LATEST STORIES

ဩဂုတ် ၃၀၊ ၂၀၂၂။ (အင်္ဂါ)

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည် ဦးရေ ၅,၀၀၀ ခန့်သည် ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေပြီး အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပြင်းထန်လာသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များသည် အလှူရှင်များ၏...

Read moreDetails

ဩဂုတ် ၂၉၊ ၂၀၂၂။ (တနင်္လာ)

အခုနောက်ပိုင်းဘဏ်တွေ၊ရွှေဆိုင်တွေဓားမြတိုက်ခံရမှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာပြီ။တချို့တလေကိုသာဖမ်းမိပေမယ့်အမှုအများစုကတရားခံမပေါ်ပဲလွတ်မြောက်သွားကြတယ်။စစ်ကောင်စီကတော့PDFတွေကိုအပစ်ပုံချပေမယ့်ကျူးလွန်သူအများစုဟာစစ်တပ်ကလက်သပ်မွေးထားတဲ့ပျူစောထီးအဖွဲ့ဝင်တွေသာဖြစ်တယ်။ရဲစခန်းသွားတိုင်လဲဘာမှမထူးဘူး။စခန်းမှုးကိုယ်တိုင်ကသူတို့ဒီလိုမျိုးအမှုတွေကိုမကိုယ်တွယ်တော့ပဲနိုင်ငံရေးအမှုတွေသာလိုက်နေရတဲ့လို့ပြောလိုက်တယ်။ တကယ်လဲစစ်ကောင်စီဟာပြည်သူတွေကိုမထင်ရင်မထင်သလိုဖမ်းတယ်။ဘာမှသက်သေရှာမရရင်တောင်အနည်းဆုံးတော့စစ်ကြောရေးမှာနှိပ်စက်ခံရတယ်။အပစ်မရှိရင်တော့ဒီအတိုင်းပြန်မလွှတ်ပေးဘူး။မိသားစုဆီကအနည်းဆုံးသိန်းဆယ်ဂဏန်းခန့်ငွေညစ်သေးတယ်။မပေးနိုင်ရင်နိုင်ငံရေးပုဒ်မတွေတသီကြီးတပ်ပြီးထောင်ထဲထည့်ပစ်တယ်။ရတဲ့ငွေကိုသူတို့အချင်းချင်းခွဲဝေစားသောက်ကြတယ်။ဒါကြောင့်မြို့ပေါ်ကရဲတွေ၊စစ်သားတွေဆိုအနေအစားချောင်ကြတယ်။ပြည်သူတွေကတော့အကြောင်းသိနေပြီဖြစ်တဲ့အတွက်သူတို့ကိုတွေ့ရင်ချီးထပ်တောင်ရွံ့ကြတယ်။

Read moreDetails

ဩဂုတ် ၂၈၊ ၂၀၂၂။ (တနင်္ဂနွေ)

တနိုင်ငံလုံးမှာစစ်ကောင်စီကမီးရှို့လို့ပျက်စီးသွားတဲ့အိမ်ခြေပေါင်းသုံးသောင်းကျော်သွားပြီ။စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင်အိမ်ခြေပေါင်းနှစ်သောင်းခန့်မီးရှို့ခံလိုက်ရတယ်။ပုလဲမြို့နယ်မှာ၂၄၀၀ကျော်နဲ့အများဆုံးပဲ။ရွာတွေလဲတော်တော်ကုန်နေပြီ။စစ်ကိုင်းတိုင်းထဲမှာခရီးသွားကြည့်ရင်ကားလမ်းမတလျောက်ပျက်စီးနေတဲ့ရွာပေါင်းများစွာကိုတွေ့ရလိမ့်မယ်။ စစ်ကောင်စီဟာရွာတွေကိုမီးရှို့ပစ်ရုံမကသေးပဲစစ်ကိုင်းနဲ့မကွေးတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုအလုပ်ထုတ်ပစ်ဖို့၊အလုပ်မခန့်ဖို့ပါဖိအားပေးနေတယ်။ရန်ကုန်ကတချို့အထည်ချုပ်စက်ရုံတွေမှာစစ်ကိုင်းနဲ့မကွေးတိုင်းသားအလုပ်သမားတွေကိုလျော်ကြေးတစုံတရာမပေးပဲအလုပ်ပစ်တဲ့ဖြစ်ရပ်တွေရှိလာနေတယ်။တရုတ်နိုင်ငံသားပိုင်စက်ရုံတွေကဒါမျိုးအများစုလုပ်နေကြတယ်။စစ်ကောင်စီနဲ့တရုတ်ကလက်ဝါးချင်းရိုက်ထားကြတာလေ။တော်လှန်ရေးဒီလိုတရားမဲ့အနိုင်ကျင့်မှုမျိုးကိုတစ်ခုခုအရေးယူသင့်တယ်။ဒါမှသူတို့တွေဆက်မလုပ်ရဲမှာလေ။အလုပ်ထုတ်ခံရတဲ့ဖြစ်ရပ်တွေဟာရန်ကုန်မှာအဓိကဖြစ်နေပြီးထိုဒေသခံမှတ်ပုံတင်ကိုင်ဆောင်သူတွေဧည့်စာရင်းတိုင်ဖို့ခက်ခဲနေတဲ့အခြေအနေအထိဖြစ်နေတယ်။

Read moreDetails

စစ်ကောင်စီတပ်က ကျောက်တန်းမြို့နယ်ကိုပါ ဆိုင်ကယ်စီးနင်ခွင့်ပိတ်

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်များပိတ်ပင်နေသော စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ ကျောက်တန်းမြို့နယ်အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရ သည်။ ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က မြို့နယ် အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို...

Read moreDetails

စစ်ကောင်စီ အသုံးတော်ခံ ကုလ အထူးသံတမန်

ရွေးကောက်ခံအစိုးရကို လွန်ခဲ့သောနှစ်က အာဏာသိမ်းခြင်းနှင့် အတိုက်အခံများကို ဆက်လက် သွေးချောင်းစီး ဖြိုခွဲခြင်းတို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းက တရားဝင် အသိအမှတ်ပြုမခံရသော မြန်မာစစ်ကောင်စီသည် ၎င်းတို့ တရားဝင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်ကို အသုံးချလိုက်သည်။ အထူးသံတမန် မစ္စ နိုလင်းဟေဇာသည်...

Read moreDetails

ဤခရီး နီးပြီလား

စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ အာဏာကို ရယူလိုတာဖြစ်ပါတယ်။ အာဏာလုရတဲ့ အဓိက အကြောင်းရင်းက တိုင်းပြည်ကြီးပွားရေးလဲမဟုတ်၊ ပြည်ပရန်ကြောင့်လဲ မဟုတ်ဘဲ တိုင်းပြည်ထဲက ပြည်သူတွေနဲ့ သယံဇာတတွေကို အမြတ်ထုတ်ကာ ချမ်းသာကြွယ်ဝ စည်းစိမ်ခံလိုတဲ့ အတွက် ဖြစ်ပါတယ်။ ဒီလိုမျိူး အချီကြီးကြံတဲ့အတွက်...

Read moreDetails

ဩဂုတ် ၂၇၊ ၂၀၂၂။ (စနေ)

ကရင်ပြည်နယ်ကမြဝတီဝေါလေလမ်းပေါ်ကသုံးထပ်ကွေ့ကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာနှစ်လနီးပါးရှိနေတဲ့အချိန်ထိရှေ့မတိုးနိုင်လို့တိုင်းမှုးအဆင့်ထိပါအပြောင်းအလဲလုပ်လိုက်တယ်။အခုရက်ပိုင်းကိုတပ်ရင်းခြောက်ရင်း၊လေကြောင်းတိုက်ခိုက်မှုတွေအပြင်အတွဲလိုက်ပစ်လို့ရတဲ့ဒုံးတွေပါသုံးပြီးအင်အားအဆမတန်နဲ့ထိုးစစ်ဆင်တာကြောင့်KNUဖက်ကဆုတ်ခွာပေးလိုက်ရတယ်။စစ်တပ်ဟာဘယ်လောက်ပဲစစ်သားအရေအတွက်ဆုံးရှံးမှုများနေပါစေ၊တော်လှန်ရေးတပ်ဖွဲ့တွေထပ်လက်နက်အင်အားအဆမတန်အားသာနေတာကတော့မြေပြင်ကလက်ရှိအမှန်တရားပဲ။ဥကရစ်ထစခန်းသိမ်းတိုက်ပွဲနဲ့အခုသုံးထပ်ကွေ့တိုက်ပွဲတွေကသက်သေပဲ။ ရခိုင်ပြည်နယ်မှာတော့တိုက်ပွဲတွေဟာခန့်မှန်းထားတဲ့အတိုင်းပြည်နယ်အလယ်ပိုင်းမြောက်ဦးမြို့နဲ့တောင်ပိုင်းတောင်ဂုတ်မြို့တွေအထိပြန့်နှံလာပြီ။မြောက်ဦးမြို့မှာဆိုစစ်သူပုန်တွေဟာတိုက်ပွဲနဲ့မဆိုင်ပဲရွာထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင်းပြည်သူတွေသေဆုံးမှုရှိလာတယ်။မြောက်ပိုင်းမှာလဲစစ်ကောင်စီတပ်စခန်းတွေနေ့စဉ်နဲ့အမျှတိုက်ခိုက်ခံနေရပြီးလက်နက်ရိက္ခာဖြတ်တောက်ခံနေရလို့နယ်စပ်ကစခန်းအတော်များများကိုစစ်တပ်ကလက်လွတ်လိုက်ရတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုဟာလဲရခိုင်မှာဒီတလအတွင်းတပ်ရင်းတရင်းစာလောက်ရှိလာပြီ။ စစ်ကောင်စီဟာကရင်မှာထိုးစစ်ဆင်နေပေမယ့်ရခိုင်မှာတော့ခံစစ်ပြင်နေရတယ်။

Read moreDetails

ဩဂုတ် ၂၆၊ ၂၀၂၂။ (သောကြာ)

စစ်ကောင်စီရင်ဆိုင်နေရတဲ့ICJအမှုမှာဗြိတိန်ကပူးပေါင်းပါဝင်မယ်လို့ပြောလိုက်တယ်။မင်းအောင်လှိုင်သားပိုင်ဆိုင်တဲ့ကုမ္မဏီတွေကိုဒဏ်ခတ်အရေးယူလိုက်ပြီ။အဲ့ဒီနောက်တော့စစ်ကောင်စီကပြည်တွင်းမှာတရားဝင်နေထိုင်နေတဲ့ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းကိုဖမ်းဆီးလိုက်တယ်။မင်းအောင်လှိုင်ကတော့လူမိုက်ဆန်ဆန်ဓားစာခံဖမ်းနေပြီ။ မနှစ်ကလဲအမေရိကန်နိုင်ငံသားFrontier Myanmar သတင်းအယ်ဒီတာကို ဖမ်းပြီး ထောင် ( ၁၁ ) နှစ်ချပစ်ခဲ့တယ်။ သိပ်မကြာပါဘူး၊ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ပလဲပနံ့သင့်ခဲ့တဲ့သူလာပြီး ညှိနှိုင်းခေါ်ထုတ်သွားခဲ့တာတယ်။ဂျပန်သတင်းထောက်ကို ဖမ်းတယ်၊ ထောင်ထဲထည့်တယ် ၊ ဂျပန်အစိုးရကို လာညှိခိုင်းတယ်။ ဘယ်လိုညှိလိုက်တယ် မသိဘူး။...

Read moreDetails

ဩဂုတ် ၂၅၊ ၂၀၂၂။ (ကြာသပတေး)

မနှစ်ကမိုးအကုန်ကစပြီးစစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုစစ်ဆင်ရေးကြီးတွေပြုလုပ်ပြီးအကြိမ်ကြိမ်စစ်ကြောင်းထိုးကာတော်လှန်ရေးအဖွဲ့တွေကိုနှိမ်နှင်းဖို့စတင်ကြိုးစားခဲ့တယ်။တစ်နှစ်မပြည့်မှီအခုနှစ်မိုးမကုန်ခင်မှာတော့စစ်ကိုင်းတိုင်းမှာစစ်ကောင်စီဟာမြေပြင်ကနေစစ်ကြောင်းမထိုးနိုင်တော့ဘူး။ထိုးလို့လဲမရတော့ဘူး။စစ်ကိုင်းတိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေဟာအရင်ကထက်ပိုပြီးအားကောင်းလာတယ်။လက်နက်လဲအတော်အသင့်ပြည့်စုံလာတယ်။အရင်လိုလက်လုပ်တလုံးထိုးသေနတ်တွေနဲ့မဟုတ်တော့ပဲမောင်းပြန်တွေကိုင်လာနိုင်ပြီလေ။လက်နက်ကြီးတွေလဲထုတ်လုပ်လာနိုင်ပြီ။ စစ်ကောင်စီဖက်မှာတော့မြေပြင်ကနေစစ်ကြောင်းထိုးဖို့အရင်လိုလူအင်အားများများမသုံးနိုင်တော့ဘူး။တနိုင်ငံလုံးမှာတပ်တွေဖြန့်ထားရတဲ့အပြင်ပြုန်းတီးအင်အားကလဲများလာပြီ။အရင်ကစစ်ကြောင်းတစ်ခုထိုးရင်အင်အားနှစ်ရာနဲ့သုံးရာကြားသုံးနိုင်ပေမယ့်အခုတော့အင်အားတစ်ရာခန့်သာသုံးနိုင်တော့တယ်။ဟိုနေ့ကကသာဖက်မှာပြုတ်သွားတဲ့စစ်သူပုန်စစ်ကြောင်းဆိုအင်အားခြောက်ဆယ်ခန့်သာရှိတော့တယ်။ဒါတောင်စစ်ကိုင်းတိုင်းမှာစစ်တပ်လက်ကိုင်တုတ်အရပ်သားပျူစောထီးတွေကိုသုံးနေလို့ခံသာနေတာပါ။ ဒါကြောင့်စစ်ကောင်စီဟာစစ်ကိုင်းတိုင်းမှာဗျုဟာအသစ်ပြောင်းသုံးလာတယ်။မြေပြင်ကနေမသွားတော့ပဲလေကြောင်းကရဟတ်ယာဉ်လေးစီးလောက်နဲ့စစ်ကြောင်းထိုးချင်တဲ့နေရာကလာချတယ်။အလစ်အငိုက်ဖြစ်တဲ့အတွက်PDFတွေရောပြည်သူတွေရောပြင်ဆင်ချိန်မရတော့ဘူး။ပြီးရင်ထိုဒေသမှာလုယက်၊လူသတ်၊မီးရှို့ပြီးရဟတ်ယာဉ်နဲ့ပဲပြန်ခေါ်သွားတယ်။ ထိုဗျူဟာကိုတန်ပြန်ဖို့ကNUGဟိုတလောကပြောထားတဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေစစ်ကိုင်းတိုင်းထဲကိုမြန်မြန်ရောက်လာဖို့လိုတယ်။လေကြောင်းကနေစစ်သူပုန်တွေကိုသယ်ယူပို့ဆောင်ပေးနေတဲ့ရဟတ်ယာဉ်တွေကိုပစ်ချနိုင်ရင်စစ်ကောင်စီအတွက်အတော်အကျပ်ရိုက်သွားမယ်။လွတ်မြောက်နယ်မြေတွေပါပေါ်ထွက်လာနိုင်တယ်။ဒါပေမယ့်သတိထားစရာတစ်ခုတော့ရှိတယ်။စစ်ကောင်စီဟာနယ်မြေတစ်ခုကိုလုံးဝလက်လွတ်လိုက်ရပြီဆိုရင်ထိုနယ်မြေကိုဘာမှမကျန်အောင်ဖျက်စီးလေ့ရှိတယ်။ထိုလွတ်မြောက်နယ်မြေတွေကိုမြေပြင်ကရောရဟတ်ယာဉ်နဲ့ပါစစ်ကြောင်းထိုးလို့မရဘူးဆိုရင်တိုက်လေယာဉ်တွေနဲ့အမှုန့်ချေလိမ့်မယ်။ဒီနှစ်မကုန်ခင်မှာပဲစစ်ကောင်စီကထိုသို့သောအကြမ်းဖက်မှုတွေလုပ်လာနိုင်တယ်။အဲ့ဒီအတွက်အခုကတည်းကတစ်ခုခုကြိုတင်ပြင်ဆင်ထားသင့်တယ်။

Read moreDetails

ဩဂုတ် ၂၄၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မနေ့ကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားပြီးစစ်သူပုန်တွေအထိနာခဲ့တဲ့ကျွန်းလှနယ်ကိုညပိုင်းမှာစစ်တပ်ကတိုက်လေယာဉ်တွေနဲ့လာရောက်ဗုံးကြဲသွားတယ်။စစ်သူပုန်တွေရမ်းသမ်းဗုံးကြဲလို့မြေပြင်ကကလေးတစ်ယောက်နဲ့ကိုယ်ဝန်ဆောင်မိခင်အပါအဝင်အပါအဝင်အပြစ်မဲ့ပြည်သူသုံးဦးပွဲချင်းပြီးသေဆုံးသွားတယ်။ထိုနေရာကိုစစ်တပ်ကတည့်ဆည်ကစစ်သားတွေကိုရဟတ်ယာဉ်နဲ့ချက်ချင်းရွှေ့ပြောင်းပြီးစစ်ကူပေးထားတယ်။တည့်ဆည်မှာလဲစစ်သူပုန်တွေကပြည်သူခြောက်ဆယ်ကျော်ကိုဓားစာခံအဖြစ်ဖမ်းထားသေးတယ်။အခုသူတို့ကျွန်းလှဖက်ကိုရွှေ့ရတော့ဓားစားခံပြည်သူတွေလွတ်မြောက်သွားတာပေါ့။ ယင်းမာပင်ဘက်မှာလဲရင်ပေါင်တိုင်ရွာဖြစ်စဉ်တုန်းကရဟတ်ယာဉ်နဲ့လာချသွားတဲ့စစ်သူပုန်အင်အားနှစ်ရာခန့်ဟာရွာစဉ်လှည့်ပြီးသောင်းကျန်းနေတယ်။အိမ်ခြေရှစ်ရာလောက်ရှိတဲ့ရွာကြီးတစ်ရွာဖြစ်တဲ့ကပိုင်ရွာမှာအိမ်နှစ်ရာခန့်နဲ့အခြားရွာတွေအပါအဝင်စုစုပေါင်းအိမ်ခြေငါးရာခန့်မီးရှို့ခံလိုက်ရတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်နေပေမယ့်ယင်းမာပင်နယ်ကကျွန်းလှနယ်လောက်လက်နက်အင်အားမပြည့်စုံလို့ထိရောက်မှုသိပ်မရှိလှဘူး။

Read moreDetails
Page 145 of 235 1 144 145 146 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist