LATEST STORIES

နှစ်ကူးသုံးသပ်ချက် (၁)

စစ်ရေးမှာ အမြဲတမ်း မှန်တယ်လို့ ပြောလို့ရတဲ့အချက်အလက်က တော်တော်နည်းတယ်။အဲ့နည်းနည်းထဲက ပြောပါဆိုရင်တော့အသာစီးရသူဟာနယ်မြေရှင်းတယ်ဆိုတဲ့အချက်ရယ်၊အလယ်စည်းအပိုင်းအခြားနယ်မြေစိုးမိုးမှုရယ်ပဲ။ အလယ်စည်းအပိုင်းအခြားနယ်မြေစိုးမိုးမှုဆိုတာကတော့အလယ်စည်းကိုကြည့်တယ်။နယ်မြေစိုးမိုးမှု အလယ်စည်းဟာ မြို့ဘက်ကို ကပ်လာရင် မြို့အထိုင်တပ်တွေအရေးနိမ့်လာတာကိုပြပြီးမြို့ပြနဲ့ ဝေးသွားရင်တော့အထိုင်တပ်တွေအားသာလာတာကိုပြတယ်။လောလောဆယ်မှာ တိုင်းဒေသကြီးတစ်ခုရဲ့ မြို့တော်ဆင်ခြေဖုံးအထိတိုက်ပွဲတွေကပ်လာတယ်။ပထမဆုံးနယ်မြေစည်းအရမ်းကျဉ်းလာတာကိုပြနေတယ်။စကစအခြေအနေကိုတော်တော်လေး မြင်သာလာတယ်။မြန်မာပြည် နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ၁၉၈၈ နောက်ပိုင်းမှာ ခွန်ဆာက...

Read more

ဇန်နဝါရီ ၁၀၊ ၂၀၂၂။ (တနင်္လာ)

လွိုင်ကော်မြို့ကတိုက်ပွဲတွေမှာစစ်ကောင်စီဖက်ကရဟတ်ယာဥ်တွေသာမကတိုက်လေယာဉ်တွေပါသုံးပြီးအပြင်းအထန်တိုက်ခိုက်နေတယ်။မြေပြင်မှာလဲတင့်ကားတွေပါအသုံးပြုလာတယ်။ ဒါတောင်မှသူတို့ဘက်ကဆက်လက်အထိနာနေဆဲပဲ။မနေ့ကတိုက်ပွဲမှာဆိုစစ်သူပုန်သုံးဆယ်ခန့်သေဆုံးပြီးရဟတ်ယာဉ်တစီးနဲ့တင့်ကားတစီးပစ်ချဖျက်စီးခံလိုက်ရတယ်။သံချပ်ကာယာဉ်တစီးဆိုရင်ဘီးကျွတ်တဲ့အထိမောင်းပြေးသွားတယ်။ဒါတောင်PDF တွေဘက်ကလက်နက်ခဲယမ်းပြည့်စုံသေးတာမဟုတ်ဘူး။ မြို့ထဲမှာလဲဘယ်သူမှမရှိတော့ဘူး။ပိတ်မိနေတဲ့ပြည်သူတွေကိုတော့PDFတပ်ဖွဲ့တွေကကယ်ထုတ်နေရတယ်။သူတို့ကယ်ထုတ်ရင်ဖိခိုက်ကျဆုံးမှုတွေရှိလာတယ်။အများစုကတော့လွိုင်ကော်မြောက်ဖက်ကတောင်ကြီး၊ဆီဆိုင်မြို့တွေဘက်ပြေးနေကြရတယ်။စစ်ဘေးရှောင်တွေကိုလမ်းမှာစစ်တပ်ကအစစ်အဆေးအတားအဆီးတွေလုပ်ပြီးငွေညစ်နေတယ်လို့သိရတယ်။တကယ်သူပုန်တွေပဲ။စစ်ရှောင်ဦးရေလဲတသိန်းကျော်တိုးလာပြီပေါ့။    

Read more

ဇန်နဝါရီ ၀၉၊ ၂၀၂၂။ (တနင်္ဂနွေ)

ကယားပြည်နယ်မှာစစ်ကောင်စီတပ်တွေနဲ့KNDFတို့ရဲ့ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်။ဒီတခါ​တော့တိုက်ပွဲတွေဟာပြည်နယ်မြို့တော်လွိုင်ကော်မြို့ထဲထိပြန့်နှံလာပြီ။အရင်ကလွိုင်ကော်တောင်ဘက်ဒီမော့ဆိုမြို့နားမှာပဲတိုက်ပွဲတွေရှိခဲ့တာ။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကထိုးစစ်စဆင်နေပြီလို့ယူဆရတယ်။ဒါဟာဒီတော်လှန်ရေးကာလမှာပြည်နယ်တစ်ခုရဲ့မြို့တော်အထိပထမဆုံးခြိမ်းချောက်နိုင်ခြင်းပဲ။ အရင်းအနှီးကလဲမသေးလှဘူး။အခုဆိုမြို့ပေါ်ကပြည်သူအတော်များများစစ်ဘေးရှောင်ဖို့စတင်ထွက်ခွာနေကြတယ်။ကယားပြည်နယ်မှာစစ်ဘေးရှောင်တွေတိုးလာတော့မယ်။

Read more

ဇန်နဝါရီ ၀၈၊ ၂၀၂၂။ (စနေ)

စစ်ကောင်စီဟာပြည်သူတွေရဲ့ဆက်သွယ်ရေးကွန်ယက်ကိုရောအင်တာနက်သုံးဆွဲမှုကိုပါဖြတ်တောက်ဖို့တဆင့်ချင်းဆီကြိုးစားနေတယ်။အရင်ကတစ်ထောင်ခန့်သာရှိတဲ့ဆင်းကဒ်တွေကိုနှစ်သောင်းအထိစျေးနှုန်းမြင့်တင်လိုက်ပြီးဖုန်းဘေလ်တွေကိုပါအခွန်နှစ်ဆယ်ရာခိုင်နှုန်းပေးဆောင်ဖို့ထုတ်ပြန်လိုက်တယ်။အရင်လကလဲအင်တာနက်သုံးစွဲခတွေကိုနှစ်ဆမြှင့်တင်ပြီးပြီ။ဒီတခေါက်စျေးနှုန်းမြင့်တင်ရာမှာအိမ်သုံးအင်တာနက်လိုင်းတွေပါ ပါလာပြီ။ဒါဟာနိုင်ငံသားအခွင့်အရေးကိုအတိအလင်းချိုးဖောက်တာပဲ။ လက်ရှိစစ်ကောင်စီရဲ့အထိနာမှုတွေမှာအင်တာနက်နဲ့ဖုန်းတွေရဲ့ပယောဂမကင်းတာကြောင့်ဒါကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ကြိုးစားနေတယ်။ခေတ်ကိုဆယ်စုနှစ်သုံးခုစာလောက်နောက်ပြန်ဆွဲနေတယ်။စစ်ကောင်စီလက်အောက်မှာဆိုရင်တော့မြန်မာပြည်မှာအမှောင်ခေတ်ထဲရောက်သွားလိမ့်မယ်။

Read more

ဇန်နဝါရီ ၀၇၊ ၂၀၂၂။ (သောကြာ)

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာမြန်မာပြည်ကိုလာပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံတယ်။ကမ္ဘောဒီးယားဟာအာဆီယံအလှည့်ကျဥက္ကဌဖြစ်လာချိန်မှာအကြမ်းဖက်စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံတာဟာစစ်ခေါင်းဆောင်ကိုအသိအမှတ်ပြုသလိုဖြစ်နေတာကြောင့်ဝေဖန်သံတွေဆူညံနေတယ်။ တကယ်လဲဟွန်ဆန်ဟာမင်းအောင်လှိုင်ကိုလူရာသွင်းဖို့ကြိုးစားနေတယ်။စစ်အာဏာသိမ်းပြီးနောက်မြန်မာပြည်ကိုရောက်လာတဲ့ပထမဆုံးအခြားနိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဟွန်ဆန်ကိုယ်တိုင်ဟာသက်တော်ရှည်အာဏာရှင်တစ်ယောက်ဖြစ်နေလို့ပဲ။သူတို့နှစ်ယောက်ဟာနှုတ်ခမ်းပဲ့ခြင်းမီးမှုတ်ဖို့ကြိုးစားနေကြတယ်။အာဆီယံသဘောတူညီချက်ငါးချက်ကိုလုံးဝလိုက်လျောမှုမရှိတဲ့မင်းအောင်လှိုင်ကိုဒီချိန်မှာလက်ခံလိုက်ရင်အာဆီယံဟာအရှက်ကွဲလိမ့်မယ်။အလှည့်ကျဥက္ကဌဟွန်ဆန်ကအတင်းအကြပ်ကြိုးစားရင်အားဆီယံဟာနှစ်ခြမ်းကွဲလိမ့်မယ်။ဒါကြောင့်အာဆီယံဟာအကြပ်ရိုက်နေပြီးဟွန်ဆန်သတိကြီးကြီးနဲ့စောင့်ကြည့်နေတယ်။ မြန်မာပြည်သူတွေရဲ့သဘောထားကတော့ရှင်းပါတယ်။ဟွန်ဆန်ပုံကိုမီးရှို့ဆန္ဒပြနေကြတယ်။သူမလာခင်လေးတင်ကမ္ဘောဒီးယားသံရုံးနားမှာဗုံးကွဲတယ်။မင်းအောင်လှိုင်ကိုသက်ဆိုးရှည်စေမယ့်ဘယ်အရာကိုမှလက်မခံပဲပြင်းပြင်းထန်ထန်ဆန္ဒပြနေကြတယ်။

Read more

ဇန်နဝါရီ ၀၆၊ ၂၀၂၂။ (ကြာသပတေး)

နှစ်သစ်ကူးနေ့ကစပြီးရန်ကုန်မှာစစ်ကောင်စီတပ်တွေပျောက်ကျားတိုက်ခိုက်ခံရမှုတွေနေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီးအကြိမ်ရေပိုစိပ်လာတယ်။ဒီနေ့ဆိုရင်မြို့နယ်တစ်ခုကစစ်သူပုန်တွေတပ်စွဲထားတဲ့ဘောလုံးကွင်းထဲကိုဗုံးပစ်လောင်ချာနဲ့မနက်စောစောစီးစီးစိမ်ပြေနပြေလာပစ်သွားလို့စစ်သူပုန်ဆယ်ယောက်ကျော်သေဆုံးသွားတယ်။တခြားမြို့နယ်တွေမှာလဲတိုက်ခိုက်မှုတွေကွက်ကြားကွက်ကြားဖြစ်ပေါ်လျက်ရှိတယ်။ မန္တလေးမြို့မှာလဲစစ်သူပုန်တွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေရန်ကုန်လောက်မများပေမယ့်ရှိတော့ရှိသေးတယ်။ဒါပေမယ့်တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်ရန်ကုန်၊မန္တလေး၊မုံရွာလောက်ကလွဲပြီးတခြားမြို့ကြီးတွေမှာတိုက်ခိုက်မှုတွေမရှိသလောက်နည်းပါးသွားတယ်။တခြားမြို့ကြီးတွေကပြည်သူတွေနေသားကျသွားပြီလား၊စစ်ကောင်စီကအုပ်စီးမိသွားပြီလား။  

Read more

ဇန်နဝါရီ ၀၅၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

၂၀၂၂နှစ်စကစပြီးတနိုင်ငံလုံးမှာဓာတ်အားပျက်တောက်မှုတွေပိုမိုဆိုးရွားလာတယ်။ရန်ကုန်မှာဆိုအချိန်ပိုင်းဓာတ်အားပျက်တောက်မှုတွေမကြာခဏဖြစ်နေတယ်။နယ်မြို့တွေမှာပိုဆိုးတယ်။တနေကုန်နီးပါးမီးတွေပျက်နေတယ်လို့သိရတယ်။စစ်ကောင်စီကတော့အများပြည်သူသုံးဓာတ်အားကိုဖြတ်ခငေ်တဲ့အချိန်ဖြတ်တောက်မယ်လို့ခပ်ဗြောင်ဗြောင်ပဲကြေငြာထားတယ်။နိုင်ငံတကာကဓာတ်အားပေးစနစ်မှာရင်နှီးမြုပ်နှံမှုတွေပြန်ထွက်ခွာကုန်ပြီလေ။NLDအစိုးရလက်ထက်ကသေချာတည်ဆောက်ခဲ့တဲ့ရေရှည်စီမံကိန်းတွေလဲရေစုန်မျောကုန်ပြီပေါ့။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာလျှပ်စစ်ကား၊လျှပ်စစ်ရထားစီမံကိန်းတွေကိုပါးစပ်ကအရူးလိုပြောနေပေမယ့်လက်တွေ့မှာတော့တော်တော်အခြေအနေဆိုးနေတယ်။ဒါတောင်နွေရာသီရောက်ဖို့အတော်လိုသေးတယ်။လာမယ့်နွေရာသီမှာဒီထက်ပိုပြီးဆိုးဖို့ပဲရှိမယ်။

Read more

ဇန်နဝါရီ ၀၄၊ ၂၀၂၂။ (အင်္ဂါ)

ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့တိုင်း မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် ရပ်ကွက် အတော် များများမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ကစားပွဲတွေ၊ စည်စည်ကားကားကျင်းပလေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကတော့ ဘယ်နေရာမှာမှ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဘူး။မလွတ်လပ်ကြတော့လွတ်လပ်ရေးနေ့ဆိုတာတောင်မေ့နေကြပြီ။လွတ်လပ်ရေးနေ့အခမ်းအနားရပ်ကွက်ထဲမှာလုံးဝမရှိဘူး၊လွတ်လပ်ရေးနေ့မှန်းတောင်မသိဘူး၊ ကိုယ်တိုင်လည်းမလွတ်လပ်ဘူး။ဒီနေ့လွတ်လပ်ရေးနေ့ဆိုတာသိတောင်သိကြရဲ့လားမသိဘူး။...

Read more

ဇန်နဝါရီ ၀၃၊ ၂၀၂၂။ (တနင်္လာ)

နှစ်စမှာလက်ရှိဆင်နွှဲနေတဲ့တော်လှန်ရေးအတွက်သုံးသပ်ချက်တွေ၊ခန့်မှန်းချက်တွေအမျိုးမျိုးထွက်ပေါ်လာတယ်။များသောအားဖြင့်တော့အကောင်းဘက်ကိုပြောထားကြတယ်။စစ်ကောင်စီကျဆုံးနေပြီဖြစ်ကြောင်း၊သိပ်မကြာတော့တဲ့ကာလမှာအောင်ပွဲရမှာဖြစ်ကြောင်းတွေပေါ့။NUGဒုသမ္မတကြီးကလဲထိုအချက်ကိုသူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာထည့်ပြောသွားတယ်။ကာကွယ်ရေးဝန်ကြီးကလဲတော်လှန်ရေးကိုနောက်တဆင့်မြှင့်ပြီးEAOတွေနဲ့ပေါင်းကာဗျူဟာကျကျတိုက်ခိုက်သွားမယ်တဲ့။နောက်ဆုံးဗေဒင်ဆရာတွေကအစဒီနှစ်ဧပြီမကျော်ဘူးလို့အကောင်းဘက်ပဲပြောထားကြတယ်။ကြားရတာအားတက်စရာကြီးပဲ။တကယ်ဖြစ်လာဖို့ကတော့မြေပြင်ကပြည်သူတွေပေါ်မှာပဲမူတည်တယ်။ဆက်လက်စောင့်ကြည့်ရမှာပေါ့။

Read more

ဇန်နဝါရီ ၀၂၊ ၂၀၂၂။ (တနင်္ဂနွေ)

ဒီနေ့မနက်ရန်ကုန်ဆင်ခြေဖုံးရွှေပြည်သာမြို့နယ်ဘက်မဂ်လာဆောင်ရှိလို့သွားရတယ်။ဖြစ်ချင်တော့ကွန်ပျူတာတက္ကသိုလ်နားမှာဗုံးပေါက်ထားလို့အစစ်အဆေးတွေနဲ့တိုးတယ်။လမ်းမကြီးတစ်ခုလုံးပိတ်နေတဲ့အထိစစ်နေတာဆိုပြန်လှည့်လို့လဲမရဘူး။ကိုယ့်ကားကိုလဲသေချာစစ်ပြီးဟိုမေးဒီမေးလျောက်မေးတယ်။ကားထဲမှာဘာအထုတ်မှမပါသွားလို့တော်သေးတယ်။နောက်တစ်ခုကံကောင်းသွားတာကဖုန်းတွေယူမစစ်တာပဲ။ဖုန်းထဲကdataတွေတွေ့သွားရင်တစ်ခါထဲပါသွားလောက်တယ်။ရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်အတန့်တစ်ခုပေါ့။ ရန်ကုန်မှာသွားလာရတာလဲမလွယ်ပါဘူး။အကြမ်းဖက်လက်ပါးစေတွေကနေရာတကာမှာစစ်ဆေးနေကြတော့ယာဉ်ကြောပိတ်ဆို့မှုတွေလဲရှိတယ်။အပြင်ထွက်ရင်ထွက်သလိုစိတ်ညစ်ညူးရတယ်။

Read more
Page 146 of 203 1 145 146 147 203

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist