့်ရုံးတက်ချိန်ရောက်တော့ရန်ကုန်တမြို့လုံးရေကြီးနေတယ်။ရပ်ကွက်အတော်များများအိမ်တွေထဲထိရေတွေဝင်လာသလိုတချို့လမ်းမကြီးတွေတော်ရေမြုပ်ကုန်တယ်။ရုံးတက်ဈေးသွားချိန်ဖြစ်တာကြောင့်သွားရေးလာရေးတွေအကုန်အဆင်မပြေဖြစ်ကုန်တယ်။ ရန်ကုန်မှာဒီလိုမျိုးရေမကြီးတာအတော်ကြာပြီ။အမေစုအစိုးရလက်ထက်ကစပြီးရေဆင်းမြောင်းတွေကိုသေချာပြုပြင်ခဲ့တဲ့အတွက်မြို့နေပြည်သူတွေရေဘေးဒုက္ခကင်းလွတ်ခဲ့တယ်။အခုတော့အဲ့ဒီရေဆင်းမြောင်းတွေလဲထိန်းသိမ်းမယ့်သူတွေမရှိတော့လို့ပြန်လည်ပျက်စီးသွားပြီထင်ပါရဲ့။ ဒီနှစ်မိုးရာသီကလဲမိုးကောင်းလွန်းတယ်။တာချီလိတ်၊မြဝတီ၊ပြင်ဦးလွင်စတဲ့မြို့တွေမှာလဲတောင်ကျရေတွေကြောင့်တမြို့လုံးနီးပါးပျက်စီးခဲ့သေးတယ်။ဒီကာလကြီးမှာသဘာဝဘေးအန္တရာယ်ကြီးကြီးမားမားမကျရောက်ဖို့ဆုတောင်းရမှာပဲ။

Read moreDetails

သံတိုင်နောက်မှ တော်လှန် မိခင်များ

မဲစာရင်း မှားယွင်းမှုအကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ဆန့်ကျင်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ကာ တရားမဲ့ထင်ရာစိုင်းနေသည့်တိုင် မတရားမှုကို ဆန့်ကျင်ရမည်ဟူသည့် အသိဖြင့် မသီတာ* မကြောက်ရွံ့ခဲ့။ ထိုစဉ်က ကိုယ်ဝန်ရှိနေပြီး အနေအထိုင် ဆင်ခြင်ရမည်ဟု ကျန်းမာရေးအသိ ရှိသော်လည်း...

Read moreDetails

ဩဂုတ် ၁၇၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု မရှိဘဲ တန်ချိန် ၆ သောင်း ရောက်ရှိလာပြီး လာမည့် ရက်အနည်းငယ်အတွင်း တန်ချိန် ၄၃၀၀၀ ထပ်မံ ရောက်ရှိမည်ဟု စက်သုံးဆီများ တင်သွင်းထားတယ်လို့ ပြောဆိုလိုက်တယ်။...

Read moreDetails

ဩဂုတ် ၁၆၊ ၂၀၂၂။ (အင်္ဂါ)

မနက်မိုးလင်းလို့အိပ်ရာနိုးတာနဲ့ပထမဆုံးစဉ်းစားရတာကဆိုင်ကယ်ဆီဘယ်မှာလွယ်လွယ်ကူကူထည့်လို့ရမလဲဆိုတာပဲ။မန္တလေးမှာဒီရက်ပိုင်းဆီဆိုင်တွေအတော်များများဆီမရောင်းကြတော့ဘူး။DENKO BOCစတဲ့ဆိုင်ကြီးတွေလောက်ပဲဖွင့်လှစ်ရောင်းချပေးတယ်။ထိုဆိုင်တွေမှာလဲဆိုင်ကယ်တွေ၊ကားတွေကြိတ်ကြိတ်တိုးပဲ။အဲ့ဒီတော့အွန်လိုင်းပေါ်မှာဘယ်ဆိုင်အဆင်ပြေနိုင်မလဲအရင်လေ့လာရတယ်။ပြီးရင်အဆင်ပြေတဲ့ဆိုင်တစ်ခုခုမှာသွားတန်းစီရတယ်။တန်းစီရတာလဲအတော်စိတ်ညစ်ဖို့ကောင်းတယ်။မိုးရာသီဆိုပေမယ့်မန္တလေးရာသီဥတုကမိုးရွာတဲ့အချိန်လောက်ပဲအေးပြီးအချိန်တိုင်းပူနေတာလေ။နေပူပူအောက်မှာအချိန်ကုန်ခံ၊အလုပ်ပျက်ခံပြီးဆိုင်ကယ်ဆီရဖို့အရေးပင်ပန်းကြီးစွာတန်းစီရတယ်။ဒါတောင်အချို့ဆိုင်တွေကဆီတိုင်ကီအပြည့်ဖြည့်လို့မရပဲခွဲတန်းနဲ့သာရောင်းချပေးတယ်။ကိုယ့်အလှည့်ရောက်ခါနီးမှဆီကုန်သွားရင်တော့ပင်ပန်းထားသမျှအလကားပဲ။အဲ့ဒီလိုမှတန်းမစီချင်တော့အပြင်ကမှောင်ခိုဆိုင်လေးတွေမှာဈေးကြီးပေးပြီးဝယ်သုံးရတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မရှိတဲ့မန္တလေးမှာသွားရေးလာရေးအတွက်ဆိုင်ကယ်ကအသက်ပဲ။ဆိုင်ကယ်မရှိရင်ခြေထောက်ပြတ်သလိုပဲ။အခုတော့တမြို့လုံးကပြည်သူတွေမကြုံစဖူးဒုက္ခတွေခံစားနေရပြီ။ဒီနှစ်ထဲမှာစက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လေ့ရှိပေမယ့်တရက်နှစ်ရက်လောက်ဆိုပြန်အဆင်ပြေသွားတတ်တယ်။အခုတကြိမ်ကတပတ်လောက်ကြာနေပြီ။ဒီတိုင်းဆိုအိမ်မှာချောင်ထိုးထားတဲ့စက်ဘီးလေးကိုပြန်ထုတ်စီးရတော့မလားပဲ။

Read moreDetails

ဩဂုတ် ၁၅၊ ၂၀၂၂။ (တနင်္လာ)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာမနေ့ကစစ်တပ်နဲ့အေအေတို့တစ်နေ့ထဲသုံးနေရာမှာတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တယ်။စစ်တပ်ဖက်ကသုံးဆယ်ကျော်သေဆုံးသွားပြီးလက်နက်ကြီးလက်နက်မျိုးစုံအမြောက်အမြားသိမ်းဆည်းရမိတယ်။ပြီးခဲ့တဲ့တပတ်ကလဲအေအေကနယ်ခြားစောင့်ရဲစခန်းကိုတိုက်ခိုက်လို့စစ်တပ်ဖက်ကအမြောက်အမြားသေဆုံးခဲ့သေးတယ်။အခုနောက်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်နေပြီးအခုဆိုရင်တိုက်ပွဲကြီးတွေပါဖြစ်နေပြီဆိုတော့သေချာတာကစစ်ကောင်စီအတွက်နောက်ထပ်စစ်မျက်နှာတစ်ခုထပ်ပွင့်သွားပြီ။ဒီတော်လှန်ရေးမှာစစ်ကောင်စီအတွက်စစ်မျက်နှာများလေလေကိုယ်တွေအတွက်ကောင်းလေပဲလေ။ ကရင်ပြည်နယ်မှာလဲကောကရိတ်မြို့ပေါ်ကရဲစခန်း၊စုပေါင်းရုံးနဲ့တခြားဌာနဆိုင်ရာရုံးတချို့ကိုKNUကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်သွားတယ်။မြို့ပေါ်မှာစစ်တပ်ရင်းတစ်ခုရှိနေပေမယ့်ဘာမှမတုန့်ပြန်နိုင်ခဲ့ဘူး။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာစစ်ကောင်စီဟာမြို့ပြတွေကိုတောင်အပြည့်အဝမထိန်းချုပ်နိုင်တော့တဲ့အနေအထားဖြစ်လာပြီ။

Read moreDetails

ဩဂုတ် ၁၄၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကောင်စီကမြန်မာကျပ်ငွေတွေကိုအတိုင်းအဆမရှိရိုက်ထုတ်နေတယ်။ပိုက်ဆံရိုက်ထုတ်တဲ့အဆင့်မှီငွေစက္ကူတွေကအာဏာသိမ်းပြီးစမှာပဲဂျာမဏီကဝယ်ယူခွင့်ပိတ်လိုက်တော့ဗဟိုအာရှနိုင်ငံတွေကနေအဆင့်မမှီတဲ့ငွေစက္ကူတွေလေကြောင်းကနေတန်နဲ့ချီပြီးတင်သွင်းတယ်။ပြီးတော့ပြည်တွင်းငွေစက္ကူရိုက်စက်ရုံကနေအထိန်းအကွပ်မရှိရိုက်ထုတ်နေတယ်။အခုဆိုစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရိုက်ထုတ်ထားတဲ့မြန်မာကျပ်လေးဘီလီယံခန့်ကိုအခမ်းအနားနဲ့ဖွံဖြိုးရေးရံပုံငွေဆိုပြီးဈေးကွက်ထဲလွှဲပြောင်းလိုက်တယ်။မြန်မာငွေဈေးထိုးကျပြီးအစောကတည်းကတက်ဖို့ပြင်နေတဲ့ရွှေနဲ့ဒေါ်လာဈေးတွေမိုးထိုးကုန်တယ်။နောက်ဆုံးဈေးအရရွှေတစ်ကျပ်သား၂၈သိန်းကျော်သွားပြီးတစ်ဒေါ်လာကိုကျပ်သုံးထောင်ဖြစ်သွားပြီ။ဈေးတွေကဒီတပတ်လုံးစနေနေ့တောင်မနားပဲထိုးတက်နေတာပါ။ငွေဈေးမငြိမ်တာကြောင့်နယ်စပ်ကုန်သွယ်ရေးတွေမှာလဲကုန်သည်တွေနေ့ချင်းညချင်းကျပ်ငွေသိန်းရာချီဆုံးရှုံးကုန်ပြီးမြန်မာကျပ်ငွေကိုဘယ်သူမှလက်မခံချင်ကြတော့ဘူး။ကြာရင်မြန်မာကျပ်ငွေဟာဂျပန်ခေတ်ကငွေတွေလိုစက္ကူစုတ်သာသာပဲရှိတော့မယ်။

Read moreDetails

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ထောင်ဝင်စာ အထူးတင်းကျပ်ကန့်သတ်

“ကပ်ဘေး”ကြောင့် ထောင်ဝင်စာတွေ့မှု ပိတ်ထားချိန်တွင် အကျဉ်းသားထံ ပစ္စည်းပို့ခွင့် ပိုမို ကန့်သတ်ခံနေရသည်၊ အမှုတွင် သက်သေထွက်ဆိုမည့် မိသားစုဝင်သာ အကျဉ်းသားနှင့် တွေ့ခွင့်ရသည်။ စစ်အာဏာရှင်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များတွင် ပါဝင်သည့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဇူလိုင်...

Read moreDetails

ဒီပဲယင်းမြို့ ဘုရားထွက်ရွာကို စစ်တပ်မီးရှို့၊ ၁၄ ဦးကို ဓားစာခံလုပ်ထား

စစ်သား ၈၀ ခန့်က စစ်ကိုင်းတိုင်းရှိ ရွာတစ်ရွာကို ဖျက်ဆီးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းထားသည်၊ နှိပ်စက်ခံရသည့် ဓားစာခံများထဲမှ ၁ ဦး အသက်အန္တရာယ်ရှိနေသည်ဟု သိရသည်။     စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက်တွင်ရှိသည့် ဘုရားထွက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (သြဂုတ်...

Read moreDetails

ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ

“ကျမတို့မှာ နေစရာ ထိုင်စရာ မရှိတော့ပါဘူး။ သူများအိမ်မှာ နေရပါတယ်၊ စားဖို့သောက်ဖို့ ဆိုတာလည်း သူများတွေ ပေးလို့ စားနေရတာပါ” ဟု ဆိုလာသူက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ခံ ဒေါ်သူဇာ(အမည်လွှဲ)ဖြစ်ပြီး အိမ်မီးရှိူ့ခံရသဖြင့် လက်ရှိတွင် တရွာမှတရွာ ပြောင်းရွှေ့နေ...

Read moreDetails

ဩဂုတ် ၁၃၊ ၂၀၂၂။ (စနေ)

ရင်ပေါင်တိုင်ရွာမှာဒေသခံတွေလူသားဒိုင်းလုပ်ပြီးဖမ်းဆီးထားတဲ့စစ်သူပုန်တပ်တွေကိုကာကွယ်ရေးတပ်ပေါင်းစုကမနေ့ကဝင်ရောက်တိုက်ခိုက်ကြတယ်။လက်ရွှေးစင်တပ်ဖွဲ့တွေစုစည်းပြီးတိုက်ခိုက်တာဖြစ်လို့ရွာကိုပြန်ရခါနီးမှာပဲစစ်တပ်ဖက်လေကြောင်းအကူအညီတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရတယ်။စစ်သူပုန်တွေဟာအနီးကပျူစောထီးရွာကတပ်ကူတွေကိုရဟတ်ယာဉ်နဲ့ပို့ပေးပြီးခုခံခဲ့တယ်။ ဒီနေ့တော့စစ်သူပုန်တွေအခြေမလှလို့ရွာကနေဆုတ်ခွာသွားပြီ။ကာကွယ်ရေးအဖွဲ့တွေရွာကိုဝင်ရောက်ရှင်းလင်းတော့စစ်တပ်ကသတ်ဖြတ်သွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အလောင်းနှစ်ဆယ်ကျော်တွေ့တယ်။ကျွဲ၊နွားတွေကိုလဲသတ်ဖြတ်သွားသေးတယ်။ ထိုဖြစ်ရပ်ဟာသတင်းပေါက်ကြားမှုကြောင့်စစ်တပ်ရဲ့ဝင်ရောက်စီးနင်းချင်းကိုခံရတာပဲ။သတင်းပေးဒလန်ကိုမိပေမယ့်ပေးဆပ်ရမှုကကြီးမားလွန်းတယ်။ပြည်သူတွေရော၊PDFတွေပါအများအပြားကျဆုံးပြီးလက်နက်တွေပါဆုံရှုံးလိုက်ရတယ်။

Read moreDetails
Page 147 of 235 1 146 147 148 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist